အာရပ်အဖွဲ့ချုပ်
|
League of Arab States
جامعة الدول العربية Jāmiʻat ad-Duwal al-ʻArabiyya |
||||
|---|---|---|---|---|
|
|
||||
| Secretariat | Cairo, Egypt | |||
| Membership | 34 states, 20 founder states (1961) |
|||
| Leaders | ||||
| - | Secretary General | Nabil el-Araby | ||
| - | Speaker of the Arab Parliament | Nabih Berri | ||
| Establishment | ||||
| - | Founded | 22 March 1945 | ||
| Website http://arableagueonline.org |
||||
အာရပ်အဖွဲ့ချုပ် သည် အာဖရိက မြောက်ပိုင်းနိုင်ငံများ နှင့် အနောက်တောင် အာရှ နိုင်ငံများ တို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံ အများစု က အာရဗီ ဘာသာ စကားကို ရုံးသုံး ဘာသာစကား အဖြစ်အသုံးပြုသည်။ ရည်မှန်းချက်မှာ သွေးစည်းမှုရှိရန် နှင့် ပြဿနာများကို ပူးပေါင်းအဖြေရှာရန် တို့ ဖြစ်သည်။
အဖွဲ့ချုပ် က တရားဝင် မဖော်ပြထားသော်လည်း ၎င်းတို့၏ ရုံးသုံး စာရွက်စာတမ်းများ တွင် အာရဗီ ဘာသာစကားကိုသာ အသုံးပြုကြသည်။ ၁၉၄၅ ခုတွင် အီဂျစ်၊ လက်ဘနွန်၊ ဆော်ဒီအာရေးဗီးယား၊ ဆီးရီးယား၊ အီရတ်၊ ရီမင်၊ ထရန်စ် − ဂျော်ဒန် (ဂျော်ဒန်)စသည့် အာရပ် ၇ နိုင်ငံမှ အလက်ဇန္ဒားသဘောတူညီမှု အရ အဖွဲချုပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြီး အစ္စရေး၊ အီရီထရီယာ၊ ချဒ် နိုင်ငံများ မှ အပ အာရဗီ ဘာသာစကားကို တရားဝင် ရုံးသုံးအဖြစ် အသုံးပြုသော နိုင်ငံများ အားလုံးသည် အဖွဲ့ဝင် ဖြစ်ကြသည်။
အဖွဲ့ဝင်များ [ပြင်ဆင်ရန်]
အဖွဲ့ဝင် နိုင်ငံများမှာ −
- အီဂျစ် - မတ် ၂၂ ၁၉၄၅ (ဖွဲ့စည်းသူ) (၁၉၇၉−၁၉၈၉ တွင် ရပ်ဆိုင်းခြင်းခံရသည်။)
- အီရတ် - မတ် ၂၂ ၁၉၄၅ (ဖွဲ့စည်းသူ)
- ဂျော်ဒန် - မတ် ၂၂ ၁၉၄၅ (ဖွဲ့စည်းသူ) (ထရန်စ်ဂျော်ဒန် အမည်ဖြင့် ဝင်ရောက်သည်။)
- လက်ဘနွန် - မတ် ၂၂ ၁၉၄၅ (ဖွဲ့စည်းသူ)
- ဆော်ဒီအာရေးဗီးယား - မတ် ၂၂ ၁၉၄၅ (ဖွဲ့စည်းသူ)
- ဆီးရီးယား - မတ် ၂၂ ၁၉၄၅ (ဖွဲ့စည်းသူ)
- ရီမင် - မေ ၅ ၁၉၄၅ (ဖွဲ့စည်းသူ)
- လစ်ဗျား - မတ် ၂၈ ၁၉၅၃
- ဆူဒန် - ဇန်နဝါရီ ၁၉ ၁၉၅၆
- မော်ရိုကို - အောက်တိုဘာ ၁ ၁၉၅၈
- တူနီးရှား -အောက်တိုဘာ ၁ ၁၉၅၈
- ကူဝိတ် - ဇူလိုင် ၂၀ ၁၉၆၁
- အယ်ဂျီရီးယား - ဩဂုတ် ၁၆ ၁၉၆၂
- ယူအေအီး - ဇွန် ၁၂ ၁၉၇၁
- ဘာရိန်း - စက်တင်ဘာ ၁၁ ၁၉၇၁
- ကာတာ - စက်တင်ဘာ ၁၁ ၁၉၇၁
- အိုမန် - စက်တင်ဘာ ၂၉ ၁၉၇၁
- မော်ရီတနီးယား Mauritania- နိုဝင်ဘာ ၂၆ ၁၉၇၃
- ဆိုမာလီယာ - ဖေဖော်ဝါရီ ၁၄ ၁၉၇၄
- ပါလက်စတိုင်း - ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ က စက်တင်ဘာ ၉ ၁၉၇၆ မှစ၍ စတင်ဝင်ရောက်သည်။
- ဒီ အီဘော်တီ Djibouti- ဧပြီ ၉ ၁၉၇၇
- ကိုမိုရော့စ် Comoros- နိုဝင်ဘာ ၂၀ ၁၉၉၃