အီဒါးနီမြို့

ဝီကီပီးဒီးယား မှ

အေဒီယာနိုပယ်မြို့သည် တူရကီ နိုင်ငံ၊ အစ္စတန်ဗူမြို့၏ အနောက်မြောက် မိုင် ၁၃ဝ အကွာတွင် တည်ရှိသည်။ ယခုအခါ ထိုမြို့ကို အီဒါးနီမြို့ဟုခေါ်တွင်၍ လူဦးရေ ၃ဝ,၈၆၅ ယောက် နေထိုင်သည်။ ထိုမြို့အမည်သည် ရောမဧကရာဇ် ဟယ်ဒြီယန် (အေဒီ ၁၁၇-၁၃၈) ကိုအစွဲပြု၍ မှည့်ခေါ်သော အမည်ဖြစ်သည်။

ရှေးအခါက အေဒီယာနိုပယ်မြို့သည် စစ်ရေးစစ်ရာ အတွက် အနေအထားကောင်းသောကြောင့် ဗော်လကန်နိုင်ငံများ နှင့်ဆိုင်သောသမိုင်းတွင် ထင်ရှားသောမြို့ဖြစ်သည်။ မြို့အနီး၌ လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း ထင်ရှားသောစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ အေဒီ ၃၇၈ ခုနှစ်တွင် ဗီစီဂေါ့သလူမျိုးတို့ သည် ထိုမြို့အနီး၌ ရောမဧကရာဇ်ဗေးလင့်ကို တိုက်ခိုက် အောင်မြင်ခဲ့သည်မှ အစပြု၍ ရောမအင်ပိုင်ယာနိုင်ငြံကီးလည်း စတင်ယိုယွင်း ကျဆင်းလာခဲ့လေသည်။ ၁၃၆ဝ ပြည့်နှစ်တွင် တူရကီတို့က အေဒီယာနိုပယ်မြို့ကို သိမ်းယူရာ နှစ်ပေါင်း တစ်ရာနီးပါးမျှ မြို့တော်အဖြစ်တည်ရှိခဲ့သည်၊ မြို့အမည်ကို လည်း အီဒါးနီမြို့ဟူ၍ ပြောင်းခေါ်ခဲ့ကြသည်။

တစ်ဆယ့်ကိုးရာစုနှစ်တွင် ဖြစ်ပွားသော ရုရှနှင့်တူရကီ တို့၏ စစ်ပွဲများအတွင်းက ရုရှတို့သည် ထိုမြို့ကို နှစ်ကြိမ်မျှ သိမ်းပိုက်မိခဲ့ကြသည်။ တစ်ဖန် ၁၉၁၃ ခုနှစ်တွင် ဘူလဂေးရီး ယားနိုင်ငံက ထိုမြို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်။ သို့ရာတွင် စစ်ပြေငြိမ်းရေးစာချုပ်အရ တူရကီတို့၏လက်သို့ ပြန်၍ပေးအပ် ရသည်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၈) ပြီးဆုံးသောအခါ ဂရိ တို့က အီဒါးနီမြို့ကို ရရှိလေသည်။ ထို့နောက် ၁၉၂ဝ-၁၉၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဂရိနှင့်တူရကီတို့စစ်ပွဲ၌ ဂရိတို့အရေး နိမ့်သဖြင့် အီဒါးနီမြို့ကို တူရကီသို့ ပြန်၍ပေးအပ်ခဲ့ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)