အင်းလျားကန်

Wikipedia မှ
(အင်းယားကန် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အင်းယျားကန် ကို ဂူးဂဲလ်အက် မှ မြင်ရပုံ

အင်းလျားကန် ဟာ မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့ ရဲ့ အကြီးဆုံးကန်တခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ထင်ရှားတဲ့ အပန်းဖြေ နေရာ တစ်ခုလည်းဖြစ်ပါတယ်။ရန်ကုန်မြို့လယ်ပိုင်း အနီးမှာ တည်ရှိပြီးတော့ မြောက်ဘက်မှာ ပါရမီလမ်းမကြီး ၊အနောက်ဘက်မှာ ပြည်လမ်းမကြီး ၊အနောက်တောင်ဘက်မှာ အင်းလျားလမ်းကြီး တို့နှင့် ဝန်းရံထားပြီး၊ တောင်ဘက်မှာ ရန်ကုန်တက္ကသိုလ် သို့ သွားသောလမ်း နှင့် အရှေ့ဘက်မှာ ကမ္ဘာအေး ဘုရားလမ်း တည်ရှိပါသည်။ အင်းယျားကန် ပတ်လည် ဝန်းကျင်တွင် ဦးနေဝင်း၏ နေအိမ်၊ ဂဠုန်ဦးစော နေအိမ်၊ အမေရိကန် ကလပ်အင်းယျားလိတ် ဟိုတယ်၊ မရီနာ ဟောက်စ်၊ မြကျွန်းသာ ပန်းခြံဒေါ်အောင်ဆန်းစုကြည် နေအိမ်၊ အမေရိကန် သံရုံးစိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာဘုတ်ကလပ်ရန်ကုန် ရွက်လှေအသင်းစိမ်းလန်းစိုပြေ ပန်းခြံတက္ကသိုလ် ရေကူးကန်၊ အိုင်ဘီစီ၊ ပြည်လမ်းရှိ နာမည်ကျော် အင်းယျားကန်ဘောင် နှင့် အခြား အိမ်ကြီးအိမ်ကောင်း များ တည်ရှိကြသည်။

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

၁၈၈၂ နှင့် ၁၈၈၃ မှာ ရန်ကုန်မြို့ ရေပေးဝေရေး အတွက် ဗြိတိသျှ တို့က ဖန်တီးခဲ့သည်။ ရေများ ဖြန့်ဖြူးရေးအတွက် အင်လျားကန် ကနေ ကန်တော်ကြီး ကို ရေပိုက်များနှင့် ဆက်သွယ်ထားပါသည်။

[ပြင်​ဆင်​ရန်​] အင်းယျားကန်ပန်းခြံ

အင်းယျားကန် ပန်းခြံ ဟာ ရန်ကုန်တက္ကသိုလ် ၏ အနောက်ဘက်မှာ တည်ရှိပြီး ယခင် က တက္ကသိုလ် စုံတွဲများ အတွက် နာမည်ကြီး နေရာတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်၊ သီချင်း တို့ ရိုက်ကူးလေ့ ရှိရာ နေရာ တစ်ခုလည်း ဖြစ်သည်။ နိုင်ငံခြား ဧည့်သည်တော်များ အနေဖြင့် ရေကူးခြင်းရွှက်လှေစီးခြင်း နှင့် အားကစား လုပ်ဆောင်ရာ နေရာတစ်ခု ဖြစ်ပြီး ရန်ကုန် ရွက်လှေအသင်း တည်ရှိရာ နေရာ တစ်ခုလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ် မေလမှာ ဂျွန် ဝီလီယံ ယက်တော ဆိုသူက အင်းယျားကန်ကို ဖြတ်ကူးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ဝင်ရောက်ခဲ့သည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ