အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လျှပ်စစ်နှင့် ပတ်သက်၍ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာနနှစ်ခု ခွဲထားသည်။ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီး မှာ ဖြစ်ပါသည်။ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားပါသည်။

  1. ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန
  2. ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာန
  3. ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း
  4. စီမံကိန်းနှင့် ဓာတ်အားထုတ်လုပ်မှု စီမံရေးဌာနခွဲ တို့ဖြစ်သည်။

ယနေ့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၅)ရုံကို မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ၁၄၄၁မဂ္ဂါဝပ်ထုတ်လုပ်ပေးနေသည်။

စဉ် ဓါတ်အားပေးစက်ရုံအမည် စက်တပ်ဆင်အားမဂ္ဂါဝပ် ပြီးစီးသောခုနှစ်
၁။ ဘီလူးချောင်း(၂) ၁၆၈ ၁၉၇၄
၂။ ကင်းတား ၅၆ ၁၉၈၅
၃။ ဆည်တော်ကြီး ၂၅ ၁၉၈၉
၄။ ဘီးလူးချောင်း(၁) ၂၈ ၁၉၉၂
၅။ ဇော်ဂျီ(၁) ၁၈ ၁၉၉၅
၆။ ဇော်ဂျီ(၂) ၁၂ ၁၉၉၈
၇။ ဇောင်းတူ ၂၀ ၂၀၀၀
၈။ သဖန်းဆိပ် ၃၀ ၂၀၀၂
၉။ မုန်း ၇၅ ၂၀၀၄
၁၀။ ပေါင်းလောင်း ၂၈၀ ၂၀၀၅
၁၁။ ရဲနွယ် ၂၅ ၂၀၀၇
၁၂။ ခပေါင်း ၃၀ ၂၀၀၈
၁၃။ တီကျစ်(ကျောက်မီးသွေး) ၁၂၀ ၂၀၀၅
၁၄။ ကျိုင်းတောင်း ၅၄ ၂၀၀၉
၁၅။ ရွှေလီ(၁) ၅၀၀ ၂၀၀၉
စုစုပေါင်း ၁၄၄၁

[ပြင်​ဆင်​ရန်​] မှတ်ချက်

ရွှေလီ(၁)လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင်အား (၁၀၀ မဂ္ဂါဝပ် x ၆လုံး= ၆၀၀ မဂ္ဂါဝပ်)ဖြစ်သော်လည်း ယခု စက်(၅)လုံး ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ဆက်လက်၍ မကြာမီ နောက်ထပ် စက်(၁)လုံး တပ်ဆင်မှုပြီးစီးမည်ဟု သိရသည်။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ယနေ့ လျှပ်စစ်စက်တပ်ဆင်အား ပိုင်ဆိုင်မှုမှာ ၁၄၄၁ မဂ္ဂါဝပ်ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတိုင်မီကဆိုလျှင် နိုင်ငံအတွင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂)ရုံသာ ရှိခဲ့ကြောင်း၊ ဘီလူးချောင်း(၂)ဓာတ်အားပေးစက်ရုံ ၁၆၈ မဂ္ဂါဝပ်၊ ကင်းတား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၅၆ မဂ္ဂါဝပ်၊ စုစုပေါင်းစက်တပ်ဆင်အား ၂၂၄ မဂ္ဂါဝပ်သာ နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်ဟုဆိုသော်လည်း ပြည်သူလူထုမှာ ယခင် အစိုးရလက်ထက်ကထက် လျှပ်စစ်ဓါတ်အား ရရှိချိန် ပိုမိုနဲပါးနေကြောင်းသိရှိရသည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ