အဆုတ်နာရောဂါသို့မဟုတ်တီဘီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို တီဘီရောဂါ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
ရင်ဘတ်ဓာတ်မှန်ပုံရိပ်ဖော်ထားပုံ

အဆုတ်နာရောဂါသို့မဟုတ ်တီဘီ (TB ) (ကျူဘာကယ် ဘက်စီလပ်(ခ)၏ အတိုကောက်စာလုံး)သည် မိုက်ကို ဘက်တီးယီးရား ရောဂါပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သာမန်နှင့် ရံဖန်ရံခါ သေစေလောက်သည့် ကူးစက်ရော ဂါဖြစ်သည်။ လူတို့တွင် မိုက်ကိုဘက်တီးရီးရမ်း ကျူဘာကလို့ဆစ်ရောဂါပိုးကြောင့် ဖြစ်ရသည်။အဆုတ်နာရောဂါသည် များသောအားဖြင့် အဆုတ်ကို ထိခိုက်စေသော်လည်း အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်း များကိုလည်း ထိခိုက်စေနိုင်သည်။ ရောဂါရှိသည်သူ ချောင်းဆိုးခြင်း ၊ နှာချေခြင်း သို့မဟုတ် တံတွေးထွေးခြင်း ပြုလုပ်သည့်အခါ ရောဂါပိုးသည် လေထဲမှတဆင့်ပျံ့လွင့်သွားသည်။လူတွင်ရောဂါပိုးကူးစက်သည့်အခါ ရောဂါ လက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်း ရောဂါပိုးငုပ်နေသူ ဆယ်ယောက်တွင် တစ်ယောက်သာ အဆုတ်နာရောဂါ တိုးတက်ဖြစ်ပွားလာသည်။ အကယ်၍ ရောဂါထသည်ကို မကုသဘဲ နေမည်ဆိုပါက ရောဂါဖြစ်သူ 50% ထက်ပို၍ သေစေနိုင်သည်။

မာတိကာ

အထင်ကရလက္ခဏာများ [ပြင်​ဆင်​ရန်​]

အထင်ကရလက္ခဏာများမှာ နာတာရှည်ချောင်းဆိုးပြီး သလိပ်တွင်သွေးပါခြင်း ၊ ဖျားခြင်း ၊ ည အချိန်ချွေးထွက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ရောဂါ ကူးစက်လျှင် မြောက်များစွာသော ရောဂါလက္ခဏာများဖြစ်ပေါ်လာသည်။ ရောဂါရှာဖွေစစ်ဆေးခြင်းသည် ရေဒီယိုရောင်ခြည်နည်းပညာ (သာမန်အားဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း) အရေဟြးအောက် သို့ ကျူဘာကူလင် ထိုး၍စမ်း သပ်ခြင်း ၊ သွေးစစ်ဆေးခြင်းများတို့ အပေါ်မူတည်နေသည်။ ထိုနည်းတူစွာ အဏု ဇီဝမှန်ဘီလူးဖြင့်စစ်ဆေးခြင်းနှင့် ခန္ဓာကိုယ်မှထွက်သောအရည်များကို ရောဂါပိုးမွေးခြင်း တို့အပေါ်တွင်လည်း မူတည်ပါသည်။ ကုသရာတွင် ခက်ခဲပြီး အချိန်ကြာမြင့်စွာ ပဋိဇီဝဆေးများစွာ တိုက်ကျွေး ရန် လိုအပ် သည်။ ရောဂါရှိသူနှင့်ထိတွေ့ထားသူသည် ဆေးစစ်ရန်နှင့် အကယ်၍ လိုအပ်ပါက ကုသမှုခံယူရမည် ဖြစ်သည်။ ပဋိဇီဝဆေးကိုခံနိုင်ရည် ရှိလာသော (ကျယ်ပြန့်စွာ)ဆေးမျိုးစုံ မတိုးသည့် တီဘီရောဂါသည် တဖြည်းဖြည်းကြီးထွားလာသည့် ပြဿနာတစ်ခုဖြစ်သည်။ ရောဂါကာကွယ်ခြင်းသည် ကြိုတင်ဆေးစစ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ အပေါ်တွင် မူတည ်သည်။ အထူးသဖြင့် အသုံးများသည်မှာ Bacillus Calmette-Guérin ဟုခေါ်သောကာကွယ်ဆေးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါကူးစက ်ခံရသည်ဟု သုံးသပ်ထားပြီး၊တစက္ကန့်တိုင်းတွင် ရောဂါကူးစက်ခံရသူ အသစ်တစ် ယောက်နှုန်းထွက်ပေါ်နေသည်။နှစ်စဉ်နှစ်တိုင်း တီဘီ ရောဂါရှိသည့် လူဦးအရေအချိုးသည် ကမ္ဘာတဝန်းတွင်တည်ငြိမ်နေသည် သို့မဟုတ် လျော့ကျနေသည်။ သို့သော် လူဦးရေတိုးတက်မှုနှုန်းကြောင့် ရောဂါကူးစက် ခံရသူ အသစ်အရေအတွက်မှာ ဆက်တိုးနေဦးမည်ဖြစ်သည်။ [4] 2007 တွင် များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် နာတာရှည်ရောဂါဖြစ်သူ 13.7 သန်း ၊ ရောဂါ အသစ်ဖြစ်သူ 9.3 သန်းနှင့် ရောဂါကြောင့် သေဆုံး သူ ၊ 1.8 သန်းရှိသည်ဟု ခန့်မှန်းထားသည်။ ထို့အတူ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လူအများတွင် ခုခံအားကျဆင်း စေ သည့် ဆေးများသုံးစွဲခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် AIDS တို့ကြောင့် ၎င်းတို့၏ ခုခံအားစနစ်ကျဆင်းလာပြီး တီဘီရောဂါရရှိလာသည်။ တီဘီ ရောဂါ ပြန့်ပွားမှုသည် တစ်ကမ္ဘာ လုံးတွင် တစ်ပုံစံတည်းမဟုတ်ပါ။ ကျူဘာကူလင်စစ်ဆေးခြင်းဖြင့် တီဘီရောဂါ စစ်ဆေးရာ အာရှနှင့် အာဖရိ ကနိုင်ငံများတွင် 80% ရောဂါရှိပြီး အမေရိကန်နိုင်ငံတွင် လူဦးရေ၏ 5-10% သာ ရောဂါရှိသည်။

ရောဂါသွင်ပြင်နှင့်လက္ခဏာများ [ပြင်​ဆင်​ရန်​]

တီဘီရောဂါ၏အဓိက လက္ခဏာအမျိုးမျိုးနှင့်အဆင့်များသည် တစ်ခုနှင့်တစ်ခုရောထွေးနေတတ်ပြီးအချို့သည်ပို၍ (အားလုံးမဟုတ်) တိကျသောရောဂါမူကွဲများကိုသတ်မှတ်သည်။ မျိုးစုံသောရောဂါ လက္ခဏာ အမျိုးမျိုးသည် တစ်ပြိုင်နက်တည်းပြသနေသည်။
တီဘီရောဂါပိုးအား အီလက်ထရွန် အဏုဇီဝပုံရိပ်ဖော်ထားပုံ
800px-Mycobacterium phylogenetic tree.jpg

ရောဂါဖြစ်လာပြီဆိုလျှင် 75% မှာ အဆုတ်တွင်ဖြစ်ပွားသော အဆုတ်တီဘီဖြစ်သည်။ ရောဂါလက္ခဏများတွင် ရင်ဘတ်နာ ၊ ချောင်းဆိုးသွေးပါခြင်းနှင့် သုံးပတ်ထက်ကျော်လွန်၍ ရက်ရှည်ချောင်းဆိုးခြင်းများပါဝင်သည်။ စနစ်တကျ ရောဂါလက္ခဏာများတွင် ဖျားခြင်း ၊ ချမ်းတုန်ခြင်း ၊ ညဘက်ချွေးထွက်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ကိုုယ်အလေးချိန်ကျခြင်း ၊ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းနှင့် ရံဖန်ရံခါ အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း တို့ပါဝင်သည်။ အခြားကျန်သော 25% တီဘီရောဂါတွင် ရောဂါဖြစ်ပေါ်မှုသည် အဆုတ်တွင်မဟုတ်တော့ဘဲ အခြား သောအစိတ်အပိုင်းများတွင် ဖြစ်ပေါ်သည့်အတွက် အဆုတ်ကို ကျော်၍ ဖြစ်သည့် တီဘီဟု အလွယ်တကူ ခေါ်ဆိုထားသည်။ ထိုတီဘီရောဂါမျိုးသည် ခုခံအားကျဆင်းနေသည့် လူများနှင့် ကလေးငယ်များတွင် ဖြစ်ပွားသည်။ အဆုတ်ကိုကျော်လွန်၍ တီဘီဖြစ်နေသည့်နေရာများမှာ အဆုတ်အမြှေးပါး ၊် ဗဟို ဦးနှောက်နှင့် အာရုံကြောစနစ်တွင် ဖြစ်ပွားသော ဦးနှောက်အမြှေးရောင်ရောဂါ၊ အရည်ပြွန်စံနစ်တွင် ဖြစ်ပွားသော လည်ပင်းအကျိတ် ၊ ဆီးနှင့် လိင်အင်္ဂါလမ်းကြောင်း တို့တွင်ဖြစ်ပွားသော တီဘီရောဂါ နှင့် ကျောရိုးတွင် ဖြစ်ပွားသော တီဘီရောဂါ တို့ဖြစ် သည်။ အထူးပြင်းထန်သည့် ပုံစံတစ်ခုမှာ ပြန့်ပွားမှုမြန်ဆန်သည့် တီဘီဖြစ်ပြီး ၎င်းက ိုအစေ့အကျိတ် တီဘီ ဟု သာမန်အားဖြင့် ခေါ်ဆိုသည်။ အဆုတ်ကိုကျော်လွန်ဖြစ်ပွားသည့် တီဘီသည် အဆုတ်တီဘီနှင့်လည်း ပူးတွဲဖြစ်ပွားသည်။

ရောဂါကူးစက်ပြန့်ပွားပုံ [ပြင်​ဆင်​ရန်​]

တီဘီရောဂါဖြစ်နေသူ ချောင်းဆိုးသည့်အခါ နှာချေသည့်အခါ၊ စကားဟြေသည့်အခါ သို့မဟုတ် တံတွေးထွေးသည့်အခါ 0.5 မှ 5 µm မိုက်ကရွန်အထိရှိသည့် ရောဂါကူးစက်နိုင်သည့် ပိုးမွှားလေးပေါင်း မြောက် များစွာကို လေထဲသို့ လွှင့်ထုတ်လိုက်သည်။ တစ်ကြိမ်နှာချေလျှင် ပိုးမွှားလေးပေါင်း 40,000 အထိ ထုတ် လွှင့်ပေးသည်။ ယင်းပိုးမွှားလေးများထဲမှ တစ်ခုသည်ပင်လျှင် ရောဂါဖြစ်ပွားစေနိုင်သည်။ ရောဂါကူးစက် နိုင်သည့် အချိန်အဆသည် အလွန်သေးငယ်ပြီး ဘက်တီးရီးကောင်ရေဆယ်ကောင်ထက် နည်းလျှင်ပင် ၊ ရော ဂါကူးစက်ဖြစ်ပွားနိုင်သည်။ရောဂါဖြစ်သူနှင့် ကြာရှည်စွာထိတွေ့သူ ၊ မကြာခဏထိတွေ့သူနှင့် လက် ပွန်းတတီးထိတွေ့သူများသည် ရောဂါကူးစက်ခံရမှုမြင့်မားတတ်ပြီး ခန့်မှန်းခြေအားဖြင့် ရောဂါကူးစက်မှုနှုန်း သည် 22% ရှိသည်။ ရောဂါဖြစ်နေပြီးဆေးမကုသူတစ်ဦးသည် တစ်နှစ်လျှင်10–15ယောက်အထိ အခြားသူများအားရောဂါကူးစက်စေနိုင်သည်။ အခြားကူးစက်ခံရမှုမြင့်မားသည့်လူများတွင် တီဘီရောဂါရှိသည့်နေရာပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ မသန့်ရှင်းသော ဆေးထိုးအပ်သုံးစွဲသူများ ၊ လူစုလူဝေးများသည့်နေရာများတွင် နေထိုင်သူများနှင့် အလုပ်လုပ်သူများ ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု နည်းသူများ ၊ ဝင်ငွေနိမ့်ကျသူများ ၊ မျိုးနွယ်စု သို့မဟုတ်လူမျိုးစုလူနည်းစုတွင် အန္တရာယ်ရှိသူများ၊ ရောဂါအန္တရာယ်ရှိ လူကြီးများနှင့် ရောနှောနေတတ်သည့်ကလေးသူငယ်များ HIV/AIDS ကဲသို့ ခုခံအားကျဆင်းနေသည့် လူနာများ ၊ ခုခံအားကျဆင်းစေသည့် ဆေးဝါးသုံးစွဲသူများ နှင့် ရောဂါရှိလူနာများအားစောင့်ရှောက်ကုသပေးရသည့် ကျန်းမာရေးလုပ်သားများ ပါဝင်သည်။

ကူးစက်ခံရမှုသည် ရောဂါရရှိနေသူ (ရောဂါငုပ်လျှိုးနေသူမဟုတ်)ထံမှ ဖြစ်ပွားနိုင်သည်။တစ် ယောက်မှ အခြားတစ်ယောက် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နိုင်စွမ်းမှာ ရောဂါဖြစ်ပွားနေသူမှ ပိုးမွှားပေါင်း မည်မျှလေထဲသို့ လွှင့်ထုတ်ပေးနိုင်သည်၊ လေဝင်လေထွက်ကောင်းသည် မကောင်းသည် ၊မည်မျှကြာအောင် ရောဂါပိုးမွှားနှင့် ထိတွေ့နေရသည်နှင့် တီဘီရောဂါပိုး၏ ပြင်းအားတို့အပေါ်တွင် မူတည်ပါသည်။ထို့ ကြောင့် ရောဂါဖြစ်သူလူနာအား သီးခြားခွဲခြားထားခြင်းနှင့် ထိရောက်သည့် တီဘီကုသဆေးများ တိုက်ကျွေး ခြင်းတို့ဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကိုဖြတ်တောက်နိုင်ပါသည်။ ဆေးမယဉ်ပါးသေးသည့် တီဘီ ရောဂါရှိသူအား နှစ်ပတ်ကြာဆေးကုသပြီးပါက ထိုရောဂါရှိသူသည် လေထဲမှကူးစက်နိုင်သည့်အဆင့်မှ ကိုင် တွယ်ထိတွေ့မှ ရောဂါကူးစက်နိုင်သည့်အဆင့်သို့ လျော့ကျသွားသည်။ အကယ်၍ တစ်ဦးတစ်ယောက်သို့ရော ဂါ ကူးစက်ဖြစ်ပွားလာပါက အနည်းဆုံး 21 ရက် သို့မဟုတ် သုံးပတ်မှလေးပတ်အထိ မတိုင်ခင် ထို သူမှအခြားသူများသို့ ကူးစက်နိုင်ပါသည်။နွားများတွင် မိုင်ကိုဘက် တီးရီးယားဘိုးဗစ်ရောဂါပိုးကြောင့် တီဘီရောဂါဖြစ်သည့် နွားသား/အမဲသားများကို စားမိပါက တီဘီရောဂါ ရရှိနိုင်စေပါသည်။


[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Tuberculosis

ပြင်ပလင့်ခ်များ [ပြင်​ဆင်​ရန်​]