အယ်လ်ကာလီ သတ္တုများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အယ်လ်ကာလီသတ္တုများ (Alkali Metals) သည် ဒြပ်စင်အလှည့်ကျဇယား (Periodic Table) ၏ ဒေါင်လိုက်အစု အမှတ်စဉ်-၂ တွင် တည်ရှိပါသည်။ အယ်လ်ကာလီ သတ္တုများသည် ဓာတ်ပြုမှူ အလွန်လွယ်ကူခြင်းကြောင့် သဘာဝတွင် လွတ်လပ်စာ မတည်ရှိနိုင်ပါ။ အယ်လ်ကာလီ သတ္တုများတွင် အပြင်ဖက်ဆုံး အီလက်ထရွန် ပတ်လမ်း၌ အီလက်ထရွန်တစ်လုံးသာ ရှိပါသည်။ သို့ဖြစ်၍ အယ်လ်ကာလီသတ္တုများသည် အိုင်းယွန်းနစ်စည်း(Ionic Bond)၌ အခြားသော သတ္တုများနှင့် ပေါင်းစပ်ရာတွင် အီလက်ထရွန်တစ်လုံး ဆုံးရှုံးရန်အတွက် အဆင့်သင့်ဖြစ်နေကြပါသည်။ အခြားသော သတ္တုများနည်းတူ အယ်လ်ကာလီသတ္တုများသည်လည်း ကွေးဆန့်နိုင်ပြီး ပုံသွင်းရန် လွယ်ကူခြင်းနှင့် အပူနှင့် လျှပ်စစ်ကောင်းစွာ စီးကူးနိုင်သော ဂုဏ်သတ္တိများ ရှိကြပါသည်။ သီးသန့်ထူးခြားချက်အနေဖြင့် အယ်လ်ကာလီ သတ္တုများသည် အခြားသော သတ္တုများထက် ပိုမိုပျော့ပြောင်းပါသည်။ အယ်လ်ကာလီအုပ်စုထဲတွင် ကယ်လ်ဆီယမ်နှင့် ဖရန်ဆီယမ်တို့သည် ဓာတ်ပြုနိုင်မှု အလွယ်ကူဆုံး သတ္တုနှစ်ခုဖြစ်ပါသည်။ အယ်လ်ကာလီ သတ္တုများသည် ရေနှင့် ထိတွေ့စေသောအခါတွင် ပေါက်ကွဲ ပြုကွဲမှု ဖြစ်စေနိုင်ပါသည်။[၁]

ရင်းမြစ်[ပြင်​ဆင်​ရန်​]

  1. MUCTR-MM [၁]