အိမ်မဲ ဒေါင်းပြာ

ဝီကီပီးဒီးယား မှ
အိမ်မဲဒေါင်းပြာ
မွေးဖွားမောင်အုန်းကြည်
၁၉၂၂
ထန်းလေးပင်ရွာအိမ်မဲမြို့နယ်မြောင်းမြခရိုင်
ကလောင်အမည်မြစ်ဝကျွန်းပေါ်သား မောင်ဗေဒါ
အလုပ်အကိုင်စာရေးဆရာ
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၁၉၉၀)

အိမ်မဲ ဒေါင်းပြာ သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ငယ်နာမည် မောင် အုန်းကြည် ဖြစ်ပြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ်ထန်းလေးပင်ရွာ၌ ၁၂၈၄ ခုတွင် ဖွားမြင်သည်။ အိမ်မဲမြို့ အင်္ဂလိပ်−မြန်မာ နေရှင်နယ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။

၁၉၄၅ ခုနှစ်တွင် မြောင်းမြမြို့၊ အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်သင်ယူခဲ့သည်။ ကျောင်းသားသမဂ္ဂသို့ ဝင်ကာ အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်ခဲ့သည်။ အုပ်ချုပ်သူအစိုးရအား တွန်းလှန်နိုင်စေရန် စစ်ပညာကို လျှို့ဝှက်စွာ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) တွင် တပ်သားအဖြစ် ဝင်ရောက်အမှုထမ်းရာ ဗိုလ်အဆင့်အထိ ရောက်ရှိခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဗမာ့မျိုးချစ်တပ်မတော် (P.B.F) အနေဖြင့် ဖက်ဆစ်ဂျပန်အား တော်လှန်နေချိန်တွင် ခရမ်းမြို့နယ် တော်လှန်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ကန္နီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းသောအခါ ဗမာ့လက်နက်ကိုင်တပ်ရင်း(၃) ၌ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဒေါ်သန်းမြ နှင့် လက်ထပ်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် အရာရှိအဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိ အမှုထမ်းခဲ့ရာ ဒု−တိုင်းမှူး၊ တပ်မဟာမှူး၊ ခေတ္တတိုင်းမှူး စသဖြင့် ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဘာသာပြန်အလုပ်ကို စတင်လုပ်ဆောင်သည်။ မြစ်ဝကျွန်းပေါ်သား မောင်ဗေဒါ အမည်ဖြင့် မဂ္ဂဇင်းတိုက်များသို့ စာမူပေးပို့သည်။ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မြန်မာများ၏ စွန့်စားဆောင်ရွက်ချက်များကို ဇာတ်လမ်းတည် ရေးသားခဲ့သည်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်သည့် မင်းလောင်းမင်းသန့် ဗန္ဓက၊ ဗိုလ်စံဖဲ ဆိုသူတို့အကြောင်းကို ရေးသားကာ မျိုးချစ်စိတ်နိုးကြားစေရန် လှုံ့ဆော်ပေးခဲ့သည်။

တော်လှန်ရေးကောင်စီလက်ထက်တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ဒေသအုပ်ချုပ်ရေးဌာန၌ ဒု−နယ်ခြားဒေသ အုပ်ချုပ်ရေးအရာရှိ နှင့် တွဲဖက်အတွင်းဝန် တာဝန်၊ ထို့နောက်တွင် မြန်မာနိုင်ငံရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒု−ဝန်ကြီး စသဖြင့် အမှုထမ်းခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ မြန်မာနိုင်ငံ မော်ကွန်းစိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည်။ ၎င်းနောက်တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် သတ်မှတ်ကာ လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံရသည်။

တပ်မတော်မှ အငြိမ်းစားယူပြီးနောက် ဝါသနာရင်းဖြစ်သော စာပေရေးသားခြင်းကို အာရုံစိုက်နိုင်လာသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်နှောင်းပိုင်း နယ်ချဲ့တို့၏ ကျူးကျော်ခံရမှု အစုစုတို့ကို ပြည်တွင်းပြည်ပကျမ်းစုံအား ကိုးကား၍ နောင်လာနောက်သားတို့ မျိုးချစ်စိတ်အမွေ ရစေရန်အလို့ငှာ ကြိုးစားပြုစုပေးနိုင်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် အမျိုးသားစာပေဆု သုတပဒေသာ (ဝိဇ္ဇာပညာရပ်) ကို တို့ဘိုးဘဘွား သူရဲကောင်းများ စာအုပ်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။

ရေးသားခဲ့သော ကဗျာများ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး ဖော်ပြသည့် မဂ္ဂဇင်း လ/နှစ်
ဇာတိချက်ကြွေ မွေးရပ်မြေ မြောင်းမြ ဒီ ၁၉၉၅
ဘဝကြမ္မာ ပန်းဗေဒါ ဧ ၂၀၀၄

ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုရှည်များ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး ဖော်ပြသည့် မဂ္ဂဇင်း လ/နှစ်
ချစ်ညွန့်ဘယ်ခါ မညှိုးပါ စစ်ပြန် ဇွန် ၁၉၈၄
ချစ်တီးအကြံနှင့် ချစ်သမီးဉာဏ် စစ်ပြန် နို ၁၉၈၃
ဗိုလ်လရောင် မြဝတီ ဇွန် ၁၉၉၁
ဗိုလ်လရောင်နှင့် မြို့တော်ဝန် မြဝတီ ဩ ၁၉၉၁
ဗိုလ်လရောင်နှင့် စလင်းမင်းသမီး၏ မြသဘက် (ပထမပိုင်း) မြဝတီ ဇူ ၁၉၉၂
ဗိုလ်လရောင်နှင့် စလင်းမင်းသမီး၏ မြသဘက် (ဒုတိယပိုင်း) မြဝတီ ဩ ၁၉၉၂
ဗိုလ်လရောင်နှင့် စလင်းမင်းသမီး၏ မြသဘက် (တတိယပိုင်း) မြဝတီ စက် ၁၉၉၂
ဗိုလ်လရောင်နှင့် စလင်းမင်းသမီး၏ မြသဘက် (စတုတ္ထပိုင်း) မြဝတီ အောက် ၁၉၉၂
ဗိုလ်လရောင်နှင့် ဗန္ဓုလ၏ ဂုဏ်ထူးဆောင်ရွှေစလွယ် (ပထမပိုင်း) မြဝတီ ဧ ၁၉၉၂
၁၀ ဗိုလ်လရောင်နှင့် ဗန္ဓုလ၏ ဂုဏ်ထူးဆောင်ရွှေစလွယ် (ဒုတိယပိုင်း) မြဝတီ မေ ၁၉၉၂
၁၁ ဗိုလ်လရောင်နှင့် ဗန္ဓုလ၏ ဂုဏ်ထူးဆောင်ရွှေစလွယ် (တတိယပိုင်း) မြဝတီ ဇွန် ၁၉၉၂
၁၂ ဗိုလ်လရောင်နှင့် သာယာဝတီမင်းသား၏ ကျောက်စီရွှေဓား (ပထမပိုင်း) မြဝတီ ဒီ ၁၉၉၂
၁၃ ဗိုလ်လရောင်နှင့် သာယာဝတီမင်းသား၏ ကျောက်စီရွှေဓား (ဒုတိယပိုင်း) မြဝတီ ဇန် ၁၉၉၃
၁၄ ဗိုလ်လရောင်နှင့် သာယာဝတီမင်းသား၏ ကျောက်စီရွှေဓား (တတိယပိုင်း) မြဝတီ ဖေ ၁၉၉၃
၁၅ ဗိုလ်လရောင်နှင့် သာယာဝတီမင်းသား၏ ကျောက်စီရွှေဓား (စတုတ္ထပိုင်း) မြဝတီ မတ် ၁၉၉၃
၁၆ ဗိုလ်လရောင်နှင့် သာယာဝတီမင်းသား၏ ကျောက်စီရွှေဓား (ပဉ္စမပိုင်း) မြဝတီ ဧ ၁၉၉၃
၁၇ ဗိုလ်လရောင်နှင့် သာယာဝတီမင်းသား၏ ကျောက်စီရွှေဓား (ဇာတ်သိမ်းပိုင်း) မြဝတီ မေ ၁၉၉၃

ရေးသားခဲ့သော ဝတ္ထုတိုများ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး ဖော်ပြသည့် မဂ္ဂဇင်း လ/ခုနှစ်
ချစ်ခြင်းငယ်ပြိုင် စစ်ပြန် အောက် ၁၉၈၅
စပျစ်သီးသည်ကလေး မြဝတီ ဩ ၁၉၈၁
တန်ခိုးအာဏာနဲ့ မေတ္တာလွန်ဆွဲတဲ့အခါ မြဝတီ ဧ ၁၉၉၁
ဗိုလ်လရောင်နှင့် ကောလိပ်ကျောင်းသားတစ်ဦး၏ အချစ်ပြဿနာ မြဝတီ မတ် ၁၉၉၂
ဗိုလ်လရောင်နှင့် လူခွန်တော်တိုက်ပွဲ မြဝတီ အောက် ၁၉၉၁
ဘုရားမှာ တစ်ခါကြုံ စစ်ပြန် မေ ၁၉၈၂
မေတ္တာပန်းတို့ လန်းသောအခါ စစ်ပြန် ဩ ၁၉၈၂
မေတ္တာပန်းပွင့်ချိန်တန်လျှင် စစ်ပြန် ဇန် ၁၉၈၂
ဥဩရယ် မတွန်ပါနဲ့ကွယ် စစ်ပြန် ဧ ၁၉၈၂

ကိုးကား[ပြင်ဆင်ရန်]

  1. စိုးစပယ် (၂၀၀၆)။ အိမ်မဲဒေါင်းပြာ စာစုစာရင်း။ ရန်ကုန်။