အပျိုမြှေး
Wikipedia မှ
ဂရေး၏ ခန္ဓဗေဒ ပုံမှ အပျိုမြှေး
အပျိုမြှေး (hymen) ခေါ် မလိင်အင်္ဂါ အမြှေးပါးသည် mucous အမြှေးပါး အခေါက် ဖြစ်ပြီး အပြင်ပိုင်း မအင်္ဂါပေါက်ကို တစိတ်တစ်ပိုင်းအားဖြင့် ကာထားသည်။ အပျိုမြှေးသည် မအင်္ဂါဇာတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။[၁][၂] မြန်မာတို့သည် အပျိုမြှေးပေါက်လျှင် အပျိုမစစ် ဟုယူဆကြသော်လည်း အပျိုဟုတ်မဟုတ်မှာ အပျိုမြှေး ဖြင့်ဆုံးဖြတ်၍ မရသလို ကြိုတင် စစ်ဆေးရန်လည်း မဖြစ်နိုင်ပေ။ သံသယ ရှိသော မုဒိန်းမှုများတွင် မှု အပျိုမြှေး ပျက်မပျက် သေချာစွာ စစ်ဆေးနိုင်သော်လည်း အပျိုမြှေး စစ်ချက်တစ်ခုတည်းနှင့်တော့ အထူးသဖြင့် အရွယ် မရောက်သေးလျှင် အတည်မပြုနိုင်ပေ။[၃] အပျိုမြှေး ၏ ပုံစံမှာ ထုံးစံအားဖြင့် လခြမ်းပုံရှိပြီး အခြားပုံ များစွာလည်း ရှိကြသည်။ သားမွေးပြီးနောက် အပျိုမြှေးကို carunculae myrtiformes ခေါ်ပြီး လုံးဝ မရှိပဲလည်း ဖြစ်နိုင်သည်။ [၄]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Emans, S. Jean. "Physical Examination of the Child and Adolescent" (2000) in Evaluation of the Sexually Abused Child: A Medical Textbook and Photographic Atlas, Second edition, Oxford University Press. 62
- ↑ Perlman, Sally E.; Nakajima, Steven T. and Hertweck, S. Paige (2004). Clinical protocols in pediatric and adolescent gynecology. Parthenon, 131.
- ↑ Emans, S. Jean. "Physical Examination of the Child and Adolescent" (2000) in Evaluation of the Sexually Abused Child: A Medical Textbook and Photographic Atlas, Second edition, Oxford University Press. 63-4
- ↑ Knight, Bernard (1997). Simpson's Forensic Medicine, 11th edition, London: Arnold, 114.