အဗာတာ (၂၀၀၉ ရုပ်ရှင်)
| အဗာတာ | |
| Avatar | |
ရုပ်ရှင်ပိုစတာ |
|
| ဒါရိုက်တာ | ဂျိမ်းစ် ကင်မရွန် |
| ထုတ်လုပ်သူ | ဂျိမ်းစ် ကင်မရွန် ဂျွန် လန်ဒေါ |
| ရေးသားသူ | ဂျိမ်းစ် ကင်မရွန် |
| သရုပ်ဆောင် | Sam Worthington Zoe Saldana Stephen Lang Michelle Rodriguez Giovanni Ribisi Joel David Moore C. C. H. Pounder Wes Studi Laz Alonso Sigourney Weaver |
| ဇာတ်ဝင်တေး | James Horner |
| ရိုက်ကူးရေးပညာ | Mauro Fiore |
| တည်းဖြတ် | James Cameron John Refoua Stephen E. Rivkin |
| စတူဒီယို | Lightstorm Entertainment Dune Entertainment Ingenious Film Partners |
| ထုတ်ဝေသူ | 20th Century Fox |
| ဖြန့်ချီသည့်နေ့ | ၂၀၀၉ ဒီဇင်ဘာ ၁၂ (လန်ဒန် ဗွေဆော်ဦး) ၂၀၀၉ ဒီဇင်ဘာ ၁၈ (အမေရိကန် ပြည်ထောင်စု) |
| ကြာမြင့်ချိန် | ၁၆၂ မိနစ်[၁] |
| နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
| ကုန်ကျငွေ | $237,000,000 |
| ရောင်းရငွေ | $2,782,206,970[၂][၃] |
အဗာတာ (Avatar) ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၉ ခုနှစ်တွင် ရုံတင်ပြသသည့် ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်၏ လက်ရာ သိပ္ပံခေတ်လွန် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။ ၎င်း၏ဇာတ်အိမ်မှာ ၂၁၅၄ ခုနှစ် အယ်ဖာ စင်တိုရီ (Alpha Centauri) ကြယ်အဖွဲ့အစည်းအတွင်းရှိ ပန်ဒိုရာ အရံဂြိုလ်ကို နောက်ခံပြု၍ ရိုက်ကူးထားသည်။ [၄] လူသား (ကမ္ဘာဂြိုလ်သား) များသည် ပန်ဒိုရာဂြိုလ်မှ ယူနော့ဘ်တေနီယမ် (Unobtanium) ခေါ် အဖိုးတန် (ရုပ်ရှင်ထဲတွင် ဖော်ပြချက်အရ ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ တန်သည်။) တွင်းထွက်ပစ္စည်းတစ်မျိုးကို သွားရောက် တူးဖော်ကြသည်။ ဤကဲ့သို့ တူးဖော်ခြင်းသည် ပန်ဒိုရာဂြိုလ်၏ သဘာဝဝန်းကျင်နှင့် လူပုံပေါက်သော ပန်ဒိုရာဂြိုလ်သား နာဗီ (Na'vi) တို့ ဆက်လက် ရှင်သန်ရေးကို ထိခိုက်စေနိုင်သောကြောင့် နာဗီလူမျိုးများက ကျူးကျော် နယ်ချဲ့လာသူ ကမ္ဘာဂြိုလ်သားများကို ခုခံကာကွယ်ကြသည့် ဇာတ်လမ်းဖြစ်သည်။ အဗာတာ ဆိုသည့် ရုပ်ရှင်အမည်မှာ ကမ္ဘာဂြိုလ်သားများက နာဗီတို့နှင့် ထိတွေ့ဆက်ဆံရာတွင် အသုံးပြုရန် မျိုးဗီဇအင်ဂျင်နီယာ နည်းပညာဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများကို ညွှန်းဆိုသည်။
အဗာတာဇာတ်ကားအတွက် စိတ်ကူးများကို ဂျိမ်းစ် ကင်မရွန်သည် ၁၉၉၄ ခုနှစ်တွင် စတင် ပုံးကြမ်းရေးဆွဲခဲ့သည်။ ထိုစဉ်က ဇာတ်ညွှန်းနှင့် ဒိုင်ယာလော့များမှာ စာမျက်နှာ ၈၀ ခန့်ရှိခဲ့သည်။ [၅] အဗာတာအား ရိုက်ကူးမှု လုပ်ငန်းများကို မူလက တိုင်တဲနစ်ဇာတ်ကား (၁၉၉၇) အပြီးတွင် စတင်ကာ ၁၉၉၉ ခုနှစ်တွင် ရုံတင်ရန် ရည်မှန်းခဲ့သည်။ သို့သော်လည်း ဂျိမ်းစ် ကင်မရွန်၏ အဆိုအရ ထိုစဉ်အခါက ၎င်း၏ စိတ်ကူးစိတ်သန်းများကို ရုပ်ရှင်ပိတ်ကားပေါ်တွင် ပုံဖော်ပေးနိုင်လောက်အောင် ရုပ်ရှင် နည်းပညာများက လိုက်မမှီသေးဟု သိရသည်။ [၆][၇]
၂၀၀၅ ခုနှစ် နွေတွင် နာဗီလူမျိုးများ အသုံးပြုသည့် ဘာသာစကား ဖန်တီးရေး လုပ်ငန်းများကို စတင်ခဲ့ပြီး ဂျိမ်းစ် ကင်မရွန်က ဇာတ်ညွှန်းနှင့် စက်တင်များအတွက် ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစပြုခဲ့သည်။ [၈][၉] အဗာတာ ရုပ်ရှင်ကို သမားရိုးကျ 2D ဗာရှင်နှင့်ရော 3D ဗာရှင်နှင့်ပါ ထုတ်ဝေ ဖြန့်ချီသည်။ 3D ဗာရှင်ဖြင့် ရိုက်ကူးခဲ့သည့်အတွက်လဲ ရုပ်ရှင်နည်းပညာတွင် တိုးတက်မှုတရပ်ဟု အများက အမွမ်းတင်ကြသည်။ [၁၀]
အဗာတာ ဗွေဆော်ဦးပြပွဲကို ၂၀၀၉ ဒီဇင်ဘာ ၁၀ ရက်နေ့ လန်ဒန်မြို့တွင် ကျင်းပခဲ့ပြီး ၁၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင် ရုံတင်ခဲ့သည်။ အဗာတာ ဇာတ်ကားသည် လူကြိုက်များလွန်းသောကြောင့် နံပတ် ၁ နေရာတွင် ၁၀ နှစ်ကျော်ကြာ လွှမ်းမိုးထားသော ဂျိမ်းစ် ကင်မရွန်၏ လက်ရာပဲဖြစ်သည့် တိုင်တဲနစ်ဇာတ်ကားကို ကျော်တက်ကာ ရုပ်ရှင်သမိုင်းတွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်တင်လိုက်ပြီ ဖြစ်သည်။ [၁၁] အဗာတာ ဇာတ်ကား ဤသို့ အောင်မြင်မှု ရရှိပြီးနောက် နောက်ဆက်တွဲ ၂ ကား ဆက်လက် ရိုက်ကူးနိုင်ခြေရှိသည်ဟု ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်က အတည်ပြု ပြောကြားထားသည်။ [၁၂][၁၃]
ဇာတ်လမ်းအကျဉ်း [ပြင်ဆင်ရန်]
၂၁၅၄ ခုနှစ်တွင် အာဒီအေ (Resources Development Administration) ကော်ပိုရေးရှင်းက ပန်ဒိုရာဂြိုလ်တွင် တွင်းထွက်ပစ္စည်းများကို တူးဖော်လျက်ရှိသည်။ ပန်ဒိုရာသည် ကမ္ဘာဂြိုလ်နှင့် ခပ်ဆင်ဆင်ရှိပြီး အယ်ဖာ စင်တိုရီ ကြယ်အဖွဲ့အစည်းအတွင်းရှိ ပိုလီဖီမတ်စ် (Polyphemus) ၏ အရံဂြိုလ်ဖြစ်သည်။[၁၄][၄] ပါကာ ဆဲ့လ်ဖရစ်ဂျ် (Giovanni Ribisi) က တူးဖော်ရေး လုပ်ငန်းများကို ဦးဆောင်ကာ ၎င်းတို့၏ လုံခြုံရေးအတွက် မရိန်းတပ်သားများကို ငှားရမ်းထားသည်။ အာဒီအေက ပန်ဒိုရာဂြိုလ်ရှိ ယူနော့ဘ်တေနီယမ် အဖိုးတန် တွင်းထွက်ပစ္စည်းကို တူးယူကာ အမြတ်ထုတ်ရန် ကြိုးစားလျက်ရှိသည်။ ပန်ဒိုရာဂြိုလ်တွင် အရပ် ၁၀ ပေခန့်မြင့်ပြီး လူပုံပေါက်သည့် နာဗီတို့ ကျက်စားနေထိုင်လျက်ရှိသည်။ လူသားများနှင့် မတူသည့်အချက်မှာ နာဗီတို့၏ အရေပြားမှာ အပြာရောင်ဖြစ်ပြီး အမြှီးပါရှိသည်။[၁၅] နာဗီတို့သည် သဘာဝဝန်းကျင်နှင့် သဟဇာတရှိရှိ နေထိုင်ကြပြီး အီဝါ (Eywa) ခေါ် နတ်သမီးကို ကိုးကွယ်ကြသည်။
ပန်ဒိုရာ၏ လေထုသည် လူသားများအား အဆိပ်သင့်စေသောကြောင့် လူသားများ ပန်ဒိုရာဂြိုလ်ပေါ်တွင် အောက်စီဂျင် မျက်နှာဖုံးများ တပ်ဆင်မှသာ သွားလာနိုင်သည်။ ပန်ဒိုရာဂြိုလ်သားများနှင့် ဆက်ဆံရေး ပြေပြစ်စေရန်နှင့် ပန်ဒိုရာဂြိုလ်၏ သက်ရှိများကို လေ့လာရန် သိပ္ပံပညာရှင်များသည် လူ ဒီအန်အေဖြင့် ပေါင်းစပ်မွမ်းမံထားသည့် နာဗီ ခန္ဓာကိုယ်များကို ဖန်တီးကြသည်။ အဗာတာဟုခေါ်သည့် ယင်းကိုယ်ပွားများကို ဒီအန်အေပိုင်ရှင် လူသားများက ထိန်းချုပ်ကြပြီး စိတ်အားဖြင့်လည်း ဆက်စပ်မှုရှိသည်။[၁၆] အောက်ပိုင်းသေနေသည့် မရိန်း (ကမ်းတက်) တပ်သားဟောင်း ဂျိတ်ခ် ဆာလီ (Sam Worthington) သည် အသတ်ခံရသည့်၊ အဗာတာအား ထိန်းချုပ်ရန် လေ့ကျင့်ထားသည့် သိပ္ပံပညာရှင် အမွှာညီအစ်ကို၏ ကိုယ်စား လိုက်သွားခြင်း ဖြစ်သည်။ အဗာတာ အစီအစဉ်ကို ဦးဆောင်သည့် ဒေါက်တာ ဂရေ့စ် ဩဂတ်စတင် (Sigourney Weaver) က ဆာလီသည် ၎င်း၏ ညီအစ်ကိုနေရာတွင် အစားထိုးနိုင်လောက်အောင် အရည်အချင်း မမှီသေးဟုယူဆကာ သူ့အား အရေးတယူ မလုပ်ပဲ ကိုယ်ရံတော် အဖြစ်သာ ချောင်ထိုးထားလေသည်။
ဩဂတ်စတင်၊ ဇီဝဗေဒ ပညာရှင် နောမ် စပဲမင်း (Joel David Moore) နှင့် ဂျိတ်ခ်တို့သည် ၎င်းတို့၏ အဗာတာအသွင်ဖြင့် ခြေကုတ်စခန်းမှထွက်ကာ ပန်ဒိုရာဂြိုလ်၏ သက်ရှိ စံနမူနာများ ရှာဖွေခြင်းနှင့် နာဗီတို့နှင့် ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ရေးကို ကြိုးပမ်းကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့အဖွဲ့သည် သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်ခြင်းခံရကာ လူစုကွဲသွားကြသည်။ သစ်တောထဲတွင် မျက်စိလည် လမ်းမှားနေသည့် ဂျိတ်ခ်ကို နာဗီမယ် နေတီရိ (Zoe Saldana) က ကယ်တင်ပြီး သူမတို့ မျိုးစု အိုမတီကာယာ (Omaticaya) နေထိုင်သည့် အသိုက်အမြုံသို့ (Hometree) ခေါ်ဆောင်သွားသည်။ နေတီရိ၏ မိခင် နတ်ဆရာ မိုအက် (C. C. H. Pounder) သည် "Dream-walker" စစ်သည်များအား စိတ်ဝင်စားသူဖြစ်သည်။ ဂျိတ်ခ်အား စစ်သည်များနည်းတူ တိုက်ခိုက်တတ်ရန် သူမ၏ သမီးဖြစ်သူအား သင်ကြားစေသည်။
လုံခြုံရေးတပ်မှူး ဗိုလ်မှူးကြီး မိုင်းစ် ကာရစ်ချ် (Stephen Lang) က ဂျိတ်ခ်အား အဖွဲ့ထဲဝင်စေကာ နာဗီတို့၏ အသိပညာ၊ အတတ်ပညာများအကြောင်း စနည်းနာရန် တာဝန်ပေးသည်။ ဤသို့အားဖြင့် နာဗီတို့ အသိုက်အမြုံကို စွန့်ခွာရန် နားချပြီး ယင်းအသိုက်အမြုံအောက်ရှိ ယူနော့ဘ်တေနီယမ်များကို အာဒီအေမှ တူးဖော်နိုင်ရန် ဖြစ်သည်။ ဗိုလ်မှူးကြီးက ဂျိတ်ခ်၏ ခြေထောက်များ အကောင်းပတိအတိုင်း ပြန်ဖြစ်လာအောင် ဆေးဖိုးဝါးခ ကြီးမြင့်လှသည့် အာရုံကြော ပြန်လည်ဖွဲ့စည်းပေးနိုင်သည့် ကုထုံးဖြင့် ကုသပေးမည်ဟု ကတိပေးသည်။
အစဦးပိုင်းတွင် ဂျိတ်ခ်သည် အရေးကြီးသည့် အချက်အလက်များကို ကာရစ်ချ် အားပေးသည်။ သို့သော် ဩဂတ်စတင်းက ကာရစ်ချ်၏ ဉာဏ်နီဉာဏ်နက်များကို သံသယဝင်ကာ သူမတို့အဖွဲ့အား ခြေကုတ်စခန်းနှင့် အတော်လှမ်းသည့် နေရာသို့ ပြောင်းရွှေ့သည်။ ၃ လလောက် ကြာသည့်အခါ ဂျိတ်ခ်သည် နေတီရိနှင့် သူမ၏ မျိုးစုအပေါ် ခင်မင်တွယ်တာလာကာ အာဒီအေ၏ စေခိုင်းချက်များကို ငြင်းဆန်လာသည်။ အိုမတီကာယာမျိုးစုက ဂျိတ်ခ်အား မိသားစုအဖြစ် လက်ခံလိုက်သည်။ ဂျိတ်ခ်နှင့် နေတီရိတို့လဲ ကြင်ဖော်များ ဖြစ်လာကြသည်။
တနေ့ ဂျိတ်ခ်က နာဗီတို့၏ဒုတိယ အရေးအကြီးဆုံး "Tree of Voices" သဘောထားများ စုဝေးရာအပင်ကို ဘူဒိုဇာဖြင့် မဖျက်ဆီးရက် ဖြစ်နေသည်ကို ကာရစ်ချ်က ရိပ်မိသွားသည်။ (ရုပ်ရှင်ထဲတွင် ဖော်ပြချက်အရ နာဗီတို့အတွက် အရေးအကြီးဆုံးမှာ "Tree of Souls" ဝိညာဉ်များစုဝေးရာအပင် ဖြစ်သည်။) ထိုအချိန်မှစ၍ ဂျိတ်ခ်၏ ဗီဒီယို ဒိုင်ယာရီမှတ်တမ်းများကို တိတ်တခိုး စောင့်ကြည့်ရာမှ အိုမတီကာယာမျိုးစုတို့သည် ၎င်းတို့၏ အသိုက်အမြုံကို စွန့်ခွာမည် မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုနောက် ဆဲ့လ်ဖရစ်ဂျ်က နာဗီတို့၏ အသိုက်အမြုံများအား ဖျက်ဆီးပစ်ရန် အမိန့်ချသည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ BBFC rating and classification details for Avatar (December 8, 2009). Retrieved on December 8, 2009။
- ↑ Avatar (2009) - Box Office Mojo. Box Office Mojo. Retrieved on 20 January, 2010။
- ↑ Avatar. The Numbers. Retrieved on 21 January, 2010။
- ↑ ၄.၀ ၄.၁ Horwitz, Jane. "Family Filmgoer", The Boston Globe, NY Times Co., 2009-12-24. Retrieved on 2010-01-09.
- ↑ Jeff Jensen. "Great Expectations", Entertainment Weekly, January 10, 2007. Retrieved on January 28, 2007.
- ↑ Judy Hevrdejs; Mike Conklin. "Channel 2 has Monday morning team in place", Chicago Tribune, August 9, 1996. Retrieved on December 22, 2006.
- ↑ "Synthetic actors to star in Avatar", St. Petersburg Times, August 12, 1996. Retrieved on December 22, 2006.
- ↑ Crafting an Alien Language, Hollywood-Style: Professor's Work to Hit the Big Screen in Upcoming Blockbuster Avatar. USC Marshall. University of Southern California Marshall School of Business. Retrieved on 2010-01-17။
- ↑ Template:Cite episode
- ↑ James Cameron's 'Avatar' Film to Feature Vocals From Singer Lisbeth Scott. Newsblaze.com. Retrieved on December 6, 2009။
- ↑ All time worldwide box office grosses. Box Office Mojo. Retrieved on January 8, 2010။
- ↑ Rosenberg, Adam. "'Avatar' Sequel Confirmed By James Cameron... And Here's What We'd Like To See", MTV, January 8, 2010. Retrieved on January 11, 2010.
- ↑ Carroll, Larry. "'Titanic' Mastermind James Cameron's King-Size Comeback: Two Sci-Fi Trilogies", MTV, June 29, 2006. Retrieved on October 18, 2006.
- ↑ Although not mentioned in the film, Polyphemus was discussed in the book James Cameron's Avatar: An Activist Survival Guide by Maria Wilhelm & Dirk Mathison. ISBN 978-0-06-189675-0. See Polyphemus in Wikia.
- ↑ Rottenberg, Josh. "James Cameron Talks Avatar: Brave Blue World," Entertainment Weekly #1081 (December 18, 2009): 48.
- ↑ The motives for the creation of the Avatar Program are partly implied in the film, but they are discussed in the relevant Pandorapedia article