အန်နီမဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အန်နီမဲ မျက်လုံး

အန်နီမဲ (အင်္ဂလိပ်ဘာသာ- Anime)(ဂျပန်ဘာသာ- アニメ ) မှာ Animation ဟူသော စကားစု မှဆင်းသက်လာပြီး ဂျပန်နိုင်ငံတွင်စတင်တွင်ကျယ်ခဲ့ပါသည်။ ထိုကြောင့်ယေဘူယျအားဖြင့် Anime ကို ဂျပန်ရိုးရာကာတွန်းများအဖြစ်လူသိများခဲ့ပါသည်။ ကမ္ဘာပေါ်ရှိ အစောဆုံး Anime ကာတွန်းကို ၁၉၁၇ တွင်စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် ဂျပန် Anime ကာတွန်းဆရာ ကြိုးပမ်းအားထုတ်မှုကြောင့် တဖြည်းဖြည်းတိုးတက်လာကာ ဂျပန်နိုင်ငံပြင်ပတိုင်အောင် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ Anime နဲ့အလားတူ Manga ဟာလည်း Anime နည်းတူ ဂျပန်နိုင်ငံတွင်းသာ မက တကမ္ဘာလုံးတိုင်အောင် ကျော်ကြားခဲ့ပါတယ်။ ထုတ်လုပ်သူများ တဆင့်ပြန်လွင့်သူများကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းလုံးရှိ တယ်လီဗေရှင်းရှပ်သံလွင့်အစီအစဉ်များ တွင်လည်းကောင်း ဗီဒီယိုများတွင်လည်းကောင်း အွန်လိုင်းပေါ်တွင်ပါ ထင်ရှားလာခဲ့ပါတယ်။ Anime များတွင် လက်နဲ့ဆွဲသော Anime များသာမက ကွန်ပျုတာဖြင့်ဆွဲသော Anime များပါရှိကြပါသည်။ အဆိုပါ Anime များကို တယ်လီဗေးရှင်းအစီအစဉ်ဇာတ်လမ်းတွဲများအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်ဇာတ်လမ်းတွဲများအဖြစ်သော်လည်းကောင်း ၊ ဗီဒီယိုဂိမ်းများအဖြစ်သော်လည်းကောင်း စီးပွားရေးအရပါ အင်တာနက်ပေါ်တွင် ကြည့်ရှုလာကြပါသည်။ မကြာသေးမှီ အချိန်ကာလအတွင်းတွင် Anime များသည် ကမ္ဘာအရှေ့ပိုင်းနှင့် အရှေ့တောင်အာရှ များတွင် အထူးကျော်ကြားလာခဲ့ပါသည်။

Anime ဖြစ်ပေါ်လာပုံသမိုင်း[ပြင်​ဆင်​ရန်​]

ရုပ်ရှင် ရှေ့ဆောင် ဇာတ်လမ်းတစ်ခုဖြစ်သည့် Momotaro's Divine Sea အခန်းမှ ဇာတ်ဝင်ခန်းတစ်ခုအား တွေ့မြင်ရပုံ

Anime များသည် နှစ်ဆယ်ရာစုအစပိုင်းတွင်စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ဂျပန်ရိုးရာ ရုပ်ပြနည်းပညာများဟာ ပြင်သစ် ၊ ဂျာမနီ၊ အမေရိကန် နှင့် ရုရှားနိုင်ငံများမှ ဆင်းသက်လာပါသည်။ ရှေးအကျဆုံး Anime မှာ ၁၉၁၇ ခုနှစ်ကပေါ်ပေါက်ခဲ့သော ဆာမူရိုင်းသူရဲကောင်းတစ်ယောက်သည် သူပစ်မှတ်ကို သူရဲ့ဓါးဖြင့်စမ်းသပ် သော နှစ်မိနစ်ခန့် ဇာတ်လမ်းတို တစ်ခုဖြစ်သည်။ Anime လောကတွင် ရှေ့ဆောင်လမ်းပြသူများမှာ ရှီမိုကာဝါ အိုတန် ၊ ဂျုနီချီ ကူရိုချီ နှင့် ဆာတီယို ကီတာယာမာ တို့ဖြစ်ကြပါသည်။

၁၉၃၀ ခုနှစ်များခန့်တွင်တော့ Anime များသည် ဇာတ်လမ်းအကြောင်း နောက်ကြောင်းပြန်သည်ကို ပုံစံအမျိုးမျိုးနဲ့ရိုက်ကူးလာကြပါသည်။ ပထမဆုံးအသံထွက် ဂျပန် anime မှာ ၁၉၃၃ခုနှစ်တွင်ထုတ်လုပ်ခဲ့သော မီဆာအိုကာမှထုတ်လုပ်ခဲ့သော Chikara to Onna no Yo no Naka ဖြစ်ပါတယ်။ ရုပ်ပြနည်းပညာတိုးတက်လာသည့်နင်အမျှ ဂျပန်အစိုးရကိုယ်တိုင်ကလည်း ပညာရေးနှင့် ဝါဒဖြန့်ချီရေးလုပ်ငန်းများတွင်အသုံးပြုလာကြပါတယ်။ ၁၉၄၅ ခုနှစ်တွင်မူ ပထမဆုံး ဇာတ်လမ်းရှည် ဂျပန်ရုပ်ပြကာတွန်းဖြစ်သည့် မိုမိုတိုရိုရဲ့ နတ်စစ်သည်များ ကိုတော့ Seo မှရိုက်ကူးခဲ့ပြီး ဂျပန်ရေတပ်မတော့က ပံပိုးကူညီခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်တွင်ရိုက်ကူးခဲ့သော ဝဲဒစ်စနေ ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးခဲ့သော မယ်နှင်းဖြူလေးနင့်လူပုလေးခုနှစ်ယောက် ကာတွန်းဇာတ်လမ်းတွဲမှာလည်း ဂျပန်ကာတွန်းဆရာများရဲ့ အငွေ့အသက်များပါဝင်နေသည်ကိုတွေ့ရပါတယ်။ ၁၉၆၀ ခုနှစ်များတွင်မူ ဂျပန်ရုပ်ပြကာတွန်းဆရာ အိုဆာမူ တီဇူကာ သည် ဒစ်စနေမှ နည်းပညာများကို အတုယူခြင်းဖြင့် ကုန်ကျစရိတ်များနှင့် ထုတ်လုပ်မှုအဆင့်များကိုလျှော့ချနိုင်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်များတွင်မှု ဂျပန်ရုပ်ပြကာတွန်းများသည် ကျော်ကြားလာခဲ့ပြီး နောက်ပိုင်းတွင် ကာတွန်းရုပ်ရှင်အဖြစ်အသွင်ပြောင်းလဲလာခဲ့နိုင်ကြသည်။ ထိုသို့ပြောင်းလည်းလာခြင်းသည်မှာ ဂျပန်ရုပ်ပြကာတွန်းများ ၏နတ်ဘုရား ဟူသော်လည်ကောင်း ရုပ်ပြများ ၏ ဒဏ္ဍာရီ ဟူသောလည်ကောင်း တင်စားခေါ်ဝေါ်ခြင်းခံရသည့် အိုဆာမူ တီဇူကာ အပါအဝင် အခြားသော ရှေဆောင်လမ်းပြ ကာတွန်းဆရာများ ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]