အားမေး
| A-Mei | |
| တရုတ်အမည် | 張惠妹 (Traditional) |
|---|---|
| တရုတ်အမည် | 张惠妹 (Simplified) |
| Pinyin | Zhāng Huì Mèi (Mandarin) |
| မူရင်းအမည် | Gulilai Amit |
| မူလဌာနေ | |
| မွေးနေ့ | August 9, 1972 ထိုင်တုန်း၊ ထိုင်ဝမ် |
| အလုပ်အကိုင် | တေးဆို |
| ဂီတအမျိုးအစား | တရုတ်ခေတ်ပေါ်၊ ပေါ့ရော့ခ်၊ ရော့ခ်၊ R&B |
| တူရိယာ | ဂစ်တာ၊ ဒရမ် |
| တေးသံသွင်း ကုမ္ပဏီ | EMI Taiwan (2007–present) Warner Music (2001–2007) Forward Music (1996–2001) |
| Years active | 1996–present |
| ဝက်ဘ်ဆိုဒ် | www.starmei.com/ |
|
Awards
|
|
အားမေး (A-mei; 阿妺) သည် ထိုင်ဝမ်မှ နာမည်ကျော် ဖူယူမာ (Puyuma) တိုင်းရင်းသားလူမျိုး ခေတ်ပေါ် တေးသံရှင်တစ်ဦးဖြစ်သည်။ သူမ၏ တရုတ်အမည်မှာ ကျန်းဟွေ့မေ့ (张惠妹) ဖြစ်ပြီး တိုင်းရင်းသား အမည်မှာ ဂူလီလိုင်း အာမစ် (Gulilai Amit) ဖြစ်သည်။ သူမသည်လည်း အမေရိကန် CNN သတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့သည့် ပထမဦးဆုံးသော ထိုင်ဝမ် တေးသံရှင်ဖြစ်သလို တိုင်းမ် (TIME) မဂ္ဂဇင်း အာရှတလွှား ဖြန့်ချိသည့် အက်ဒရှင် (edition) နှင့် အေးရှားဝိ(ခ်စ်) (Asia Weeks) အပတ်စဉ် မဂ္ဂဇင်းတို့တွင် မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံရသူ ဖြစ်သည်။ [၁] အားမေးသည် ကမ္ဘာတလွှားရှိ တရုတ်အသိုင်းအဝိုင်းအကြား လူသိများ ကျော်ကြားကာ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှားစသည့် တရုတ်စကားပြောသည့် ဒေသများမှ ဂီတထူးချွန်ဆုများကို ရရှိခဲ့ပြီးဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအကြား တရုတ်ခေတ်ပေါ်ဂီတလောကတွင် အပြောင်မြောက်ဆုံး အမျိုးသမီး တေးသံရှင်အဖြစ်၊ မျက်မှောက်ခေတ် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသူဖြစ်သည်။ [၂]
[ပြင်ဆင်ရန်] ကိုးကား
- ↑ 张惠妹接受CNN专访 登上美《时代》杂志2006-05-23中国新闻网
- ↑ 张惠妹出道十年上演“艺术人生”:不能放弃奋斗2007-08-22新京报