အင်ဒဲဗား အာကာသ လွန်းပြန်ယာဉ်
Wikipedia မှ
အင်ဒဲဗား အာကာသ လွန်းပြန်ယာဉ် (Endeavour) အမေရိကန် ပြည်ထောင်စု အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန ခေါ် နာဆာလက်အောက်ရှိ ကနေဒီအာကာသစင်တာတွင် အာကာသ ခရီးစဉ်များကို ပျံသန်းသွားလာနေသည့် ပဉ္စမမြောက် အာကာသ လွန်းပြန်ယာဉ် တစ်စီးဖြစ်သည်။ ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ပထမဦးဆုံး ပျံသန်းခဲ့ပြီး ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် နောက်ဆုံး ခရီးစဉ်ကို စတင်ခဲ့သည်။ ဤခရီးစဉ်အပြီးတွင် အနားပေးတော့မည် ဖြစ်သည်။