အနုပညာသည်၏အားမာန်

ဝီကီပီးဒီးယား မှ

အနုပညာသည်၏အားမာန် ကဗျာကို ထီလာစစ်သူ ရေးသားခဲ့သည်။ လင်္ကာ ကဗျာအမျိုးအစား ဖြစ်သည်။ ကဗျာစာဆိုတစ်ဦး၏ ခံယူချက်၊ အားမန်၊ မျှော်မှန်းချက်ပန်းတိုင်တို့ကို ရေးဖွဲ့ထားသည်။

အနုပညာသည်၏အားမာန်[ပြင်ဆင်ရန်]

အနုပညာ၊ ပွင့်လင်းသာသော်
ကဗျာကောင်းကင်၊ ဈာန်သစ်ဝင်ခဲ့
ရင်မှပေါက်ဖွား၊ ပတ္တမြားကို
ပလွှားရင်ဆိုင်၊ အံတုပြိုင်လည်း
အနိုင်မခံ၊ မိုးသောက်ယံမှ
အလျှံရဲရဲ၊ မာန်မီးခဲပင်
အမြဲတောက်လောင်၊ ထွန်းသစ်ပြောင်လျက်
တန်ဆောင်မီးရှူး၊ ဟူးဟူးထန်အံ့။

အားမာန်ပြည့်ဖြိုး၊ သည်းပွတ်နိုးလော့
မိုးလည်းကျဉ်းစွ၊ မြေငယ်လှတည့်
သမုဒ္ဒရာ၊ မဖွဲ့သာသေး
လင်္ကာမာန်စိတ်၊ စေတသိတ်လျှင်
ယိုဖိတ်စွေစွေ၊ အသင်္ချေပါ
ငါသေသော်လည်း၊ ငါ့ပစ္စည်းတို့
သည်းစွာကျော်ကြား၊ ဟုန်းဟုန်းကြွားအံ့။

သိပ်သည်းနက်ရှိုင်း၊ လင်္ကာလှိုင်းလျှင်
အတိုင်းမသိ၊ စွမ်းအားရှိခဲ့
အဘိဓမ္မာ၊ ကြားခဲ့ပါလေ
ဩဇာတိက္ကမ၊ ဘုံလောကဝယ်
ဝင်းပတောက်လွန်း၊ ရွှေစင်သွန်းသို့
ရွှန်းလက်သရေ၊ တင့်တယ်ပေစွ
စာပေပွင့်ဖူး၊ ဆွတ်ပျံ့နူးမိ
မိုးဦးသရစ်၊ အားအင်သစ်သို့
ခေတ်ကိုနှိုးဆော်၊ ဟိန်းဟိန်းကျော်အံ့။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်