အတွင်းထုတ် ဂလင်းအဖွဲ့

ဝီကီပီးဒီးယား မှ
(အင်ဒိုခရိုင်း စနစ် မှ ပြန်ညွှန်းထားသည်)

ဇီဝကမ္မဗေဒပညာ (Physiology) အရ အင်ဒိုခရိုင်း စနစ် (Endocrine system) သည် ဂလင်းခေါ် အချွဲအိပ်များ (အကျိတ်) ၏ လုပ်ငန်းတာဝန်စနစ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် gland (ဂလင်း) ခေါ် အိပ် နှစ်မျိုးရှိသည်။

Exocrine Glands (အိတ်ဆိုခရိုင်း-ဂလင်း) များ။ ။ ချွေးထွက်သော Sebaceous ဂလင်းများ၊ မင်မရီ-ဂလင်း(Mammary glands) နို့ထွက်သော ဂလင်းများ၊ အစာခြေရည်ထွက်သော ဂလင်းများ(Digestive enzymes)၊
အင်ဒိုခရိုင်း-ဂလင်း(Endocrine Glands) များ။ ။ ဟော်မုန်းများ ထုတ်ပေးသည်။ အာရုံကြောစနစ်နှင့် တွဲလျက် ခန္ဓာကိုယ်၏ အလုပ်များကို မျှတနေအောင်လုပ်ပေးသည်။
  • ပစ်ကျူထရီ (Pituitary Glands)။ ။ Anterior pituitary မှ ACTH, TSH, PRL, GH, Endorphins, FSH နှင့် LH ဟော်မုန်းများ၊ Posterior pituitary မှ Oxytocin နှင့် ADH ဟော်မုန်းများ ထုတ်ပေးသည်။
  • ပိုင်နီရယ်(Pineal Gland)ဂလင်းများ။ ။ မျိုးပွားခြင်းနှင့် ဇီဝအလုပ်များနှင့်ဆိုင်သည့် ဟော်မုန်းများ ထုတ်ပေး သည်။
  • သိုင်းရွိုက်(Thyroid Glands) ဂလင်းများ။ ။ လည်ပင်း၏ ရှေ့တွင်ရှိ၍ သွေးရွှင်သည့် အင်္ဂါတခုဖြစ်သည်။ ဘယ်-ညာ နှစ်ခုရှိသည်။ Thyroxine သိုင်ရောက်ဆင်း၊ Triiodothyronine ထွိုင်အိုင်အိုဒို-သိုင်ရိုနင် ခေါ် (အိုင်အိုဒင်း) ပါသည့် ဟော်မုန်းများ ထုတ်ပေးသည်။ (အိုင်အိုဒင်း) နည်းသည့်အခါ Goitre ခေါ် လည်ပင်းကြီးရောဂါ ရစေသည်။
  • ပါရာ-သိုင်းရွိုက်ဂလင်း(Parathyroid Gland)။ ။ သိုင်းရွိုက်ဂလင်းပေါ်၌ ပေါင်း(၄)ခုရှိသည်။ သွေးထဲမှ (ကယ်လ်စီယန်) အား ထိန်းပေးသည်။
  • အဒီနယ် (Adrenal Glands)ဂလင်းများ။ ။ ကျောက်ကပ်နှစ်ခု၏အပေါ်၌ရှိသည်။ Steroid စတီရွိုက်များ ထုတ်ပေးသည်။
  • ပန်ကရိယပ်စ်(Pancreas )ဂလင်းများ။ ။ သရက်ရွက်ဟုလည်းခေါ်သည်။ အစာအိမ်၏နောက်ဘက်တွင်ရှိပြီး Duodenum အူသိမ်၏ အစပိုင်း(စီ)ပုံအကွေးထဲမှစကာ Spleen ဘေလုံးအထိ ရှည်လျားသည်။ Insulin ခေါ် ဆီးချိုကို ထိန်းသည့် ဟော်မုန်း ထုတ်ပေးသည်။
  • တက်စ်တေ့စ် (Testes ) (ကျားအစေ့)။ ။Male sex hormones ကျားဟော်မုန်း Androgen (Testosterone) များ ထုတ်ပေးသည်။
  • အိုဗရီ(Ovaries) (မမျိုးဥအိမ်)။ ။ Estrogens (အီစထိုဂျင်) နှင့် Progesterone (ပရိုဂျက်စတီရုန်း) ခေါ် မ-ဟော်မုန်းများ ထုတ်ပေးသည်။
  • အခြားဂလင်းများ (Other Endocrine Glands ။ ။ Thymus သိုင်းမတ်စ်။ Stomach အစာအိမ်၊ Small intestines အူသိမ်။ Placenta အချင်း၊ Heart နှလုံး။