အဗ္ဒူရာမန် ဝါဟစ်
Wikipedia မှ
| အဗ္ဒူရာမန် ဝါဟစ် Abdurrahman Wahid |
|
| မွေးနေ့ | 7 September 1940 Jombang, East Java, Dutch East Indies |
|---|---|
| ကွယ်လွန် | 30 December 2009 (aged 69) |
| အလျင်လူ | Bacharuddin Jusuf Habibie |
| ဆက်ခံသူ | Megawati Sukarnoputri |
| နိုင်ငံရေးပါတီ | အမျိုးသားနိုးကြားရေးပါတီ |
| ကိုးကွယ် ယုံကြည်မှု |
အစ္စလာမ် |
| ကြင်ဖော် | Shinta Nuriyah |
| ဝက်ဘ်ဆိုက် www.gusdur.net |
|
အဗ္ဒူရာမန် ဝါဟစ်(Abdurrahman ad-Dakhil Wahid)( ၁၉၄၀ စက်တင်ဘာ ၇ - ၂၀၀၉ ဒီဇင်ဘာ ၃၀)[၁] သည် အမျိုးသားနိုးကြားရေးပါတီကို ထူထောင်ခဲ့သူဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စတ္ထုမြောက် သမ္မတအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ရာထူးတက် တာဝန်ယူ ထမ်းဆောင်ခဲ့သည်။ အဗ္ဒူရာမန် ဝါဟစ်သည်လည်း ၁၉၉၈ ခုနှစ်တွင် ဆူဟာတို၏ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးနောက် ပြည်သူလူထုက တိုက်ရိုက်မဲပေးပြီး ရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတလည်း ဖြစ်သည်။ ဆီးချိုရောဂါ ဝေဒနာရှင်၊ အမြင်အာရုံချို့တဲ့ပြီး တခါက လေဖြတ်ခံထားရဖူးသည့် ဝါဟစ်သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လူကြီးရောဂါဖြင့် ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။