အမေဇုန် ကင်ဒယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တတိယမျိုးဆက် အမေဇုန် ကင်ဒယ်

အမေဇုန် ကင်ဒယ် သည် အီလက်ထရောနစ်မင် စနစ်ကိုအသုံးပြုထားသော စာဖတ်ကိရိယာဖြစ်သည်။ ၎င်းကိရိယာသည် မီးလင်းသော နောက်ခံမျက်နှာပြင်မဟုတ်သောကြောင့် မျက်စိကိုသက်သာစေပြီး ကြာရှည်စာဖတ်နိုင်သည်။ အလင်းပြန်မှု အလွန်နည်းသောကြောင့် တောက်ပသောနေရောင်တွင်ပင် ကောင်းစွာဖတ်နိုင်သည်။ ဘက်ထရီ သက်တမ်းမှာ သုံးပတ်ခန့် သုံးနိုင်သည်။သိုလှောင်နိုင်သော ပမာဏမှာ 4GB ရှိသည်။ ၆ လက်မ နှင့် ၉.၇ လက်မ နှစ်မျိုးရှိသည်။ ၆ လက်မ မော်ဒယ်တွင် ဝိုင်ယာလက်ကိုသာအသုံးပြုသော ကိရိယာနှင့် ဝိုင်ယာလက်+3G ကိုသုံးသော ကိရိယာဟူ၍ နှစ်မျိုးရှိသည်။ ၉.၇ လက်မ မော်ဒယ်တွင်မူ ဝိုင်ယာလက်+3G ကိုသုံးသော ကိရိယာကိုသာ ရနိုင်သည်။