အစာအိမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အစာအိမ် (Stomach)
Stomach diagram.svg
လူ့ခန္ဓာကိုယ်အတွင်း အစာအိမ် တည်နေရာ
Illu stomach.jpg
cancer.gov: မှ ကားချပ်
* 1. en:Body of stomach
* 2. Fundus
* 3. en:Anterior wall
* 4. Greater curvature
* 5. Lesser curvature
* 6. en:Cardia
* 9. en:Pyloric sphincter
* 10. en:Pyloric antrum
* 11. en:Pyloric canal
* 12. en:Angular notch
* 13. en:Gastric canal
* 14. en:Rugal folds

en:Work of the United States Government
Latin Ventriculus
Gray's subject #247 1161
Nerve en:celiac ganglia, en:vagus[၁]
Lymph celiac en:preaortic lymph nodes[၂]
MeSH Stomach
Dorlands/Elsevier Stomach

အစာအိမ်သည် အစာလမ်းကြောင်း၏ ပိုမိုကျယ်ဝန်းသော ကြွက်သားအိမ်ဖြစ်သည်။ အစာချေစနစ်၏ ကနဦး အစာချေအင်္ဂါအဖြစ် အလုပ်လုပ်သည်။ အစာအိမ်သည် လည်မြိုနှင့် အူအကြား တည်ရှိသည်။ အစာအိမ်သည် အစာချေရာတွင် လိုအပ်သည့် အစာချေ အန်ဇိုင်းမ်နှင့် အက်ဆစ်များကို စစ်ထုတ်ပေးသည်။ အစာအိမ် ကြွက်သားများ ကျုံ့ခြင်း ပွခြင်းဖြင့် တဝက်တပျက် ချေဖျက်ထားသော အစာများကို အူသို့ ပို့ဆောင်ပေးသည်။

[ပြင်​ဆင်​ရန်​] အစာအိမ်

လူ၏ အစာအိမ်သည် အစာကြောင်းတစ်လျှောက်တွင် ဖောင်းပွပွ ဖြစ်နေသည့် အစိတ်အပိုင်း ဖြစ်၍ အစာပြွန်အောက်နားတွင် ရှိသည်။ ယင်းသည် အင်္ဂလိပ်အက္ခရာ J (ဂျေ) ကဲ့သို့ အတွင်းသို့ ကောက် နေ၍ ဝမ်းဗိုက်၏ လက်ဝဲဘက်တွင် တည်ရှိသည်။ အစာအိမ်၏ အပေါ်ဘက်စွန်းသည် အစာပြွန်နှင့် ဆက်နေ၍ အောက်ဘက်စွန်းသည ဒျူအိုဒီနမ်ခေါ်အူသိမ်ဦးနှင့် ဆက်နေသည်။ အစာအိမ်သည် သာမန် အားဖြင့် အလျား ၁၂ လက်မ၊ အကျယ် လေးလက်မခန့် ရှိသည်။


အလယ်တွင် ဖောင်းပွနေ၍ အဖျားနှစ်ဘက်၌ ကျဉ်းမြောင်းသော ထွက်ပေါက်တစ်ပေါက်နှင့် ဝင်ပေါက်တစ်ပေါက်ရှိသည်။ အစာပြွန်မှ အတွင်းသို့ ဝင်လာသောအပေါက်ကို ကာဒီအက်ဝင်ပေါက်ဟုခေါ်၍ အစာအိမ်မှ အပြင်သို့ထွက်သော အပေါက်ကို ပိုင်လောရစ်ထွက်ပေါက်ဟုခေါ်သည်။အစာအိမ်သည် ကြွက်သားအင်္ဂါဖြစ်သဖြင့် အူများကဲ့သို့ အတော်အတန် ကျုံ့နိုင် ကားနိုင်သည်။ လူကြီး အစာအိမ်သည် ၆၅ ကျပ်သားမှ ၉ဝ ကျပ်သားအထိလောက် ဆန့်သည်။ အစာ အိမ်၏ ပုံသဏ္ဌာန်မှာ အစာ အနည်းအများကိုလိုက်၍ အမျိုးမျိုး ပြောင်းတတ်သည်။ အစာမရှိသလောက် ဖြစ်နေသည့်အခါတွင် ပြားနေ၍ ပြွန်ကဲ့သို့ ရှိနေသည်။ အစာနှင့် ပြည့်နေသောအခါ ဖောင်းပွလာသည်။ လူကိုလိုက်၍လည်း အစာအိမ်ပုံ အမျိုးမျိုး ရှိတတ်သည်။ မြင့်၍ပိန်သောလူများတွင် ရှည်၍ ကျဉ်းသော အစာအိမ်များ ရှိတတ်ပြီးလျှင် ပု၍ ဝသောလူများတွင် တို၍ ကျယ်သော အစာအိမ်များ ရှိတတ်ကြသည်။


အစာချေ အင်္ဂါများတွင် အစာအိမ်သည် အရေးအကြီးဆုံး သော အင်္ဂါတစ်ခု ဖြစ်သည်။ အစာသိုလှောင်ရာ နေရာဖြစ် သဖြင့် တကြိမ်လျှင် အစာများများပင် စားနိုင်သည်။ အစာအိမ် သည် ယင်းမှထွက်သော ဂဲ့စ်တြစ် ရည်ခေါ် အစာအိမ်ရည်ဖြင့် အစာများကို ရောမွှေပြီးလျှင် အမြှုပ်ထအောင် ပြုလုပ်ပေးသည်။ ဤသို့ဖြင့် ခဲနေသော အစာများသည် ပျော့အိအိ ဖြစ်လာ၏။ အစာအိမ်သည် အစာတွင်ပါသော ပရိုတင်းများကို အစာအိမ် ဂလင်းများမှထွက်သော ဟိုက်ဒရိုကလောရစ် အက်ဆစ်နှင့် ပက်ပဆင်များဖြင့် ချေသည်။ ဟိုက်ဒရိုကလောရစ် အက်ဆစ် သည် အစာကို မပုပ်မသိုးအောင် ပြုလုပ်နိုင်သော သတ္တိရှိသည့် ပြင် ပန်ကရိများမှ ပန်ကရိရည်များ လွယ်ကူစွာ ထွက်ရန်ကို လည်း ပြုလုပ်ပေးသည်။ အစာအိမ်သည် အစာကို အူသိမ်သို့ မကြာမကြာ ထုတ်ပေးသည်။

အစာသည် အပေါ်ထိပ်ရှိ အစာပြွန်မှတစ်ဆင့် အစာအိမ်သို့ ဝင်၏။ ထိုနောက် အစာအိမ်၏ သန်မာသောကြွက်သားများ၏ မှန်မှန် ရှုံ့ပေးမှုကြောင့် အစာသည် အစာအိမ်တစ်လျှောက် ဝင်၍ ဝင်၍ လာလေသည်။ ယင်းသို့ဝင်လာရာ အောက်ပိုင်းရှိ ပိုင်လောရစ် ထွက်ပေါက်သို့တိုင် ရောက်ရှိရာ အစာလည်း ပျော့ အိအိ ဖြစ်လာလေသည်။ အစာအိမ်တွင် အစာမရှိသည့်အခါ ကြွက်သားရှုံ့ခြင်းများသည် ကျွနု်ပ်တို့အား ဆာလောင် မွတ်သိပ် စေသည်။

အစာသည် အစာအိမ်အောက်ပိုင်းရှိ ပိုင်လောရစ်ထွက်ပေါက် သို့ ရောက်သောအခါ ရှုံ့ကြွက်သားရစ် တစ်ခုက ပိတ်ဆို့ထား လိုက်၏။ အစာသည် အူများသို့ ထွက်သွားရန် အချိန်တန်သော အခါမှ ထိုရှုံ့ကြွက်သား ရစ်ပွင့်လာရာ ထိုအခါမှ အစာသည် အူများသို့ ဆင်းသွားလေသည်။ ဤသို့ အစာအိမ်သို့ အစာဝင်စ မှ အူများသို့ ထွက်သွား၍ အစာအိမ်တွင် အစာမရှိအောင်ကြိတ် ချေရသည့် အချိန်မှာ လူနှင့်အစာကိုလိုက်၍ ကြာသည်။ စား သောအစာသည် ကြေလွယ်၍ လူကလည်း ကျန်းမာစွာရှိခဲ့လျှင် ကြိတ်ချေရမည့် အချိန်မှာ မြန်သည်။ စားသော အစာကလည်း ကြေခဲ၊ လူကလည်း မကျန်းမမာရှိနေခဲ့လျှင် ကြိတ်ချေရမည့် အချိန်မှာ ကြာလေသည်။ များသောအားဖြင့် လူများစားသော အစာ၏ ကြေချိန်မှာ သုံးနာရီမှ ငါးနာရီအထိ ကြာတတ်သည်။ အစာအိမ်အတွင်းသို့ ဝင်လာသော အစာကို အစာအိမ်ရည် က အမျိုးမျိုး ပြုပြင်ပေး၏။ ဤအရည်သည် အစာအိမ် ဂလင်း များမှထွက်သော အရည်ကြည်ဖြစ်ရာ ရေ၊ ဆာ၊ ဟိုက်ဒရို ကလောရစ်အက်ဆစ်၊ ပက်ပဆစ် နှင့် ရင်နင်တို့ ပါဝင်ကြ သည်။ ရင်နင်သည် နို့ကိုခဲစေ၍ ပက်ပဆင်သည် ပရိုတင်းကို ကြေမြန်စေပြီးလျှင် နို့ကိုလည်း ခဲစေသည်။ အစာအိမ်သို့ အစာ ဝင်လာသောအခါ တံတွေးမှ ဖြစ်ပေါ်လာသော သွားရည်ပါစက ပါလာသည်။ ဤသွားရည်ပါစကသည် ကျက်ပြီးဖြစ်သော ကစီ ကို ချေသည်။

ကလေးသူငယ်များတွင် အစာအိမ်၌ရှိသော အဆီကိုချေသည့် အင်ဇိုင်းရှိသည်။ ဤအင်ဇိုင်းသည် လူကြီးများတွင် အရေးမကြီး လှချေ။ အစာအိမ်ရှိ အစာကို ချေခြင်းသည် အူများရှိ အစာကို ချေခြင်းလောက် အရေး မကြီးလှချေ။ အစာအိမ်သည် အသက် ရှင်မှုအတွက် လိုအပ်သောအရာ မဟုတ်ပေ။ အစာအိမ်ကင်ဆာ ရောဂါဖြစ်သော လူနာများတွင် အစာအိမ်တစ်ခုလုံးကို ယူထုတ် ထားလိုက်တတ်သည်။ အစာအိမ်နာနှင့် ကင်ဆာရောဂါ အငယ် စား ဖြစ်ပွားသော လူနာများတွင် အစာအိမ် အတော်များများကို မကြာမကြာ ထုတ်ယူခဲ့ရဖူးလေသည်။[၃]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Template:GeorgiaPhysiology
  2. Template:NormanAnatomy
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်