အာဖရိကန် ထရစ်ပနိုစိုမီရေးစစ်

ဝီကီပီးဒီးယား မှ
African trypanosomiasis
SynonymsSleeping sickness, African sleeping sickness
Trypanosoma forms in a blood smear
အထူးပြုကူးစက်ရောဂါ
လက္ခဏာများStage 1: Fevers, headaches, itchiness, joint pains[၁]
Stage 2: Trouble sleeping, en:confusion, poor coordination[၂][၁]
Usual onset1–3 weeks post exposure[၂]
အမျိုးအစားen:Trypanosoma brucei gambiense (TbG), en:Trypanosoma brucei rhodesiense (TbR)
အကြောင်းရင်းen:Trypanosoma brucei spread by tsetse flies
စမ်းသပ်နည်းen:Blood smear, en:lumbar puncture[၂]
ဆေးen:Fexinidazole, en:pentamidine, en:suramin, en:eflornithine, en:nifurtimox
ရောဂါလက္ခဏာFatal without treatment
ကြိမ်ရေ977 (2018)
သေဆုံး3,500 (2015)

အာဖရိကန် ထရစ်ပနိုစိုမီရေးစစ် သို့မဟုတ် အိပ်ငိုက်ရောဂါ[၁] သည် လူနှင့် အခြားတိရစ္ဆာန်များတွင် ဖြစ်လေ့ရှိသော ကပ်ပါးကောင်နှင့်ဆိုင်သော ရောဂါ ဖြစ်သည်။ ဤရောဂါသည် Trypanosoma brucei ဟုခေါ်သော ကပ်ပါးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ [၃] လူကို ကူးစက်နိုင်သော အမျိုးအစားနှစ်မျိုးရှိသည်။Trypanosoma brucei gambiense (T.b.g.) နှင့် Trypanosoma brucei rhodesiense (T.b.r.) ဖြစ်သည်။ [၁] အစီရင်ခံတင်ထားသော ရောဂါသည်များ၏ ၉၈ ရာခိုင်နှုန်းသည် T.b.g.ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ [၁] ဤအမျိုးအစားနှစ်မျိုးလုံးသည် ပုံမှန်အားဖြင့် ရောဂါပိုးသယ်ဆောင်ထားသော စီစီယင်ကောင် အကိုက်ခံရခြင်းဖြင့် ကူးစက်နိုင်ပြီး ကျေးလက်ဒေသများတွင် အများဆုံး ဖြစ်လေ့ရှိသည်။ [၁]

ရောဂါလက္ခဏာများ[ပြင်ဆင်ရန်]

ကနဦးအားဖြင့် ရောဂါ၏ ပထမအဆင့်တွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်းနှင့် အဆစ်များ နာကျင်ခြင်းတို့ ဖြစ်တတ်သည်။ [၁] ဤလက္ခဏာများသည် စီစီယင်ကောင် အကိုက်ခံရပြီး တစ်ပတ်မှ သုံးပတ်အတွင်းတွင် စတင်သည်။ [၂] အပတ်ပေါင်း၊ လပေါင်းများစွာကြာလျှင် ဒုတိယအဆင့် စတင်ပြီး စိတ်ရှုပ်ထွေးခြင်း၊ လှုပ်ရှားမှုများ မထိန်းနိုင်ခြင်း၊ ထုံကျဉ်ခြင်းနှင့် အိပ်စက်မရခြင်းတို့ ဖြစ်တတ်သည်။ [၁][၂] ဤကပ်ပါးကောင်အားသွေးကို မှန်ပြားပေါ်တင်ကြည့်ခြင်း သို့မဟုတ် ပြန်ရည်အကြိတ်ထဲမှ အရည်ကို စစ်ဆေးခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။ [၂] ရောဂါ၏ ပထမနှင့် ဒုတိယအဆင့်၏ ကွာခြားမှုများကို သိရန်ခါးရိုးဆစ်ဖောက်ခြင်း ဖြင့် စစ်ဆေးလေ့ရှိသည်။ [၂]

ဆေးကုသမှု အစီအစဉ်[ပြင်ဆင်ရန်]

ပြင်းထန်သော ရောဂါများ မဖြစ်အောင် ရောဂါကူးစက်ခံနိုင်ရခြေရှိသူများကို T.b.g. ပိုး သွေးစစ်ဆေး၍ ရောဂါရှာဖွေခြင်းဖြင့် ကာကွယ်နိုင်သည်။ [၁] အာရုံကြောနှင့်ဆိုင်သော လက္ခဏာများ မပေါ်ခင် ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိပါက ကုသရန် ပို၍လွယ်ကူသည်။ [၁] ရောဂါ၏ ပထမအဆင့်ကို ပန်တာမီဒင်း သို့မဟုတ် စူရာမင်း ဆေးဖြင့် ကုသနိုင်သည်။ [၁] ဒုတိယအဆင့်ကို အီဖလောနိုသိုင်း သို့မဟုတ် နိဖာတီမော့စ် နှင့် အီဖလောနိုသိုင်းဆေးတို့ ပေါင်း၍ T.b.g. ကို ကုသနိုင်သည်။ [၂] မီလာဆိုပလောဆေးဖြင့် ရောဂါပိုးနှစ်မျိုးလုံးကို ကုသနိုင်သော်လည်း ၎င်းဆေး၏ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကြောင့် T.b.r. တစ်မျိုးထဲကို ကုသရာတွင်သာ အသုံးပြုလေ့ရှိသည်။ [၁]

ရောဂါဖြစ်ပွား ကူးစက်ပျံ့နှံ့ခြင်း[ပြင်ဆင်ရန်]

ဤရောဂါသည် ပုံမှန်အားဖြင့် အာဖရိကတိုက် ဆာဟာရတောင်ပိုင်း၏ အချို့ဒေသများတွင် ဖြစ်ပွားလေ့ရှိပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လူပေါင်း သန်း၇၀မှာ ဤရောဂါကို ကူးစက်ခံရနိုင်ခြေရှိသည်။ [၄] ၁၉၉၀ ခုနှစ်တွင် ဤရောဂါကြောင့် လူပေါင်း ၃၄၀၀၀ခန့် သေဆုံးခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် လူပေါင်း ၉၀၀၀ ခန့်သာ သေဆုံးခဲ့သည်။ [၅] ၂၀၁၂ ခုနှစ်တွင် ရောဂါသည်အသစ်ပေါင်း ၇၀၀၀ ခန့် ရှိပြီး စုစုပေါင်း လူဦးရေ ၃၀၀၀၀ ခန့် ရောဂါကူးစက်ခံခဲ့ရသည်ဟု ယူဆရသည်။ [၁] ၈၀ ရာခိုင်နှုန်းထက်ပိုသော ရောဂါသည်များမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။ [၁] မကြာသေးခင်ကပင် ဤရောဂါကြောင့် ကပ်ရောဂါဖြစ်ပွားမှု ၃ ရပ်ဖြစ်ပွားခဲ့သည်။ တစ်ခုမှာ ၁၈၉၆ မှ ၁၉၀၆ ခုနှစ်များအတွင်းတွင် ယူဂန်းဒါးနိုင်ငံနှင့် ကွန်ဂိုမြစ်ဝှမ်း တွင် အဓိက ဖြစ်ပွားခဲ့ပြီး နောက်နှစ်ခုမှာ ၁၉၂၀ နှင့် ၁၉၇၀ ခုနှစ်တွင် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ [၁] နွားစသော တိရစ္ဆာန်များသည် ဤရောဂါပိုးကို သယ်ဆောင်နိုင်ပြီး ရောဂါကူးစက်ခြင်း ခံရနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ WHO Media centre (June 2013). "Fact sheet N°259: Trypanosomiasis, Human African (sleeping sickness)". 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ Kennedy, PG (2013 Feb). "Clinical features, diagnosis, and treatment of human African trypanosomiasis (sleeping sickness).". Lancet neurology 12 (2): 186-94. PMID 23260189. 
  3. MedlinePlus Encyclopedia Sleeping sickness
  4. Simarro PP, Cecchi G, Franco JR, Paone M, Diarra A, Ruiz-Postigo JA, Fèvre EM, Mattioli RC, Jannin JG (2012). "Estimating and Mapping the Population at Risk of Sleeping Sickness". PLoS Negl Trop Dis 6 (10): e1859. doi:10.1371/journal.pntd.0001859. 
  5. Lozano, R (Dec 15, 2012). "Global and regional mortality from 235 causes of death for 20 age groups in 1990 and 2010: a systematic analysis for the Global Burden of Disease Study 2010.". Lancet 380 (9859): 2095–128. doi:10.1016/S0140-6736(12)61728-0. PMID 23245604.