အန်းဂရီးဘတ်ဒ်
Wikipedia မှ
| Angry Birds | |
|---|---|
Title card for Angry Birds |
|
| ဖန်တီးသူ | ရိုဗီယို ဖျော်ဖြေရေး |
| ပတ်ဘလစ်ရှာ | Chillingo/Clickgamer (iOS, PSP/PlayStation 3) Rovio Mobile (Maemo, Symbian^3, Android) |
| ပရိုဂျူဆာ | ရိုင်နယ်မာကီ, ဟာရို ဂရွန်းဘဂ်, မစ်က္ကို ဟာ့ကီနန် |
| ဒီဇိုင်းနာ | ရားက်ကို အီစာလို (lead designer) |
| ပရိုဂရမ်မာ | တူဝိုမို လဲ့ဟ်တီနန် (lead programmer), Miika Virtanen, Antti Laitinen, Atte Järvinen, Mika Rahko, Marco Rapino, Kari Kuvaja |
| ဂိမ်းအနုပညာရှင် | Tuomas Erikoinen (lead artist), Miisa Lopperi, Joonas Mäkilä |
| တေးရေး | Ari Pulkkinen |
| အင်ဂျင် | Box2D |
| ဗားရှင်း | 1.6.3 (iOS, Android) 1.6.2 (Microsoft Windows, Mac OS X) 1.6.0[၁] (Symbian) 1.5.3 (Windows Phone) 1.5.2 (Maemo) 1.5.0 (PlayStation Portable, PlayStation 3) 1.1.4 (WebGL) |
| ပလက်ဖောင်း | iOS, Maemo, HP webOS, Android, Symbian^3, PSP/PlayStation 3, Mac OS X, Windows, WebGL, Windows Phone 7, Google Plus |
| ဖြန့်ချီသည့်နေ့စွဲ | December 10, 2009 |
| အမျိုးအစား | ဉာဏ်စမ်း |
| Mode(s) | တစ်ဦးချင်း ကစားနည်း |
| ရိတ်တင်း | Apple: 4+ |
အန်းဂရီးဘတ်ဒ် (Angry Birds) သည် ဉာဏ်စမ်းအမျိုးအစားတွင် ပါဝင်သော ဗွီဒီယိုဂိမ်းတစ်ခု ဖြစ်ပြီး ဖင်လန်နိုင်ငံ ဂိမ်းဆော့ဖ်ဝဲလ် ဖန်တီးသည့် ရိုဗီယို ဖျော်ဖြေရေး ကုမ္ပဏီမှ ဖန်တီးခဲ့သော ဂိမ်းတစ်ခု ဖြစ်သည်။ အတောင်မပါသော ငှက်များ၏ ပုံမှ စ၍ ဂိမ်းကို စတင် ဖန်တီးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင်Apple's iOS ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် အတွက် စတင် ဖြန့်ချီခဲ့သည်။ ထိုအချိန်မှာ စ၍ အက်ပဲလ်၏ အက်ပ် စတိုးမှ စုစုပေါင်း ၁၂ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။ ထို့အတွက်ကြောင့် ကုမ္ပဏီ အတွက် အခြား တပ်ရှ် စခရင်ပါသော အင်းဒရွိုက် အပါအဝင် အခြား စမတ်ဖုန်းများအတွက်ပါ ထုတ်ဝေရန် တွန်းအား ဖြစ်စေခဲ့သည်။