အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်
Asian Development Bank

ADB logo
ADB logo

ဆောင်ပုဒ် အာရှ ပိစိဖိတ်ဒေသတွင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး
ဖွဲ့တည်ချိန် ၂၂ ဩဂုတ် ၁၉၆၆
အမျိုးအစား ဒေသဆိုင်ရာ အဖွဲ့အစည်း
ရည်မှန်းချက် Crediting
ဌာနချုပ် မနီလာမြို့ဖိလစ်ပိုင်နိုင်ငံ
ဒေသ အာရှ-ပစိဖိတ်
အဖွဲ့ဝင် ၆၇ နိုင်ငံ
ဥက္ကဋ္ဌ တကီဟီရို နာကာအို
အဓိကအဖွဲ့အစည်း Board of Directors[၁]
ဝန်ထမ်း ၃,၀၅၁+[၂]
ဝက်ဘ်ဆိုက် adb.org

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (The Asian Development Bank, ADB) သည် အာရှနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန် ရည်မှန်းချက်ဖြင့် ၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ထူထောင်ခဲ့သည့် ဒေသတွင်း ဖွံ့ဖြိုးရေးဘဏ်ဖြစ်သည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် ယခင်အီးကဖီးခေါ် အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (ယခု အက်စကက် ခေါ် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်) ၏စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် အစည်းအဝေးက အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့သဖြင့် ယင်းနေ့မှာပင် ဘဏ်ဖွဲ့စည်းရေးစာချုပ်ကို ၂၁ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် သတ်မှတ်ထားသော နိုင်ငံအရေအတွက် ပြည့်စုံသဖြင့် ဘဏ်လုပ်ငန်း ကို စတင် အကောင်အထည်ဖော်ခဲ့ကြသည်။

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာအာရှနှင့် အရှေ့ဖျားဒေသရှိ နိုင်ငံများ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှပ်နှံခြင်း၊ ငွေကြေးအကူအညီပေးခြင်း၊ ငွေချေးငှားငြင်း၊ ကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့် အခြားအကူအညီပေးခြင်း အမျိုးမျိုးတို့ကို ဆောင်ရွက်ရန် ဖြစ်သည်။ စီးပွားတိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်များကို အထိရောက်ဆုံး ဆောင်ရွက်ရေးသည် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိကဦးစားပေး လုပ်ငန်းဖြစ်သည်။

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိက စည်းကမ်းချက်များမှာ အီးကဖီး (အက်စက်) အဖွဲ့ဝင်နိုင်ငံအားလုံး နှင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အာရှနှင့် ပစိဖိတ်ဒေသရှိ အခြားနိုင်ငံများလည်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခွင့်ရှိသည်။ ငွေချေးငှား လိုသော အစိုးရအဖွဲ့အစည်းသို့မဟုတ် ပုပ္ပလိကလုပ်ငန်းများသည် ဘဏ်မှချေးငွေများကို တိုက်ရိုက်ဖြစ်စေ၊ အာမခံစာချုပ်များဖြင့် အရင်းအနှီးများ ထည့်ဝင်၍ဖြစ်စေ၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အခြားစာချုပ်များဖြင့် ဖြစ်စေ အကူအညီရရှိနိုင်သည်။ ဘဏ်ချေးငွေများ၏ အတိုးနှုန်းမှာ ကော်မရှင်ငွေ အပါအဝင် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း အထိဖြစ်သည်။ နှစ်ရှည်ချေးငွေ၊ အထူးချေးငွေနှင့် အတိုးနှုန်းနည်းသော ချေးငွေများဟူ၍ ကန့်သတ်ထားသည်။ ငွေချေးငှားသော နိုင်ငံများသည် ဘဏ်မှ ချေးငွေဖြင့် အဖွဲ့ဝင်နိုင်ငံများထံမှသာ ကုန်ပစ္စည်းများ ဝယ်ယူရမည် စသည်တို့ ဖြစ်သည်။

ဘဏ်အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့်အုပ် ချုပ်ရေးမှူး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ အုပ်ချုပ်ရေးမှူးဘုတ်အဖွဲ့က ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သော ညွှန်ကြားရေးမှူးများအဖွဲ့ကို ရွေးချယ်ရသည်။ ဥက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ အဖွဲ့ဝင် ညွှန်ကြားရေးမှူး ၁ဝ ဦးကို အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံ ခုနှစ် နိုင်ငံနှင့် ပြင်ပဒေသရှိ အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံတို့မှ တစ်ဦးကျစီ ရွေးချယ်ခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ လုပ်ငန်းတည်နေရာသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဖြစ်သည်။[၃]

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ရုံးချုပ်

အဖွဲ့ဝင်နိုင်ငံများ[ပြင်​ဆင်​ရန်​]

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများနှင့် အာရှနှင့်ပစိဖိတ်ဒေသပြင်ပမှ နိုင်ငံများပါဝင်ကြပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၆၇ နိုင်ငံ ရှိသည်။ အာရှနှင့် ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံ ၄၈ နိုင်ငံ နှင့် ပြင်ပနိုင်ငံ ၁၉ နိုင်ငံ တို့ ဖြစ်သည်။

နိုင်ငံ အဖွဲ့ဝင်သည့်နှစ်
အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော် အာဖဂန်နစ္စတန် ၁၉၆၆
ဩစတြေးလျနိုင်ငံ၏ အလံတော် ဩစတြေးလျ ၁၉၆၆
ကမ္ဘောဒီးယားနိုင်ငံ၏ အလံတော် ကမ္ဘောဒီးယား ၁၉၆၆
အိန္ဒိယနိုင်ငံ၏ အလံတော် အိန္ဒိယ ၁၉၆၆
အင်ဒိုနီးရှားနိုင်ငံ၏ အလံတော် အင်ဒိုနီးရှား ၁၉၆၆
ဂျပန်နိုင်ငံ၏ အလံတော် ဂျပန် ၁၉၆၆
ကိုရီးယားသမ္မတနိုင်ငံ၏ အလံတော် တောင်ကိုရီးယား ၁၉၆၆
လာအိုနိုင်ငံ၏ အလံတော် လာအို ၁၉၆၆
မလေးရှားနိုင်ငံ၏ အလံတော် မလေးရှား ၁၉၆၆
နီပေါနိုင်ငံ၏ အလံတော် နီပေါ ၁၉၆၆
နယူးဇီလန်နိုင်ငံ၏ အလံတော် နယူးဇီလန် ၁၉၆၆
ပါကစ္စတန်နိုင်ငံ၏ အလံတော် ပါကစ္စတန် ၁၉၆၆
ဖိလစ်ပိုင်နိုင်ငံ၏ အလံတော် ဖိလစ်ပိုင် ၁၉၆၆
ဆမိုးအားနိုင်ငံ၏ အလံတော် ဆမိုးအား ၁၉၆၆
စင်ကာပူနိုင်ငံ၏ အလံတော် စင်ကာပူ ၁၉၆၆
သီရိလင်္ကာနိုင်ငံ၏ အလံတော် သီရိလင်္ကာ ၁၉၆၆
တရုတ်သမ္မတနိုင်ငံ၏ အလံတော် ထိုင်ဝမ် ၁၉၆၆
ထိုင်းနိုင်ငံ၏ အလံတော် ထိုင်း ၁၉၆၆
ဗီယက်နမ်နိုင်ငံ၏ အလံတော် ဗီယက်နမ် ၁၉၆၆
ဟောင်ကောင်၏ အလံတော် ဟောင်ကောင် ၁၉၆၉
ဖီဂျီနိုင်ငံ၏ အလံတော် ဖီဂျီနိုင်ငံ ၁၉၇၀
ပါပူအာနယူးဂီနီနိုင်ငံ၏ အလံတော် ပါပူအာ နယူးဂီနီ ၁၉၇၁
တုံဂါနိုင်ငံ၏ အလံတော် တုံဂါနိုင်ငံ ၁၉၇၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အလံတော် ဘင်္ဂလားဒေ့ရှ် ၁၉၇၃
မြန်မာနိုင်ငံ၏ အလံတော် မြန်မာ ၁၉၇၃
ဆော်လမွန်ကျွန်းစု၏ အလံတော် ဆော်လမွန်ကျွန်းစု ၁၉၇၃
ကီရီဘတ်စ်နိုင်ငံ၏ အလံတော် ကီရီဘတ်စ် ၁၉၇၄
ကွတ်ကျွန်းစု၏ အလံတော် ကွတ်ကျွန်းစု ၁၉၇၆
မော်လဒိုက်နိုင်ငံ၏ အလံတော် မော်လဒိုက် ၁၉၇၈
ဗနွားတူနိုင်ငံ၏ အလံတော် ဗနွားတူနိုင်ငံ ၁၉၈၁
ဘူတန်နိုင်ငံ၏ အလံတော် ဘူတန် ၁၉၈၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံတော် တရုတ်ပြည် ၁၉၈၆
မာရှယ်အိုင်းလန်းနိုင်ငံ၏ အလံတော် မာရှယ်အိုင်းလန်း ၁၉၉၀
မိုက်ခရိုနီးရှားနိုင်ငံ၏ အလံတော် မိုက်ခရိုနီးရှားနိုင်ငံ ၁၉၉၀
မွန်ဂိုးလီးယားနိုင်ငံ၏ အလံတော် မွန်ဂိုးလီးယား ၁၉၉၁
နအူရူးနိုင်ငံ၏ အလံတော် နအူရူးနိုင်ငံ ၁၉၉၁
တူဗားလူနိုင်ငံ၏ အလံတော် တူဗားလူ ၁၉၉၃
ကာဇက်စတန်နိုင်ငံ၏ အလံတော် ကာဇက်စတန် ၁၉၉၄
ကာဂျစ္စတန်နိုင်ငံ၏ အလံတော် ကာဂျစ္စတန် ၁၉၉၄
ဥဇဘက်ကစ္စတန်နိုင်ငံ၏ အလံတော် ဥဇဘက်ကစ္စတန် ၁၉၉၅
တာဂျစ်ကစ္စတန်နိုင်ငံ၏ အလံတော် တာဂျစ်ကစ္စတန် ၁၉၉၈
အဇာဘိုင်ဂျန်နိုင်ငံ၏ အလံတော် အဇာဘိုင်ဂျန် ၁၉၉၉
တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အလံတော် တာ့ခ်မင်နစ္စတန် ၂၀၀၀
အရှေ့တီမောနိုင်ငံ၏ အလံတော် အရှေ့တီမော ၂၀၀၂
ပလောင်းနိုင်ငံ၏ အလံတော် ပလောင်း ၂၀၀၃
အာမေးနီးယားနိုင်ငံ၏ အလံတော် အာမေးနီးယား ၂၀၀၅
ဘရူနိုင်းနိုင်ငံ၏ အလံတော် ဘရူနိုင်း ၂၀၀၆
ဂျော်ဂျီယာနိုင်ငံ၏ အလံတော် ဂျော်ဂျီယာ ၂၀၀၇
နိုင်ငံ အဖွဲ့ဝင်သည့်နှစ်
ဩစတြီးယားနိုင်ငံ၏ အလံတော် ဩစတြီးယား ၁၉၆၆
ဘယ်လ်ဂျီယမ်နိုင်ငံ၏ အလံတော် ဘယ်လ်ဂျီယမ် ၁၉၆၆
ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါ ၁၉၆၆
ဒိန်းမတ်နိုင်ငံ၏ အလံတော် ဒိန်းမတ် ၁၉၆၆
ဖင်လန်နိုင်ငံ၏ အလံတော် ဖင်လန် ၁၉၆၆
ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီ ၁၉၆၆
အီတလီနိုင်ငံ၏ အလံတော် အီတလီ ၁၉၆၆
နယ်သာလန်နိုင်ငံ၏ အလံတော် နယ်သာလန် ၁၉၆၆
နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ ၁၉၆၆
ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင် ၁၉၆၆
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အလံတော် ယူနိုက်တက်ကင်းဒမ်း ၁၉၆၆
အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန် ၁၉၆၆
ဆွစ်ဇာလန်နိုင်ငံ၏ အလံတော် ဆွစ်ဇာလန် ၁၉၆၇
ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ် ၁၉၇၀
စပိန်နိုင်ငံ၏ အလံတော် စပိန် ၁၉၈၆
တူရကီနိုင်ငံ၏ အလံတော် တူရကီ ၁၉၉၁
ပေါ်တူဂီနိုင်ငံ၏ အလံတော် ပေါ်တူဂီ ၂၀၀၂
လူဇင်ဘတ်နိုင်ငံ၏ အလံတော် လူဇင်ဘတ် ၂၀၀၃
အိုင်ယာလန်သမ္မတနိုင်ငံ၏ အလံတော် အိုင်ယာလန် ၂၀၀၆

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.adb.org/About/management.asp
  2. December 2012 Management and Staff Representation
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)