အမေရိကန် ကွန်ဂရက် လွှတ်တော်
Wikipedia မှ
| အမေရိကန် ကွန်ဂရက် လွှတ်တော် United States Congress |
|
| 111th United States Congress | |
| အမျိုးအစား | |
|---|---|
| အမျိုးအစား | Bicameral |
| လွှတ်တော်များ | ဆီးနိတ် လွှတ်တော် အောက်လွှတ်တော် |
| ခေါင်းဆောင်များ | |
| ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ | Joe Biden, (D) January 21, 2009 မှစ |
| ဆီးနိတ်လွှတ်တော် ဒုတိယ အကြီးအကဲ | Daniel Inouye, (D) June 26, 2010 မှစ |
| အောက်လွှတ်တော် ဥက္ကဋ္ဌ | Nancy Pelosi, (D) January 3, 2007 မှစ |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | 535 100 ဆီးနိတ်အမတ် 435 အောက်လွှတ်တော်အမတ် 5 Delegates 1 Resident Commissioner |
| အောက်လွှတ်တော် နိုင်ငံရေး အုပ်စု | ဒီမိုကရက်တစ်ပါတီ ရီဘတ်ပလေကန်ပါတီ |
| ဆီးနိတ်လွှတ်တော် နိုင်ငံရေး အုပ်စု | ဒီမိုကရက်တစ်ပါတီ တသီးပုဂ္ဂလ ဒီမိုကရက် တသီးပုဂ္ဂလ ရီဘတ်ပလေကန်ပါတီ |
| ရွေးကောက်ပွဲ | |
| အောက်လွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | November 2, 2010 |
| ဆီးနိတ်လွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | November 2, 2010 |
| ဝက်ဘ်ဆိုက် | |
| House of Representatives Website Senate Website |
|
အမေရိကန် ကွန်ဂရက် လွှတ်တော်သည် အမေရိကန် ပြည်ထောင်စု ဖက်ဒရယ်အစိုးရ၏ လွှတ်တော် ၂ ရပ်ပါ ဥပဒေပြုဌာန ဖြစ်သည်။ ကွန်ဂရက် လွှတ်တော်တွင် ဆီးနိတ်လွှတ်တော် (အထက်လွှတ်တော်) နှင့် အောက်လွှတ်တော်တို့ ပါဝင်ပြီး ဝါရှင်တန် ဒီစီ ကက်ပတယ် (Capitol) လွှတ်တော် အဆောက်အဦးတွင် အစည်းအဝေး ခေါ်ယူသည်။
အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်လုံးအတွက် အမတ်များအား လူထုမှ တိုက်ရိုက် ရွေးကောက် တင်မြောက်သည်။ အောက်လွှတ်တော် အမတ် ၄၃၅ ဦးသည် မဲဆန္ဒနယ်မြေ တစ်ခုချင်းစီကို ကိုယ်စားပြုပြီး ၎င်းတို့၏ အမတ်သက်တမ်းမှာ ၂ နှစ်ဖြစ်သည်။ အောက်လွှတ်တော် အမတ်နေရာများကို ပြည်နယ်အတွင်းရှိ လူဦးရေအလိုက် ခွဲဝေသည်။ ပြည်နယ်တစ်ခုစီမှ ဆီးနိတ်အမှတ် ၂ ဦးရွေးချယ်ခွင့်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ် ၅၀ ရှိသောကြောင့် ဆီးနိတ်အမတ် ၁၀၀ ရှိကာ ၎င်းတို့၏ ရာထူးသက်တမ်းမှာ ၆ နှစ်ဖြစ်သည်။