အစာခြေ စနစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အစာခြေစနစ် (အင်္ဂလိပ်ဘာသာဖြင့်- Digestion, Digestive System) သည် အစားအစာတစ်ခုအား အစိတ်အပိုင်းများအတွင်းသို့ သဘာဝအလျောက် လှုပ်ရှားမှု နှင့် ဓာတုဗေဒဆိုင်ရာ ဖြိုဖျက်ခြင်းဖြစ်ပြီး သွေးအတွင်းသို့ ရောက်ရှိစေခြင်းကို ဆိုလိုသည်။

အစာခြေလမ်းကြောင်းကို Gastrointestinal (GI) tract ဟု ခေါ်သည်။ အစာခြေအင်္ဂါများနှင့် အခြားအင်္ဂါတို့ ပါဝင်သည်။ ၄င်းတို့က စားလိုက်သောအစာအား (ဆဲလ်)များက စုပ်ယူနိုင်သည့် (မောလီကြူး)များအဖြစ် အဆင့်ဆင့် ပြောင်းပေးခြင်း ဖြစ်သည်။ Mouth ပါးစပ်၊ Pharynx အာခေါင်။ Esophagus အစာမြိုပြွန်။ Stomach အစာအိမ်၊ Small intestine အူသိမ်၊ Large intestine အူမကြီး၊ Rectum အစာဟောင်းအိမ်၊ Anus စအိုတို့ ပါဝင်သည်။

အဓိက လုပ်ဆောင်ချက်သုံးရပ်ရှိပြီး ၄င်းတို့မှာ-

  1. အစာခြေခြင်း(Digestion )
  2. အစာစုပ်ယူခြင်း(Absorption )
  3. အစာဟောင်း စွန့်ထုတ်ခြင်း(Elimination) တို့ဖြစ်ကြသည်။

အစာကို (ဆဲလ်)များက အသုံးပြုနိုင်သည့် (မော်လီကြူး) များအထိ ဖြစ်လာစေရန် အဆင့် (၆)မျိုးရှိသည်။ Ingestion အစာကို ပါးစပ်ထဲသွင်းခြင်း၊

  • Mechanical Digestion အစာကိုသေးငယ်သွားအောင် ဝါးခြင်း၊ ရောနှောခြင်း၊ ယင်းအလုပ်ကို (အင်ဇိုင်း) များက အလုပ်လုပ်ပေးနိုင်စေသည်အထိ လုပ်ရသည်။
  • Chemical Digestion အစာထဲမှ (ကာဗွန်ဟိုက်ဒရိတ်)၊ (ပရိုတင်း) နှင့် အဆီတို့အား ရိုးရိုး (မော်လီကြူး) များ ဖြစ်လာစေရန် ဓါတုအစာချက်ခြင်း၊
  • Movements အစာအား ဝါးပြီးနောက် လှုပ်ရှားမှုဖြင့် အထက်ပိုင်းမှ အောက်ပိုင်းသို့ ဆင်းစေရသည်။ မြိုချခြင်းဟု ခေါ်သည်။ ပါးစပ်၊ အာခေါင်၊ အစာမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာနှင့် အစာခြေ ရည်များ၊ (အင်ဇိုင်း)များ ရောနှောကာ အစာအိမ်နှင့် အူတို့၏ကြွက်သားများ ရှုံ့ပေးခြင်းဖြင့် အထက်မှ အောက်သို့ ရွေ့လျားစေသည်။ ထိုသို့ စီးချက်ကျသကဲ့သို့ လှုပ်ရှားနေမှုကို Peristalsis (ပယ်ရီစတောလ်ဆစ်) ဟုခေါ်သည်။
  • Absorption (မော်လီကြူး) များသည် (ဆဲလ်) တို့က စုပ်ယူနိုင်သည့်အဆင့် ရောက်လာလျင် အူသိမ်၊ သွေး၊ (လင့်ဖ်) နံရံများကတဆင့် စုပ်ယူခြင်းလုပ်သည်။
  • Elimination အစာမခြေနိုင်သော၊ စုပ်မယူနိုင်သော (မော်လီကြူး)များအား စအိုမှတဆင့်စွန့်ထုတ်သည်။ ဝမ်းသွားသည် ဟုခေါ်သည်။

အစာခြေလမ်းကြောင်းကြီးသည် (၉)မီတာရှည်သည်။ ပါးစပ်မှ စအိုအထိ အပိုင်းပိုင်းရှိသော်လည်း တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် တူညီသည်။ အစာခြေလမ်းကြောင်း၏ နံရံ၊ (မြူကိုဆာ)အလွှာ၊ (ဆပ်မြူကိုဆာ) အလွှာ၊ (မာစကူလာ) အလွှာ၊ (ဆီးရပ်စ်) အလွှာတို့ရှိသည်။

ပါးစပ်[ပြင်​ဆင်​ရန်​]

စားလိုက်သောအစာများကို ထည့်သွင်းယူလျက် သေးငယ်စေရန် ဝါး၍ မြိုချပေးသည်။ နုပ်ခမ်း၊ ပါး၊ အာခေါင်၊ သွားများနှင့် လျာတို့ကလုပ်ပေးသည်။ သွားရည်ထွက်သော(ဂလင်း)များ၊ သွားရည်များကို လက်ခံသည်။

သွားများ[ပြင်​ဆင်​ရန်​]

Milk teeth, baby teeth, temporary teeth, primary teeth ငယ်သွားများ၊ ၂ဝ ချောင်းရှိသည်။

  • အောက် အလည်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။
  • အထက် အလည်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။
  • အထက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။
  • အောက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။
  • ပဌမအန်ရှေ့သွားများ ၄ ချောင်း၊ ၁၃-၁၉ လ။
  • အထက်-အောက် စွယ်သွားများ ၄ ချောင်း၊ ၁၆-၂၃ လ။
  • အထက်-အောက် ဒုတိယအံသွားများ ၄ ချောင်း၊ ၂၂-၃၃ လ။

ကြီးသွားများသည် စုံလင်ချိန်၌ စုစုပေါင်း ၃၂ ချောင်းရှိသည်။ ၆ နှစ်မှစပေါက်ပြီး ၁၃ နှစ်တွင် ၂၈ ချောင်း ရှိပြီ။ အန်ဆုံးတို့သည် ၁၇-၂၁ နှစ်ရောက်မှပေါက်သည်။ သွားတို့၏ တည်ရှိပုံမှာ-

  • အောက် ရှေ့သွားများ ၄ ချောင်း၊
  • အထက် ရှေ့သွားများ ၄ ချောင်း၊
  • အောက် စွယ်သွားများ ၂ ချောင်း၊
  • အထက် စွယ်သွားများ ၂ ချောင်း၊
  • အောက် ရှေ့အံသွားများ ၄ ချောင်း၊
  • အထက် ရှေ့အံသွားများ ၄ ချောင်း၊
  • အောက် အံသွားများ ၆ ချောင်း၊
  • အံသွားများ ၆ ချောင်း၊

Salivary Glands တံတွေးထွက်သည့် (ဂလင်း)များ

  • (1)ပရောတစ် ဂလင်း Parotid gland ၊
  • (2) ဆပ် မင်ဒီဗယ်ဂလင်း(Submandibular gland)
  • (3) ဆပ် လင်ဂွယ်ဂလင်း (Sublingual gland )

တံတွေးထဲတွင် ရေ။ (မြူးကပ်စ်) ခေါ် အချွဲ နှင့် Amylase enzyme (အမိုင်လေ့စ်-အင်ဇိုင်း)တို့ ပါဝင်သည်။ သွားကို သန့်ပေးခြင်း၊ အစားအစာကို ဝါးနေစဉ်နှင့် မြိုစဉ် စိုစွပ်စေခြင်း၊ အစားအစာကို အရသာ ခံနိုင်စေရန် ကူညီခြင်း၊ အစားအစာထဲမှ ကစီဓါတ် (ကာဗွန်ဟိုက်ဒရိတ်) အား ခြေဖျက်ခြင်း၊ Palate (ပဲလိတ်) အာခေါင် ပါးစပ်၏အမိုးဖြစ်ပြီး၊ နှာခေါင်းပိုင်းနှင့် ခြားထားသည်။ ရှေ့ပိုင်းကအရိုးရှိ၍ မာပြီး၊ နောက်ပိုင်းက ပြော့သည်။ အဆုံးပိုင်းကို Uvula (ယူဗြူလာ) ဟုခေါ်သည်။ အစာကိုမြိုချစဉ် ၄င်းနောက်ပိုင်းက အပေါ်သို့ မျက်နှာမူ ပေးခြင်းဖြင့် အစာအား နှာခေါင်းနှင့် ဝေးစေသည်။

Tongue (တန်းခ်) လျာ အစာကို ထိန်းပေး ရွေ့ပေးသည်။ စကားပြောရာတွင်သုံးသည်။ ၄င်း၏မျက်နှာပြင်၌ Papillae (ပဲလိတ်) ရှိသောကြောင့် ချောမွေ့စေခြင်းနှင့် အရသာခံခြင်းလုပ်ပေးသည်။

Pharynx (ဖေးရင့်) အာခေါင် (ပါးစပ်နှင့်နှာခေါင်း) အား Larynx (လေးရင်စ်) အသံအိုးနှင့် Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်တို့နှင့် ဆက်ပေးထားသည်။ ထို့ကြောင့် အစာလမ်းအလုပ်နှင့်အသက်ရှူလမ်း အလုပ်နှစ်မျိုးလုံးအသုံးဝင်သည်။

Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန် ပြားနိုင်-ဖေါင်းနိုင်သည့်ကြွက်သားနှင့်လုပ်ထားသည်။ အာခေါင်မှ အစာအိမ်ထိ ရှည်သည်။ လေပြွန်ကြီးနောက်မှဆင်းကာ Diaphragm (ဒိုင်ယာဖရမ်) ခေါ် ကြွက်သားကြီး၏ အပေါက်တခုထဲဝင်ကာ အစာအိမ်နှင့် ဆက်သွားသည်။ အဝများတွင် Sphincters (စဖင်တာ)ရှိ၍ အစာပြန်တက်ခြင်းမဖြစ်ရန် ထိန်းပေးသည်။

အစာအိမ်[ပြင်​ဆင်​ရန်​]

အစာမြိုပြွန်မှ ဝင်လာသည့်အစာများကို လက်ခံကာ ဆက်လက်၍ အောက်ပို့ ပေးသည်။ (၄)ပိုင်း ခွဲထားသည်။ Fundus (ဖန်းဒတ်စ်)၊ Cardiac (ကားဒီယက်)၊ Body ကိုယ်ထည် နှင့် Pylorus (ပိုင်လိုးရပ်) တို့ ဖြစ်သည်။ အစာအိမ် အတွင်းနံရံတွင်ရှိသော(ဆဲလ်)များက Gastric juice (Hydrochloric acid) ထုတ်ပေးသည်။ အကျယ်ဆုံး နေရာသည် 12” x 6” ရှိသည်။ အရက် နှင့် Aspirin ဆေးတို့ကို စုပ်ယူနိုင်သည်။

အူသိမ် Small Intestine (စမောလ်-အင်တက်စတိန်း)[ပြင်​ဆင်​ရန်​]

အစာအိမ်၏ နောက်ဆုံးပိုင်းဖြစ်သော Pylorus (ပိုင်လိုးရပ်)မှ ဆက်၍ Large intestine အူမကြီး၏အစထိ ရှည်သည်။ အစာခြေခြင်းအလုပ်၊ စုပ်ယူခြင်း အလုပ်များ အပြီးသတ် လုပ်ပေးသည်။ ၄င်း၏ လမ်းတလျောက် Liver အသဲ။ Pancreas (ပန်ကရိယပ်စ်) သရက်ရွက်၊ Gall bladder (ဂေါလ်-ဗလဒါ) သည်းခြေအိပ်တို့နှင့် ဆက်စပ်နေသည်။ အစပိုင်းအား Duodenum (ဒူယိုဒီနမ်)၊ အလည်ပိုင်းကို Jejunum (ဂျက်ဂျူနမ်)၊ အောက်ပိုင်းအား Ileum (အီလီယမ်)ဟုခေါ်သည်။ အတွင်းနံရံမှ အစာခြေရည်များ mucus, peptidase, sucrase, maltase, lactase, lipase, and enterokinase ထုတ်ပေးသည်။

အူမကြီး Large intestine[ပြင်​ဆင်​ရန်​]

အစပိုင်း Caecume (စေကမ်)၊ အထက်-ဘေးတိုက်-အောက်ဆင်းသည့်အပိုင်း Colon (ကိုလုံ)၊ အစာဟောင်းအိမ် Rectum (ရက်တမ်) ဟူ၍(၃)ပိုင်းခေါ်သည်။ ၅ စင်တီမီတာရှည်သည်။ စအို Anal cannel (အေနယ်-ကင်နယ်) သည် ၂-၃ စင်တီမီတာရှည်သည်။ အစာခြေရည်မထုတ်၊ ရေနှင့် ဓါတ်ဆားများ စုပ်ယူပေးသည်။ ဝမ်းကိုထုတ်ပြစ် ပေးသည်။ စအိုအဝ၌ Internal and External anal sphincters (စဖင်တာ)များရှိသည်။

အသဲ Liver (လစ်ဗာ)[ပြင်​ဆင်​ရန်​]

ဝမ်းဗိုက်၏ အပေါ်ညာဘက်ပိုင်းတွင် (ဒိုင်ယာဖရမ်)၏ အောက်၌ ရှိသည်။ ခန္ဓာကိုယ်၏ အကြီးဆုံးသော အင်္ဂါ ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြီးသော ညာဘက်ခြမ်း နှင့် ငယ်သော ဘယ်ဘက်ခြင်းဟု ခွဲနိုင်သည်။ အသဲထဲသို့ ဝင်သည့် သွေးမှာ နှစ်နေရာမှ ဖြစ်သည်။ တမျိုးသည် သွေးလွှတ်ကြောမှ သန့်ထားပြီးသော သွေးများနှင့် အစာခြေလမ်းကြောင်းမှ အာဟာရဓါတ်များ ပါသည့်သွေး များဖြစ်သည်။

သည်းခြေအိပ် Gall bladder (ဂေါလ်-ဘလယ်ဒါ)[ပြင်​ဆင်​ရန်​]

သစ်တော့သီးပုံရှိသည့် အသဲအား အောက်က တွယ်နေသော အိပ်ဖြစ်သည်။ Bile (ဘိုင်းလ်) ခေါ် အသဲမှထုတ်ပေးသည့် သည်းခြေရည်အား သိုလှောင်ထား သည်။ ၄င်းသည် အဆီကို ကျေချက်ရန် ဖြစ်သည်။ Pancreas (ပန်ကရိယ) သရက်ရွက် သည် Insulin (အင်စူလင်)ခေါ် ဆီးချို ထိန်းသည့် ဟော်မုန်း နှင့် အခြားဟော်မုန်း ထုတ်ပေးသည်။ ထို့ပြင် အစာခြေ (အင်ဇိုင်း)တမျိုးကိုလည်း ထုတ်ပေးသည်။

အသဲ၏အလုပ်များ[ပြင်​ဆင်​ရန်​]

  1. စစ်ထုတ်ခြင်း(secretion)
  2. (ဗိုင်းလ်)ဆားချက်ခြင်း(synthesis of bile salts)၊
  3. သွေးထဲရှိ (ပလစမာ) ချက်ခြင်း(synthesis of plasma protein )၊
  4. သိုလှောင်ပေးခြင်း(storage)၊
  5. အဆိတ်ဖြေပေးခြင်း(detoxification )၊
  6. စွန့်ထုတ်ပေးခြင်း(excretion)၊
  7. (ကာဗွန်ဟိုက်ဒရိတ်)အား ချက်ပေးခြင်း(carbohyrate metabolism )၊
  8. အဆီကို ချက်ပေးခြင်း(lipid metabolism )၊
  9. (ပရိုတင်းအား) ချက်ပေးခြင်း(protein metabolism )၊
  10. စစ်ပေးခြင်း(filtering )