အိုင်ဖုန်း (ပထမ မျိုးဆက်)

ဝီကီပီးဒီးယား မှ
iPhone
ဆော့ဝဲလ်ရေးသားသူApple Inc.
ထုတ်လုပ်သူFoxconn (contract manufacturer)[၁]
ဆောင်ပုဒ်"This is only the beginning."
"Apple reinvents the phone."
Generation1st
မော်ဒယ်A1203[၂]
ပထမဆုံး ဖြန့်ချီခြင်းဇွန် ၂၉၊ ၂၀၀၇; ၁၆ နှစ် အကြာက (၂၀၀၇-၀၆-29)
ရပ်နားခြင်းဇူလိုင် ၁၅၊ ၂၀၀၈ (၂၀၀၈-၀၇-၁၅)
ရောင်းချရသည့် အရေအတွက်6.1 million
နောက်ထွက်အိုင်ဖုန်း ၃ဂျီ
ဆက်စပ်iPad, iPod Touch (comparison)
အမျိုးအစားSmartphone
Form factorSlate
အတိုင်းအတာ၁၁၅ mm (၄.၅ in) H
၆၁ mm (၂.၄ in) W
၁၁.၆ mm (၀.၄၆ in) D
အလေးချိန်၁၃၅ g (၄.၈ oz)
မောင်းနှင်စနစ်Original: iPhone OS 1.0
Current: iPhone OS 3.1.3
Released ဖေဖော်ဝါရီ ၂၊ ၂၀၁၀; ၁၄ နှစ် အကြာက (၂၀၁၀-၀၂-02)
စီပီယူSamsung 32-bit RISC ARM 1176JZ(F)-S v1.0[၃] 620 MHz
Underclocked to 412 MHz[၄]
မှတ်ဉာဏ်စွမ်းအား128 MB eDRAM[၅]
သိုမှီးနိုင်မှု4, 8 or 16 GB flash memory
ဘက်ထရီBuilt-in rechargeable Li-ion battery[၆] 3.7 V 1400 mAh
Data inputsMulti-touch touchscreen display
3-axis accelerometer
Proximity sensor
Ambient light sensor
Microphone
Headset controls
ဖန်သားပြင်3.5-inch screen (diagonally)
320×480 pixel resolution at 163 ppi
2:3 aspect ratio
18-bit (262,144-color) LCD
အနောက် ကင်မရာ2.0 MP with geotagging
အသံSingle loudspeaker
TRRS headphone jack, 20 Hz to 20 kHz frequency response (internal, headset)
Microphone
ချိတ်ဆက်နိုင်မှုQuad-band GSM/GPRS/EDGE
(850, 900, 1800, 1900 MHz)
Wi-Fi (802.11 b/g)
Bluetooth 2.0
USB 2.0/Dock connector[၇] Online: App Store, iTunes Store, MobileMe, Safari (web browser)
ဝက်ဘ်ဆိုဒ်apple.com/iphone

အိုင်ဖုန်း (ပထမ မျိုးဆက်) သည် အက်ပဲကုမ္ပဏီ မှ ဒီဇိုင်းထုတ်၍ ရောင်းချသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။ ကောလဟာလ များစွာထွက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပထမဦးဆုံး အိုင်ဖုန်းမျိုးဆက်ကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၌ စတင်ရောင်းချခဲ့သည်။ GSM အမျိုးအစားဖြစ်ပြီး အင်တာနက်ကို GPRS နှင့် EDGE တို့ဖြင့် အသုံးပြုနိုင်သည်။

၂၀၀၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် အိုင်ဖုန်း ဒုတိယမျိုးဆက် အိုင်ဖုန်း ၃ဂျီ ကို မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း (ပထမ မျိုးဆက်)သည် ယခုအချိန်၌ အိုင်ဖုန်းလည်ပတ်မှုစနစ် (ယခု အိုင်အိုအက်စ်) ၃.၁.၃ နောက်ပိုင်းမှာ အဆင့်မြှင့်တင်နိုင်တော့မည် မဟုတ်ပေ။

၂၀၁၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် အိုင်ဖုန်း (ပထမ မျိုးဆက်)များကို အက်ပဲလ် လက်လီအရောင်းဆိုင်များအပါအဝင် တခြားသော နိုင်ငံများမှာပါ ခေတ်မရှိတော့ ဟု သတ်မှတ်ခံခဲ့ရသည်။ အက်ပဲလ်သည် ခေတ်မရှိတော့သော ပစ္စည်းများကို ပြင်ဆင်ခြင်း၊ အစားထိုးခြင်း စသည့် ဝန်ဆောင်မှုတွေကို မပေးတော့ပေ။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် အက်ပဲ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ စတိဗ်ဂျော့စ်သည် မျက်နှာပြင်ပေါ်တွင် စာရိုက်နိုင်ရန် ထိတွေ့မှု မျက်နှာပြင်ပါဝင်သော ဖုန်းတစ်လုံးကို ထုတ်လုပ်ရန် အကြံရခဲ့သည်။ အဓိကမှာ လက်ရှိ ဈေးကွက်ထဲတွင်ရှိသော ဖုန်းများတွင် ပါဝင်နေသည့် လက်နှိပ်ခုံ ကို ဖြုတ်ရန်ဖြစ်သည်။ စတိဗ်ဂျော့စ်သည် သူ၏ အကြံဉာဏ်ကို အကောင်အထည်ဖော်ရန်အတွက် အက်ပဲလ် အင်ဂျင်နီယာများကို စုစည်းကာ အဖွဲ့တစ်ခုဖွဲ့ပြီး စီမံကိန်း စတင်ခဲ့သည်။ နမူနာပုံစံ နှင့် အသုံးပြုနိုင်စွမ်း တို့ကိုကြည့်ရှုပြီးနောက် နောက်တစ်ဆင့်အဖြစ် မိုဘိုင်းဖုန်းထဲသို့ အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည်။ အဆိုပါ စီမံကိန်းကြီးကို ခရမ်းရောင် (၂) စီမံကိန်းဟု ခေါ်တွင်ကာ ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သည်။

အက်ပဲလ်သည် အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ AT&T နှင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်း ကုန်ကျစရိတ်ငွေမှာ လပေါင်း ၃၀ အတွင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၅၀ အထိ ကုန်ကျခဲ့သည်။ အက်ပဲလ်ဟာ မိုတိုရိုလာ နှင့် ပူးပေါင်းပြီး ထွက်ရှိလာခဲ့တဲ့ ဒီဇိုင်းကို ငြင်းပယ်ခဲ့သည်။ နောင်တွင် AT&T ကုမ္ပဏီဟာ အိုင်ဖုန်းရဲ့ အစိတ်အပိုင်းများနှင့် ဆော့ဝဲလ်များကို ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်ရန်အတွက် ခွင့်ပေးခဲ့သည်။

အိုင်ဖုန်း (ပထမ မျိုးဆက်) ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတိဗ်ဂျော့စ် ကိုယ်တိုင် မိတ်ဆက်ခဲ့သည်။ မိတ်ဆက်ပွဲတွင် စတိဗ်ဂျော့စ် က "ဒီအချိန်ကို ရောက်ဖို့ ၂ နှစ်ခွဲ ခန့် ကြိုးစားခဲ့ရပါတယ်။ ဒီကနေ့မှာတော့ အက်ပဲလ်ဟာ ဖုန်းကို တစ်ဖန် ဆန်းသစ်ခဲ့ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။ "အိုင်ဖုန်းဟာ မျက်နှာပြင်ကျယ်နှင့်အိုင်ပေါ့၊ ဆန်းသစ်တီထွန်ထားသော ဖုန်း၊ အင်တာနက်ကြည့်ရန် ပစ္စည်း စသည့် ပစ္စည်း(၃) မျိုးကို ပေါင်းစပ်ထားတာပါ" လို့လည်း ပြောကြားခဲ့သည်။

ရောင်းချခြင်း[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အိုင်ဖုန်း (ပထမ မျိုးဆက်) ကို အမေရိကန်ပြည်ထောင်စု တွင် စတင်ရောင်းချခဲ့သည်။ စတင်ရောင်းချရက် မတိုင်မှီကပင် ဆိုင်အပြင်၌ လူထောင်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြသည်ဟု သတင်းများက ဆိုသည်။ ၁ နာရီအတွင်း ဆိုင်တော်တော်များများမှာ ပစ္စည်းများ ကုန်ခဲ့သည်။ လုံခြုံရေးဝန်ထမ်းများကိုလည်း နေ့ဆိုင်း၊ ညဆိုင်းဖြင့် အလှည့်ကျ ငှားရမ်းခဲ့သည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှာတော့ အင်္ဂလန်ပြင်သစ်ဂျာမနီပေါ်တူဂီအိုင်ယာလန် နှင့် ဩစတြီးယားနိုင်ငံတို့ကို ချဲ့ထွင်ဖြန့်ချိခဲ့သည်။

စစ်တမ်းကောက်ယူမှုများအရ အမေရိကန်လူမျိုး ၁၀ ယောက်မှာ ၆ ယောက်ဟာ အိုင်ဖုန်းထွက်ရှိမယ် လို့ သိရှိကြသည်။

အသက် (၁၇) နှစ်အရွယ် George Hotz ဟာ သူရဲ့ ပထမဦးဆုံး လော့မချထားတဲ့ အိုင်ဖုန်း ကို ရောင်းချခဲ့ပြီးနောက် လော့ချထားသည့် အိုင်ဖုန်း (၃) လုံး နှင့် နီဆန်း ၃၅၀ဇက် ကားတို့ကို ပြန်လည်ဝယ်ယူခဲ့သည်။

ရောင်းချပြီးနောက်[ပြင်ဆင်ရန်]

အိုင်ဖုန်း (ပထမ မျိုးဆက်) ရောင်းချပြီး နောက်ပိုင်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာတော့ မိုဘိုင်းကွန်ရက်ကို ချိတ်ဆက်ပြီး အသုံးမပြုနိုင်တဲ့ ထိတွေ့ မျက်နှာပြင်နှင့် အိုင်ပေါ့တက်ချ် ကို မိတ်ဆက်ခဲ့သည်။ အဲ့ဒီအချိန်မှာပဲ အိုင်ဖုန်း ၈ဂစ် ရဲ့ ဈေးကို ၅၉၉ ဒေါ်လာမှ ၃၉၉ ဒေါ်လာထိ ချပေးခဲ့ပြီး ၄ဂစ် အမျိုးအစားရောင်းချမှုကိုတော့ ရပ်ဆိုင်းခဲ့သည်။ ဈေးလျော့ပြီး ၅ ရက်အကြာ (သို့မဟုတ်) အိုင်ဖုန်း ထွက်ရှိပြီး ၇၄ ရက် အကြာမှာတော့ အိုင်ဖုန်းအလုံးရေ ၁၀ သိန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးချတဲ့အတွက် စိတ်ပျက်မိကြောင်း အီးမေးလ် ရာပေါင်းများစွာ လက်ခံပြီးနောက်ပိုင်းမှာတော့ အက်ပဲလ်ဟာ စောစောလာရောက်ဝယ်ယူသူများကို လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ၁၆ဂစ် အမျိုးအစားကို စတင်ရောင်းချခဲ့သည်။ မတ်လ ၆ ရက်နေ့မှာတော့ ပရိုဂရမ်ရေးသားသူများကို အိုင်ဖုန်းအက်ပလီကေးရှင်းများ စတင်ရေးသားနိုင်ရန်အတွက် SDK ကိုစတင်ဖြန့်ဖြူးခဲ့သည်။ ပရိုဂရမ်ရေးသားသူများမှာ ၎င်းတို့ရေးသားထားသော အက်ပလီကေးရှင်းများကို အိုင်ဖုန်းအိုအက် ၂.၀ အဆင့်မြှင့်တင်သည့်အခါ အိုင်ဖုန်းများတွင် အသုံးပြုနိုင်မှာ ဖြစ်သည်။ အိုင်ဖုန်း (ပထမ မျိုးဆက်) ဟာ နောက်မျိုးဆက် အိုင်ဖုန်း ၃ဂျီ ထွက်ရှိလာတဲ့အချိန်မှာ ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်သည်။ အိုင်ဖုန်း (ပထမ မျိုးဆက်)ကို အလုံးရေစုစုပေါင်း ၆ ၁၂၄ ၀၀၀ ရောင်းချနိုင်ခဲ့သည်။

အသုံးပြုသူ တော်တော်များများဟာ အိုင်ဖုန်းဟု ရိုးရှင်းစွာခေါ်ဆိုခဲ့ပေမယ့် ၂၀၁၀ ဇွန်လိုင်လ မိတ်ဆက်ပွဲမှာတော့ မူလ လက်ဟောင်း အိုင်ဖုန်းလို့ အမည်နာမ တွင်ခဲ့ပါတယ်။

ဆော့ဝဲလ်[ပြင်ဆင်ရန်]

စတင်မိတ်ဆက်ပွဲမှာ အိုင်ဖုန်းကို "OS X" ဖြင့်လည်ပတ်မည်ဟု မိတ်ဆက်ခဲ့သည်။ သို့သော် အဆိုပါ လည်ပတ်မှု စနစ်ကို ပရိုဂရမ်ရေးသားသူများအတွက် SDK ထုတ်ပေးချိန်တွင် အိုင်ဖုန်း လည်ပတ်မှုစနစ် ဟု ခေါ်တွင်ခဲ့သည်။ အိုင်ဖုန်း (ပထမ မျိုးဆက်) တွင် အိုင်ဖုန်းလည်ပတ်မှုစနစ် ၁.၀ မှ ၃.၀ အထိ ထောက်ပံ့မှု ရရှိသည်။

ဆော့ဝဲလ်သမိုင်း[ပြင်ဆင်ရန်]

အိုင်ဖုန်း (ပထမ မျိုးဆက်) တွင်ပါဝင်သော လည်ပတ်မှုစနစ်သည် အိုင်ဖုန်း လည်ပတ်မှုစနစ် (iPhone OS) ၁.၀ ဖြစ်သည်။ စတင်မိတ်ဆက်စဉ်က OS X အဖြစ် မိတ်ဆက်ခဲ့ပြီး အသံစာပို့စနစ်၊ လက်ချောင်းများစွာ ထိတွေ့မှု၊ လက်ဟန်၊ HTML မေးလ်၊ ဝဘ်ကြည့်ရှုမှု၊ ယူကျူ့ စသည့်လုပ်ဆောင်ချက်များပါဝင်သည်။ သို့သော် စာတို ကူးယူနိုင်မှု (Copy Paste) မလုပ်နိုင်သေးချေ။ အချို့သော ကွန်ပျူတာကျွမ်းကျင်သူ (Hacker) များက အိုင်ဖုန်းများကို ဖောက်ထွင်းခြင်း (Jailbraking) ပြုလုပ်ကာ အဆိုပါ မရနိုင်သော လုပ်ဆောင်ချက်များကို ထည့်သွင်းခဲ့သည်။ နောက်ပိုင်း လည်ပတ်မှုစနစ် အဆင့်မြှင့်တင်မှုများတွင် တဖြည်းဖြည်း ထည့်သွင်းလာခဲ့သည်။

အိုင်ဖုန်း လည်ပတ်မှုစနစ် ၂ ကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် အိုင်ဖုန်း ၃ဂျီ နှင့်အတူ ဖြန့်ဝေခဲ့သည်။ လည်ပတ်မှု စနစ် ၂ တွင် တခြားသော ပရိုဂရမ်မာများ ရေးသားထားသော အက်ပလီကေးရှင်းများ၊ မိုက်ခရိုဆော့ အိတ်ချိန်း ထောက်ပံ့မှုနှင့် တခြားသော လုပ်ဆောင်ချက်များ ပါဝင်ခဲ့သည်။

အိုင်ဖုန်း လည်ပတ်မှုစနစ် ၃ ကို ၂၀၀၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် အဆင့်မြှင့်တင်ခွင့် ပေးခဲ့သည်။ စာကူးယူနိုင်မှု (Copy Paste) ၊ အလွယ်တူ ရှာဖွေနိုင်မှု (Spotlight Search) နှင့် ယူကျူ့ လုပ်ဆောင်ချက်အသစ်တို့ပါဝင်ခဲ့သည်။ အိုင်ဖုန်း (ပထမ မျိုးဆက်) တွင် အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သော်လည်း အချို့သော လုပ်ဆောင်ချက်များ မလုပ်ဆောင်နိုင်ပါ။

အိုင်ဖုန်း လည်ပတ်မှုစနစ် ၃.၁.၃ သည် အိုင်ဖုန်း (ပထမ မျိုးဆက်) အတွက် နောက်ဆုံးအဆင့်မြှင့်တင်မှု ဖြစ်သည်။

တုံ့ပြန်ချက်များ[ပြင်ဆင်ရန်]

The New York Time သတင်းစာ နှင့် The Wall Street ဂျာနယ်တို့က အိုင်ဖုန်း (ပထမ မျိုးဆက်) အပေါ် အကောင်းဘက်မှာ ဝေဖန်မှုများပြုလုပ်ခဲ့သည်။ AT&T မှာ ၂.၅ဂျီ EDGE ကွန်ရက်မှာ အင်တာနက် အလွန်နှေးကြောင်း နှင့် ၃ဂျီအသုံးပြု၍ မရနိုင်ကြောင်း တုံ့ပြန်ခဲ့ကြသည်။ The Wall Street ဂျာနယ်မှလည်း အချို့သော လုပ်ဆောင်ချက်တွေကို ချန်ထားလိုက်လျင် အိုင်ဖုန်းဟာ လှပပြီး လက်ထဲတွင် ရှိသော ကွန်ပျူတာ တစ်လုံးဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ Time မဂ္ဂဇင်းကတော့ ၂၀၀၇ ခုနှစ်အတွက် ထူးခြားသော တီထွန်မှု တစ်ခုဟု မှတ်ချက်ပြုခဲ့သည်။

အိုင်ဖုန်း ထုတ်လုပ်မှု အချိန်မှတ်တမ်း[ပြင်ဆင်ရန်]

အိုင်ဖုန်းမော်ဒယ်များ၏ အချိန်မျဉ်း
iPhone SE (3rd generation)iPhone 13 ProiPhone 13iPhone 12 Pro MaxiPhone 12 ProiPhone 12iPhone 12 MiniiPhone SE (2nd generation)iPhone 11 ProiPhone 11iPhone XRiPhone XSiPhone XiPhone SE (1st generation)iPhone 8iPhone 7iPhone 6SiPhone 6iPhone 5SiPhone 5CiPhone 5iPhone 4SiPhone 4iPhone 3GSiPhone 3GiPhone (1st generation)

ရင်းမြစ်: Apple Newsroom Archive[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Dalrymple၊ Jim (July 28, 2009)။ iPhone manufacturer to pay family of dead worker။ CNET။ 4 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 6, 2010 တွင် ပြန်စစ်ပြီး။
  2. http://support.apple.com/kb/HT3939
  3. Patterson၊ Blake (July 7, 2008)။ Under the Hood: The iPhone’s Gaming Mettle။ touchArcade။ March 20, 2009 တွင် ပြန်စစ်ပြီး။
  4. Dilger၊ Daniel Eran (March 20, 2008)။ iPhone 2.0 SDK: Video Games to Rival Nintendo DS, Sony PSP။ RoughlyDrafted Magazine။ 6 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 12, 2009 တွင် ပြန်စစ်ပြီး။
  5. Apple (Samsung S5L8900) applications processor with eDRAM။ SUBM TechInsights။ 15 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 12, 2009 တွင် ပြန်စစ်ပြီး။
  6. iPod and iPhone Battery and Power Specifications။ iPodBatteryFAQ.com။ 7 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 12, 2009 တွင် ပြန်စစ်ပြီး။
  7. iPhone – Tech Specs။ Apple; Wayback machine (July 14, 2007)။ 14 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 19, 2009 တွင် ပြန်စစ်ပြီး။
  8. Apple Inc. (2007–2021). iPhone News - Newsroom Archive. Retrieved July 23, 2020.


New creation အိုင်ဖုန်း
အိုင်ဖုန်း ပထမ မျိုးဆက်
ဆက်ခံသူ
အိုင်ဖုန်း ၃ဂျီ