အိုရိုင်းယွန်း ကြယ်တာရာ အစုအဝေး
Wikipedia မှ
အိုရိုင်းယွန်းကြယ်တာရာ အစုအဝေးကို မြန်မာလူမျိုးတို့က လိပ်တာရာ ဟု ခေါ်ဝေါ်လေ့ရှိကြပြီး နိုင်ငံတကာတွင် မုဆိုးကြယ်အစုအဝေးဟု ခေါ်ဆိုလေ့ ရှိကြသည်။ အီကွေတာ၏ အထက်ရှိ ကောင်းကင်တွင် တည်ရှိပြီး တကမ္ဘာလုံးမှ မြင်နိုင်သည်။ အိုရိုင်းယွန်း ကြယ်တာရာ အစုအဝေးသည် ကောင်းကင်တွင် အလွန်ထင်ရှားပြီး အလွယ်တကူ မြင်နိုင်သော ကြယ်တာရာ အစုအဝေးပင် ဖြစ်သည်။ အိုရိုင်းယွန်း ဆိုသော အမည်မှာ ဂရိ ဒဏ္ဍာရီတွင်းမှ မုဆိုးတစ်ဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။