အင်တာနက် ဆင်ဆာပြုလုပ်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporter Without Borders) အင်တာနက်ဆင်ဆာပြုလုပ်ခြင်း အတန်းအစားခွဲခြားမှုများ
*အပြာရောင်မှာ ဆင်ဆာပြုလုပ်ခြင်းမရှိသည်ကို ရည်ညွှန်းသည်။
*အဝါရောင်မှာ ဆင်ဆာပြုလုပ်ခြင်းအချို့ရှိသည်ကို ရည်ညွှန်းသည်။
*အနီရောင်မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ လက်အောက်တွင် စောင့်ကြည့်ခြင်းခံရသောနိုင်ငံများကို ရည်ညွှန်းသည်။
*အနက်ရောင်မှာ အင်တာနက်တွင်းနက်များ (အလွန်တင်းကျပ်စွာ ) ဆင်ဆာပြုလုပ်ထားသောနိုင်ငံများကို ရည်ညွှန်းသည်။

ဆင်ဆာ လုပ်ခြင်း

မီဒီယာ အားဖြင့်တားမြစ်ထားသော စာအုပ်များ ၊ တားမြစ်ထားသော ရုပ်ရှင်များ ၊ ပြန်လည်တည်းဖြတ်ထားသော ရုပ်ရှင်အင်တာနက်ဂီတ ၊ စာနယ်ဇင်း ၊ ရေဒီယို ၊ အတွေးအမြင်မိန့်ခွန်း နှင့် ဖော်ပြချက်၊ ဗီဒီယိုဂိမ်းများ

နည်းလမ်းများ အချက်ပေး မြည်သံ ၊ စာအုပ်ကို မီးရှို့ ဖျက်ဆီးခြင်း၊ ထုတ်လွှင့်မှု နှောင့်နှေးခြင်း ၊ ၊ ပူးပေါင်းကြံစည်ခြင်းကို ရေငုံနှုတ်ပိတ်နေခြင်း၊ ပါဝင်သည့်- အကြောင်းအရာကို ထိန်းချုပ်သည့် ဆော့(ဖ်)ဝဲ၊ စကားယဉ်၊ အငြိအစွန်းဖြစ်နိုင်သော စာပိုဒ်များကို ဖယ်ရှားခြင်း၊ နှုတ်ပိတ် အမိန့် ၊ ၊head clean ၊ memory hold ၊ သတင်းစာတွင် ဖော်ပြချက်ကို ဆင်ဆာပြုလုပ်ခြင်း၊ ပုံရိပ်ကို မှုန်ဝါးအောင်ပြုလုပ်ခြင်း၊ စာကို စစ်ဆေးခြင်း၊ လူထုဆီသို့ ဆက်သွယ်မှုများ ရောက်ရှိခြင်းကို တားဆီးခြင်း၊ ပြန်လည်ပြင်ဆင်ရေး ဝါဒ၊ ကိုယ်တိုင် ဆင်ဆာပြုလုပ်ခြင်း၊ စကားပြောဆိုခြင်း ဥပဒေသ၊ ဗျူဟာမြောက်သော တရားမမှု၊ နှုတ်ဖြင့် ရိုင်းပြခြင်း၊ ဖုံးဖိဖာထေးခြင်း

ဆက်စပ်စဉ်းစားရမည့် အခြေအနေ ကော်ပိုရေးရှင်း ၊ နိုင်ငံရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ သဘောတရားရေးရာ ရာဇဝတ်မှုမြောက်သော အပြောအဆို၊ မုန်းတီးခြင်းဆိုင်ရာ အပြောအဆို၊ မီဒီယာ ဘက်လိုက်မှု၊ သဘောထား ကွဲလွဲမှုကို ဖုံးဖိခြင်း

မာတိကာ

နိုင်ငံအလိုက်ဆင်ဆာပြုလုပ်ခြင်း၊ လွတ်လပ်စွာ ပြောဆိုမှု[ပြင်​ဆင်​ရန်​]

အင်တာနက် ဆင်ဆာလုပ်ခြင်း ဆိုသည်မှာ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များကို ထုတ်ဝေခြင်း သို့မဟုတ် ရယူခြင်းတို့တွင် ထိန်းချုပ်ထားခြင်း သို့မဟုတ် ဖုံးဖိထားခြင်း ဖြစ်သည်။ ဥပဒေဆိုင်ရာ အကြောင်းများမှာ အင်တာနက်လိုင်းပေါ်တွင်မဟုတ်သော ဆင်ဆာပြုလုပ်ခြင်းနှင့် အလားတူသည်။ ခြားနားမှုတစ်ခုမှာ နိုင်ငံ စည်းခြားခြင်းများသည် အွန်လိုင်းတွင် ပို၍ ထိုးဖောက် ပျံ့နှံ့နိုင်သည်။ နိုင်ငံရှိ နေထိုင်သူများအား ပိတ်ပင်ထားသော အချို့သတင်းအချက်အလက်များကို နိုင်ငံပြင်ပမှ တင်ဆက်သော ဝက်(ဘ်)ဆိုဒ်များတွင် ရရှိနိုင်သည်။ အုပ်ချုပ်သူအစိုးရ တစ်ခုသည် ဝက်(ဘ်)ဆိုဒ်များအပေါ် ၎င်းတို့ကိုယ်တိုင် ထိန်းချုပ်ခြင်းမရှိလျှင်ပင် ၎င်း၏ နိုင်ငံသားများကို ထိုသို့သော သတင်းအချက်အလက်များကို ကြည့်ရှုခြင်းမှကာကွယ်ရန် ကြိုးစားနိုင်သည်။ စစ်ထုတ်ခြင်းကို အမည်ပျက်စာရင်း တစ်ခု ကို အခြေခံ၍ ပြုလုပ်နိုင်သည် သို့မဟုတ် ပြောင်းလဲနေနိုင်သည်။ အမည်ပျက်စာရင်းကို အသုံးပြုရာတွင် စာရင်းသည် ပုံမှန်အားဖြင့် ထုတ်ဝေမထားပေ။ စာရင်းကို လူအားဖြင့်သော်လည်းကောင်း၊ အလိုအလျောက်သော်လည်းကောင်း ပြုစုနိုင်သည်။

မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံတွင် အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာများကို လုံးလုံးလျားလျား ထိန်းချုပ်မှုပြုရာတွင် အင်တာနက်၏ အခြေခံ ဖြန့်ချိရေး နည်းပညာကြောင့် အင်တာနက်ပေါ်ရှိ သတင်းအချက်အလက်များကို လုံးလုံးလျားလျား ဆင်ဆာလုပ်နိုင်ရန် အလွန်ခက်ခဲသည် (သို့မဟုတ် ဖြစ်နိုင်ခြေမရှိပါ)။ အမည်ဝှက်များအသုံးပြုမှုနှင့် အကာအကွယ်ရယူထားသော အချက်အလက်များပါသည့် ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာကွန်ယက် ဖြစ်သည့် data havens များ(ဥပမာ ဖရီးနက်(Freenet))တို့သည် မည်သည့်အခြေအနေတွင်မဆို လွတ်လပ်စွာ ပြောဆိုနိုင်ရန် အခွင့်အရေး ရစေသည်။ တင်ပြမှုကို ဖယ်ရှားခြင်း မခံရစေရန်နှင့် စာရေးသူ၏ မည်သည့် သတင်းအချက်အလက်မဆိုသည် ၎င်း၏ အမှန်တကယ် မည်သူမည်ဝါဖြစ်မှုနှင့် မည်သည့် အဖွဲ့အစည်းမှဖြစ်မှုသို့ ချိတ်ဆက်ခြင်း မဖြစ်နိုင်ရန် နည်းပညာမှ အာမခံထားသောကြောင့် ဖြစ်သည်။

အချို့ကိစ္စများတွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းသည် လှည့်ဖြားမှု ပါဝင်နိုင်သည်။ ထိုသို့သော ဖြစ်ရပ်များတွင် ဆင်ဆာပြုလုပ်ခြင်း အာဏာပိုင်များသည် ပြည်သူအများကိုမူ ဆင်ဆာပြုလုပ်မှု မပြုလုပ်ပါကြောင်း ယုံကြည်စေရန် သွေးဆောင်လျက် ပါဝင်သည့်အကြောင်းအရာများကို ပိတ်ဆို့ထားနိုင်သည်။ ဤသို့ပြုလုပ်ရန် “မတွေ့ပါ” ဆိုသည့် အမှားသတင်းပို့ချက် အတုကို ပေးသော ISP ကို ထားရှိနိုင်သည်။ တကယ်တန်းတွင်မူ တွေ့ရှိသော်လည်း ပိတ်ဆို့ထားခြင်းသာ ဖြစ်သည်။ (အသေးစိတ်ကို ၄၀၄ အမှား(404 error) တွင် ကြည့်ရှုပါ။) ၂၀၀၇ခုနှစ် နိုဝင်ဘာလတွင် “အင်တာနက်ဖခင်ကြီး” ဗင့်ဆာ့(ဖ်) (Vint Cerf)သည် အစိုးရက ဦးဆောင်သော အင်တာနက်ထိန်းချုပ်ရေး ကျဆုံးနေခြင်းသည်ု ပုဂ္ဂလိက ပိုင်ဆိုင်မှုကြောင့် ဟု ၎င်းမြင်ကြောင်း ပြောဆိုခဲ့သည်။ အင်တာနက် ကျွမ်းကျင်သူပေါင်း များစွာက “ကွန်ယက်ခွဲ” (splinternet) ဟူသည့် ဝေါဟာရကို နိုင်ငံများတွင် အရံအတားများ ထားခြင်း၏ အကျိုးသက်ရောက်မှုများကို ဖော်ပြရာ၌ အသုံးပြုကြသည်။

ဆော့(ဖ်)ဝဲ(လ်)[ပြင်​ဆင်​ရန်​]

ဆင်ဆာလုပ်ခြင်းအညွှန်း (Index on Censorship) ၏ အယ်ဒီတာ ဂျိုဂလန်ဗီး(လ်) (Jo Glanville) က “ယခုအခါ ဆင်ဆာပြုလုပ်ခြင်းသည် ၎င်း၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်” ဟု လေ့လာသုံးသပ်သည်။

နည်းပညာဆိုင်ရာ ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

အကြောင်းအရာများကို ဆင်ဆာလုပ်ခြင်းအတွက် အသုံးများသော နည်းလမ်းအချို့မှာ-

  • IP ပိတ်ဆို့ခြင်း။ အချို့သော IP လိပ်စာ များကို ဆက်သွယ်ရရှိရန် ငြင်းပယ်ခြင်း ခံရသည်။ အကယ်၍ ရည်ရွယ်သော website သည် ဝေမျှ လက်ခံသော server ဖြစ်ပါက ထိုဆာဗာပေါ်ရှိ website များ အားလုံး ပိတ်ဆို့ခံရမည်ဖြစ်သည်။ ဤသို့ ပိတ်ဆို့ခြင်းသည် IP ကို အခြေခံသော protocol များဖြစ်သည့် HTTP, FTP နှင့် POP တို့ကို ထိခိုက်မှု ရှိသည်။ ပိတ်ဆို့မှုကို ကျော်လွှားနိုင်သော သမားရိုးကျ နည်းလမ်းတစ်ခုမှာ ရည်ရွယ်သော website များသို့ ဆက်သွယ် ဝင်ရောက်နိုင်သော ကိုယ်စားလှယ်အဖြစ်လုပ်ဆောင်သည့် ပရောက်ဆီများ (proxies)ကို ရှာဖွေရန်ဖြစ်သည်။ သို့သော် ပရောက်ဆီများသည် ပြည့်ကျပ်ညပ်သွားနိုင်သည် သို့မဟုတ် ပိတ်ဆို့ထားခြင်း ခံရနိုင်သည်။ စွယ်စုံကျမ်း (Wikipedia) (ပြင်ဆင်ခြင်းပြုလုပ်စဉ်) ကဲ့သို့ အချို့ website များသည်လည်း proxy များကို ပိတ်ဆို့သည်။ Google ကဲ့သို့ website ကြီးများသည် ပိတ်ဆို့ခံရခြင်းမှ ရှောင်ရှားရန် နောက်ထပ် IP လိပ်စာများကို နေရာချထားသည်။ သို့သော် နောက်ပိုင်းတွင် ထိုအသစ်သော IP များကိုပါ တိုးချဲ့ပိတ်ဆို့လာခဲ့သည်။
  • DNS စစ်ထုတ်ခြင်းနှင့် ပြန်ညွှန်းခြင်း။ websote များ၏ လိပ်စာဖြစ်သော domain အမည်များကို ရှင်းလင်းမပေးပါ သို့မဟုတ် မှန်ကန်မှုမရှိသောပြန်လာမည့် IP လိပ်စာ များကို ပေးသည်။ ဤသို့ပြုလုပ်ခြင်းသည် IP ကို အခြေခံသော protocol များဖြစ်သည့် HTTP, FTP နှင့် POP တို့ကို ထိခိုက်မှု ရှိသည်။ ပိတ်ဆို့မှုကို ကျော်လွှားနိုင်သော သမားရိုးကျ နည်းလမ်းတစ်ခုမှာ ဒိုမိန်းအမည်များကို မှန်ကန်စွာ ပြန်လည်ရှင်းလင်းပေးသော domain အမည် server ကို ရှာဖွေရန်ဖြစ်သည်။ သို့သော် domain အမည် server များသည်လည်း ပိတ်ဆို့ခံထားရနိုင်သည်။ အထူးသဖြင့် IP ပိတ်ဆို့ခြင်း ဖြစ်သည်။ IP လိပ်စာကို အခြားသော အရင်းအမြစ်မှ ရရှိနိုင်ပြီး ပိတ်ဆို့ထားခံရခြင်းမရှိပါက လုပ်နိုင်သည့် အခြားနည်းလမ်းမှာ DNS ကို လမ်းလွှဲပြောင်းပေးရန် ဖြစ်သည်။ ဥပမာ ပေးရလျှင် လက်ခံဖိုင် ကို ပြုပြင်ခြင်း သို့မဟုတ် ကွန်ယက် စာမျက်နှာများကို ဖွင့်သော Web browser ၏ domain အမည်အစား IP လိပ်စာများကို ရိုက်သွင်းခြင်း ဖြစ်သည်။
  • Uniform Resource Locator (URL)ကို စစ်ထုတ်ခြင်း။ URL တွင် ဖော်ပြထားသော domain အမည် မည်သို့ပင်ဖြစ်စေ တောင်းဆိုသော URL စာလုံးများတွင် ရည်ရွယ်သော သော့ချက် စာလုံးများ ပါမပါကို စစ်ဆေးသည်။ ဤသို့ ပြုလုပ်ခြင်းသည် HTTP protocol ကို ထိခိုက်နိုင်သည်။ ပိတ်ဆို့မှုကိုကျော်လွှားနိုင်သော သမားရိုးကျ နည်းလမ်းများမှာ URL တွင် လွတ်နိုင်သော စာလုံးများကို အသုံးပြုရန် သို့မဟုတ် VPN နှင့် TLS/SSL ကဲ့သို့ လျှို့ဝှက်ကုတ်သုံး protocol များကို အသုံးပြုရန် ဖြစ်သည်။
  • Packet ကို စစ်ထုတ်ခြင်း။ အငြင်းပွားဖွယ်ရာများပါသော သော့ချက်စာလုံးများ အရေအတွက် အတိုင်းအတာတစ်ခုအထိ တွေ့ရှိပြီးချိန်တွင် TCP packet ဖြန့်ဝေခြင်းများကို ရပ်တန့်လိုက်သည်။ ဤသို့ ပြုလုပ်ခြင်းသည် TCP ကို အခြေခံသော HTTP၊ FTP နှင့် POP ကဲ့သို့ protocol များကို ထိခိုက်နိုင်သည် သို့သော် ရှာဖွေရေးအင်ဂျင် ရလဒ်စာမျက်နှာများမှာ ဆင်ဆာပြုလုပ်ခြင်းခံရနိုင်သည်။ ပိတ်ဆို့မှုကို ကျော်လွှားနိုင်သော သမားရိုးကျ နည်းလမ်းများမှာ VPN နှင့် TLS/SSL ကဲ့သို့ လျှို့ဝှက်ကုတ်အသုံးပြု ဆက်သွယ်ရေးစနစ်များကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းသည် HTML တွင် ပါဝင်သော အကြောင်းအရာများကို လွတ်မြောက်ရန်နှင့် TCP/IP အစုအစည်း ၏ MTU/MSS ကို လျှော့ချခြင်းဖြင့် ပေးထားသော ပက်ကက် ထဲတွင် ပါဝင်သော စာပမာဏကို လျှော့ချရန်ဖြစ်သည်။
  • ဆက်သွယ်မှုကို ပြန်လည်တပ်ဆင်ခြင်း။ ယခင် TCP ဆက်သွယ်မှုကို စစ်ထုတ်ကိရိယာဖြင့် ပိတ်ပင်ထားပါက နှစ်ဘက်စလုံးမှ နောက်ထပ် ဆက်သွယ်ရန် ကြိုးပမ်းမှုများသည်လည်း ၃၀ မိနစ်ကြာသည်အထိ ပိတ်ပင်ထားခြင်းခံရမည်။ ပိတ်ပင်ထားသည့် နေရာပေါ်မူတည်၍ ဆက်သွယ်မှုသည် ပိတ်ပင်ထားသည့် နေရာနှင့် လမ်းကြောင်းကျနေပါက အခြားသော အသုံးပြုသူ သို့မဟုတ် website များသည်လည်း ပိတ်ပင်ခံရမည်ဖြစ်သည်။ ပိတ်ဆို့မှုကို ကျော်လွှားနိုင်သော နည်းလမ်းတစ်ခုမှာ အရံအတားမှ ပေးပို့လာသော ပြန်လည် တပ်ဆင်ထားသည့် packet များကို လျစ်လျူရှုထားရန်ဖြစ်သည်။
  • တန်ပြန် ထောက်လှမ်းစောင့်ကြည့်ခြင်း။ Google အပါအဝင် အချို့ ဝက်(ဘ်)ဆိုဒ်များကို ဆက်သွယ်ရယူသော ကွန်ပျူတာများသည် “တိုက်ခိုက်လာသော” စနစ်မှ နောက်ထပ် သတင်းအချက်အလက်များကို ကောက်နုတ်ရန် မြင်သာသော ကြိုးစားမှုတစ်ခုကို ISP မှ တန်ပြန် စစ်ဆေးရန် အလိုအလျောက် ဖော်ပြပြီး ဖြစ်နေသည်။စစ်ထုတ်ခြင်း ပြုလုပ်သော ဆော့(ဖ်)ဝဲ(လ်) ပရိုဂရမ်များထဲမှ နာမည်အကျော်ကြားဆုံးအနက် တစ်ခုမှာ SmartFilter ဖြစ်သည်။ ၎င်းကို ကာလီဖိုးနီးယားပြည်နယ်ရှိ Secure Computing မှပိုင်ဆိုင်ပြီး McAfee မှ မကြာသေးမီက ဝင်ယူခဲ့သည်။ SmartFilter ကို တူနီးရှား၊ ဆော်ဒီအာရေဗျနှင့် ဆူဒန် နိုင်ငံတို့တွင်သာမက US နှင့် UK တို့တွင်လည်း အသုံးပြုနေခဲ့ပြီး ဖြစ်သည်။

မရည်ရွယ်ဘဲ ပိတ်ဆို့မိခြင်း[ပြင်​ဆင်​ရန်​]

Scunthorpe ပြဿနာ

ဒါလည်းကြည့်ပါ အင်တာနက် ဖိုရမ်#စကားလုံး ဆင်ဆာ နှင့် မလိုလားသော Anti-Spam များကို ကာကွယ်သည့် နည်းများ# spam များကို ထောက်လှမ်းခြင်းအလိုအလျောက်ဆင်ဆာပြုလုပ်ခြင်းသည် တခါတရံတွင် ပိတ်ပင်လိုခြင်းမရှိသည်များကိုလည်း ပိတ်ဆို့မိတတ်သည်။ ဥပမာအားဖြင့် ကလေးသူငယ်များအတွက် လိင်မှုဆိုင်ရာ ဝေါဟာရများကို ဆင်ဆာပြုလုပ်ရာတွင် "cunt" ဟူသည့် စကားလုံးကို အလိုအလျောက် ပိတ်ဆို့ရန် သတ်မှတ်ရာ Lincolnshire (UK) နေရာအမည် တစ်ခုဖြစ်သော Scunthorpe ကိုပါ ပိတ်ဆို့မိသည်။

အင်တာနက် ပိတ်ဆို့မှုကို ကျော်လွှားခြင်း[ပြင်​ဆင်​ရန်​]

အင်တာနက် ဆင်ဆာပြုလုပ်ခြင်း၏ နည်းပညာရပ်များကို အသုံးပြုသူများ ရှောင်ရှားနိုင်ရန် အရင်းအမြစ်အချို့ ရှိပါသည်။ ဖြေရှင်းရာနည်းလမ်း တစ်ခုစီသည် အခြားနည်းလမ်းများနှင့် အသုံးပြုမှုလွယ်ကူခြင်း၊ အမြန်နှုန်းနှင့် လုံခြုံရေး တို့တွင် ကွဲပြားခြားနားကြသည်။ သို့သော် အများစုမှာ စစ်ထုတ်ထားသောအကြောင်းမပါပဲ အင်တာနက် ဆက်သွယ်မှုရရှိခြင်းအပေါ် မူတည်ပါသည်။ ၎င်းမှာ တူညီသည့် ဆင်ဆာပြုလုပ်ခြင်း ဥပဒေများကို အခြေမခံဘဲ ကွဲပြားသော ထိန်းချုပ်မှုများ မကြာခဏ ဖြစ်တတ်သော စစ်ထုတ်ခြင်းကို မူတည်မှုမရှိပါ။ ဤသည်မှာ အင်တာနက် ဆင်ဆာပြုလုပ်ခြင်းတွင် ရှိရင်းစွဲ ပြဿနာဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆင်ဆာပြုလုပ်ခြင်းမရှိသော အများသုံးစနစ် တစ်ခု ရှိမည်ဆိုပါက ဆင်ဆာပြုလုပ်ထားသော အချက်အလက်များကို ရယူရန် ဖြစ်နိုင်ပါလိမ့်မည်။အင်တာနက် ပိတ်ဆို့မှုကို ကျော်လွှားခြင်းတွင် ကြည့်ပါ။

Sneakernets[ပြင်​ဆင်​ရန်​]

Sneakernets သည် လျှပ်စစ် သတင်းအချက်အလက်များကို လွှဲပြောင်း ပေးပို့ရာတွင် အထူးသဖြင့် ပစ္စည်းထဲတွင် တကယ်တမ်း သိမ်းဆည်းထားသော အချက်အလက်များ ကို သယ်ဆောင်ထားသော ကွန်ပျူတာ ဖိုင်များကို တစ်နေရာမှ အခြားတစ်နေရာသို့ သို့ ပေးပို့ခြင်းကို ဖော်ပြသော ဝေါဟာရဖြစ်သည်။ sneakernet တစ်ခုသည် ကွန်ယက်၏ ကန့်သတ်ချက်များ မည်သို့ပင်ရှိစေကာမူ ကွန်ယက်ကို လုံးဝ အသုံးမပြုဘဲ အချက်အလက်များကို ရွေ့ပြောင်းနိုင်သည်။

ကမ္ဘာတစ်ဝှမ်း[ပြင်​ဆင်​ရန်​]

အောက်ပါကဏ္ဍသည် OpenNet Initiative (ONI) အမျိုးအစားခွဲခြားခြင်း စနစ်ကို လိုက်နာဖော်ပြထားသည်- ပျံ့နှံ့ဝင်ရောက်၊ အများအပြား၊ အနည်းငယ်၊ သွယ်ဝိုက်၊ စောင့်ကြည့်စာရင်း။

၂၀၀၆ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters sans frontières ၊ RSF၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထောက်ခံသော ပဲရစ်(စ်)တွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း)က ၁၃ နိုင်ငံပါဝင်သော “အင်တာနက် ရန်သူများ” စာရင်းကို ထုတ်ဝေခဲ့သည်-အဖွဲ့အစည်းက နိုင်ငံတစ်နိုင်ငံကို အင်တာနက် ရန်သူအဖြစ် သတ်မှတ်ခြင်းမှာ “ဤနိုင်ငံများအားလုံးသည် အွန်လိုင်း သတင်းနှင့် သတင်းအချက်အလက်မျာကို ဆင်ဆာပြုလုပ်သော ၎င်းတို့၏ အတိုင်းအတာအတွက်သာမက အင်တာနက်အသုံးပြုသူများအပေါ် ၎င်းတို့၏ စနစ်တကျနီပါး ထိန်းချုပ်မှုတို့အတွက်ပါ သတ်မှတ်ခံရခြင်းဖြစ်သည်။” ဟု အကြောင်းပြသည်။စာရင်းကို နှစ်စဉ် ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံပြီး ၂၀၀၉ ခုနှစ်တွင် ၁၂ နိုင်ငံ ပါဝင်သည်။

ပါဝင်သောနိုင်ငံများမှာ-

၂၀၁၀ခုနှစ် မတ်လ၁၂ရက်နေ့တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် မွမ်းမံထားသော အင်တာနက်ရန်သူများစာရင်းကို ထုတ်ဝေခဲ့သည်။

ပျံ့နှံ့ဝင်ရောက်[ပြင်​ဆင်​ရန်​]

မည်သည်က “ပျံ့နှံ့ဝင်ရောက် ဆင်ဆာလုပ်ခြင်း” ကိုသတ်မှတ်သလဲဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုမှုအပေါ် လောကလုံးဆိုင်ရာ သဘောတူညီမှုမရှိစဉ်အခါ RSF (နယ်စည်းမခြားသတင်းထောက်များအဖွဲ့)သည် အင်တာနက် ရန်သူ စာရင်းကို ပြုစုထားပြီး OpenNet Initiative က အချို့သော နိုင်ငံများသည် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းကို အလွန်အကျွံ ပြုလုပ်နေသည်ဟု အမျိုးအစားသတ်မှတ်သည်။ ထိုသို့သော နိုင်ငံများသည် မကြာခဏပင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ဆင်ဆာပြုလုပ်ပြီး ဆင်ဆာပြုလုပ်ခြင်းကို ချိုးဖောက်သော နိုင်ငံသားများကို ထောင်သွင်း အကျဉ်းချထားခြင်း သို့မဟုတ် အခြားနည်းများဖြင့် တုံ့ပြန်နိုင်သည်။

အာဖဂန်နစ္စတန်[ပြင်​ဆင်​ရန်​]

၂၀၁၀ခုနှစ် ဇွန်လ တွင် အာဖဂန် ဆက်သွယ်ရေး ဝန်ကြီးဌာနက အာဇဂန်နစ္စတန်ရှိ အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများ (Internet Service Providers (ISPs)) အားလုံးကို Facebook၊ Gmail၊ Twitter၊ YouTube နှင့် အရက်၊ လောင်းကစားအပြင် လိင်နှင့် ပတ်သက်သော ဝက်(ဘ်)ဆိုဒ်များကို စစ်ထုတ်ရန် ညွှန်ကြားခဲ့သည်ဟု အီလက်ထရွန်နစ်နှင့် ဆိုင်သော ခံတပ်အဖွဲ့အစည်း (Electronic Frontier Foundation )က တင်ပြခဲ့သည်။ ၎င်းတို့သည် “စာရိတ္တပျက်ပြားသော” နှင့် အာဖဂန် လူမျိုးများ၏ ရိုးရာဓလေ့ကို ဆန့်ကျင်သော ဝက်(ဘ်)ဆိုဒ်များကိုလည်း ပိတ်ဆို့ရန် ကြိုးစားနေသည်။ သို့သော် အာဖဂန် ISPs တွင်ရှိသော အရာရှိများက ၎င်းမှာ နိုင်ငံ၏ အကြီးဆုံး ISPs ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော အာရီယန်နား ကွန်ယက်ဝန်ဆောင်မှု (Ariana Network Service)၏ မှားယွင်းသော ကြေညာချက်တစ်ခု၏ ရလဒ်သာ ဖြစ်သည်ဟု ဆိုသည်။

၎င်းမှ အရာရှိတစ်ဦးက အစိုးရသည် ညစ်ညမ်းစာပေရုပ်ပုံဆိုင်ရာ အကြောင်းအရာအများနှင့် လောင်းကစား ဆိုဒ်များကို ဆင်ဆာဖြတ်ရန် ရည်ရွယ်သော်လည်း လူမှုရေး ကွန်ယက် ဆိုဒ်များနှင့် အီးမေး ဝန်ဆောင်မှုလုပ်ငန်းများကိုမူ စစ်ထုတ်ရန် အစီအစဉ်မရှိပါဟု ပြောဆိုခဲ့သည်။ ၂၀၁၀ ဇူလိုင်လအထိတွင် “စာရိတ္တ ပျက်ပြားသော” အကြောင်းအရာများအပေါ် အာဖဂန်နစ္စတန်နိုင်ငံ၏ တင်းကျပ်မှုများ ဆောင်ရွက်မှုကို ကန့်သတ်ခဲ့သည်။ အင်တာနက် အရာရှိများက အစိုးရတွင် အင်တာနက် လှုပ်ရှားမှုကို စိစစ်ရန် နည်းပညာ စွမ်းအား မရှိပါဟု ဆိုသည်။၂၀၁၀ခုနှစ် မတ်လ ၁၂ရက်နေ့တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ သည် မွမ်းမံထားသော အင်တာနက် ရန်သူများ စာရင်း ကို ထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

မြန်မာ (ဘားမားဟုလည်းသိကြသည်)နိုင်ငံသည် ONI ၏ အများအပြား အမျိုးအစားတွင်ပါပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါသည်။ မြန်မာနိုင်ငံသည် အစိုးရ၏ ဈေးနှုန်း ကန့်သတ်ချက်များကြောင့်အပြင် ရည်ရွယ်ချက်နှင့် ပြုလုပ်သော အထောက်အပံ့များနှင့် ဖွဲ့စည်းမှု ချို့တဲ့ခြင်းတို့ကြောင့် ထိုးဖောက်ဝင်ရောက်နိုင်သော နှုန်းသည် အလွန်နိမ့်လျက်ရှိသည်။ အင်တာနက်ကို အီလက်ထရောနစ် အက်ဥပဒေနှင့် ဆောင်ရွက်ပြီး တင်သွင်းခြင်းနှင့် တရားဝင် ခွင့်ပြုချက်မရရှိဘဲ မော်ဒမ် အသုံးပြုခြင်းကို ပိတ်ပင်ထားသည်။ ချိုးဖောက်ပါက “နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည် စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှု၊ နိုင်ငံတော် စီးပွားရေးနှင့် တရားဥပဒေနှင့် အမိန့်အာဏာကို ဖျက်ဆီးသည်” ဟုယူဆပြီး ထောင်ဒဏ် ၁၅နှစ် ကျခံရမည်ဖြစ်သည်။

သို့သော် အင်တာနက် အသုံးပြုခြင်းသည် အဓိကမြို့ကြီးများနှင့် မြို့များတွင် အင်တာနက် ကဖေးများနှင့် စကားပြောခန်းများဖြင့် တွင်ကျယ်နေပြီဖြစ်သည်။ အင်တာနက် ဆက်သွယ်မှုနှုန်းမှာ အလွန်နှေးပြီး စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက နိုင်ငံရေး ဝက်(ဘ်)ဆိုဒ်မှသည် ညစ်ညမ်း ဝက်(ဘ်)ဆိုဒ်များအထိ ပိတ်ပင်ထားသည်။မြန်မာနိုင်ငံသည် နိုင်ငံရေးဆိုင်ရာ ဆန့်ကျင်သော အုပ်စုများ၏ ဝက်(ဘ်)ဆိုဒ်များ၊ လူ့အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မြှင့်တင်ရေး အဖွဲ့အစည်းများနှင့် ပတ်သက်သော ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပင်ထားသည်။၂၀၀၇ ခုနှစ် အစိုးရဆန့်ကျင် ဆန္ဒပြပွဲများ ကာလအတွင်း နိုင်ငံတွင်းမှ အင်တာနက် အချိတ်အဆက်များ အားလုံးကို လုံးလုံးလျားလျား ဖြတ်တောက်ထားခဲ့သည်။

ကျူးဘားနိုင်ငံတွင် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

ကျူးဘားနိုင်ငံသည် ONI ၏ စောင့်ကြည့်စာရင်းတွင်ပါပြီး RSF ၏ အင်တာနက် ရန်သူစာရင်းတွင် ပါသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုအရ ကျူးဘားနိုင်ငံသည် လက်တင်အမေရိကတွင်ရှိ ကွန်ပျူတာနှင့် နေထိုင်သူလူဦးရေအချိုး အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့အနောက်ခြမ်းတွင် အင်တာနက် သုံးစွဲခြင်းအချိုးလည်း အနည်းဆုံးဖြစ်သည်။နိုင်ငံသားများသည် အစိုးရက ထိန်းချုပ်ထားသော ဆက်သွယ် ရရှိရေးအမှတ်များကို အသုံးပြုရပြီး IP ပိတ်ဆို့ခြင်း၊ သော့ချက်စာလုံး စိစစ်ခြင်းနှင့် အင်တာနက်ပေါ်တွင် သွားလာကြည့်ရှုခဲ့သော မှတ်တမ်းများကို စစ်ဆေးခြင်းအားဖြင့် ၎င်းတို့၏ လှုပ်ရှားမှုကို စောင့်ကြည့်ခံရသည်။ အစိုးရက ၎င်း၏နိုင်ငံသားများ၏ အင်တာနက်ဝန်ဆောင်မှုများ အသုံးပြုမှုသည် အကန့်အသတ်ရှိခြင်းမှာ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အမေရိကန်နိုင်ငံ၏ ပြင်ပကုန်သွယ်မှု ပိတ်ပင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ပြင်ပကမ္ဘာမှ ဆင်ဆာပြုလုပ်ထားခြင်းမရှိသော သတင်းအချက်အလက်များကို အသွားအပြန် ဆက်သွယ်ရယူမှုကို ထိန်းချုပ်လိုသော အစိုးရသဘောထားနှင့် ပတ်သက်သည့် သတင်းပို့ချက်များ ရှိသည်။

ကျူးဘားအစိုးရသည် ကျူးဘားနိုင်ငံပြင်ပရှိ website များသို့ အင်တာနက်မှတဆင့် သတင်းများကို ပေးပို့ခြင်းအတွက် လွတ်လပ်သော သတင်းစာဆရာများကို ထောင်သွင်းအကျဉ်းချခြင်းများ ဆက်လက်လက်ဆောင်နေသည်။Paris Descartes University မှ ပါမောက္ခတစ်ဦးဖြစ်သော Salim Lamrani က နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် ကျူးဘားနိုင်ငံရှိ အင်တာနက် ဆက်သွယ်ရေးနှင့် ပတ်သက်၍ အထောက်အထားမရှိ၊ ညီညွတ်မှုမရှိသော ပြောဆိုချက်များ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ သို့သော် တိကျသော သတင်းအချက်အလက်ကို သိရှိရန်ခက်ခဲသော်လည်း အစိုးရ၏ လျှို့ဝှက်အုပ်စိုးတတ်သည့် သဘာဝနှင့် ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်း policy များ၊ အချုပ်အချယ်ကင်းသော blogger များ ၏ သက်သေခံချက်များ၊အစိုးရမဟုတ်သောပြည်သူများအတွက် web ကို ရယူ သုံးစွဲရန်အခက်အခဲများကို တက်ကြွစွာ ပြောဆိုထောက်ခံသူများနှင့် အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာနေသူများ အပြင် ဥပဒေချိုးဖောက်သူများ ကို ကြမ်းတမ်းစွာ အပြစ်ပေးမှုများသည် သတ်မှတ်ချက်များ ဖြစ်သည်။ သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalists)သည် ကျူးဘားနိုင်ငံကို ကမ္ဘာပေါ်ရှိ ဆင်ဆာလုပ်ခြင်း အများဆုံး ဆယ်နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

အီဂျစ်[ပြင်​ဆင်​ရန်​]

အီဂျစ်နိုင်ငံကို ONI က အမျိုးအစားခွဲခြားခြင်းမပြုပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ အကြမ်းဖက်မှုကို ကြောက်ရွံ့မှုကြောင့် အစိုးရသည် ဝက်(ဘ်) ထောက်လှမ်းစောင့်ကြည့်မှုများကို ၂၀၀၇ ခုနှစ်တွင်း ပိုမိုတိုးမြှင့်ခဲ့သည်။ လူတစ်ဦးသည် ဆိုက်ဘာကဖေးကဲ့သို့ အများပြည်သူ အသုံးပြုနိုင်သော ဝါယက်လက်(စ်) အင်တာနက်များသို့ ဆက်သွယ်ရန်အတွက် ပုဂ္ဂလိက သတင်းအချက်အလက်များ - ဥပမာ ဖုန်းနံပါတ် သို့မဟုတ် ID - များစွာပေးရသည့်အတွက် နိုင်ငံသားများသည် ၎င်းတို့ကိုယ်ကို လွတ်လပ်စွာ ဖော်ပြရန် အခက်အခဲ ဖြစ်စေသည်။

အီရန်နိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

အီရန်နိုင်ငံသည် ONI ၏ ပျံ့နှံ့ဝင်ရောက် အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ အီရန်နိုင်ငံ၏ အင်တာနက် ဆင်ဆာလုပ်ခြင်းကို ISP များသို့ လွှဲအပ်ထားသည်။ ၎င်းတို့က အစိုးရကို ဝေဖန်သော အကြောင်းအရာများ၊ ညစ်ညမ်း ဝက်(ဘ်)ဆိုဒ်များ၊ နိုင်ငံရေး ဘလော့ဂ်များ၊နှင့် အထူးသဖြင့် မကြာသေးမီက အမျိုးသမီး အခွင့်အရေး ဝက်(ဘ်)ဆိုဒ်များ၊ ဝက်(ဘ်)လော့ဂ်များနှင့် အွန်လိုင်း မဂ္ဂဇင်းများကို စစ်ထုတ်ရန် ကြိုးပမ်းသည်။ အီရန်နိုင်ငံရှိ ဘလော့ဂ္ဂါများသည် ၎င်းတို့၏ အင်တာနက် လှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံထားရသည်။များမကြာမီက အီရန် အစိုးရသည် YouTube.com ကဲ့သို့ ဗွီဒီယို များတင်နိုင်သော ဆို်ဒ်များကို ၂၀၀၆ခုနှစ် မေလ ၁၂ရက်မှ ၂၀၀၉ခုနှစ် ဇန်နဝါရီလ အထိ ယာယီ ပိတ်ဆို့ထားခဲ့သည်။ထိုအချိန်ကာလနည်းတူ ပိတ်ဆို့ခြင်း ခံထားခဲ့ရသည့် Flickr ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်ပေးခဲ့သည်။ သို့သော် ၂၀၀၉ခုနှစ် ရွေးကောက်ပွဲ ဆန္ဒပြပွဲများ ဖြစ်ပြီးနောက်ပိုင်းတွင် YouTube၊ Flickr၊ Twitter၊ Facebook နှင့် အခြားသော ဝက်(ဘ်)ဆိုဒ် အများအပြားကို ပြန်လည်ပိတ်ဆို့ထားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

မြောက်ကိုရီးယားနိုင်ငံကို ONI က အမျိုးအစားခွဲခြားခြင်းမပြုသော်လည်း ၎င်းသည် RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ စုစုပေါင်း လူဦးရေ၏ ၄% ဖြစ်သော သိန်းဂဏန်းဖြစ်သော နိုင်ငံသားအချို့သာလျှင် နိုင်ငံတော်အစိုးရ၏ ကျပ်တည်းစွာ ဆင်ဆာပြုခြင်း ခံရသည့် အင်တာနက် ကို ဆက်သွယ်အသုံးပြုနိုင်သည်။RSF ၏ အဆိုအရ မြောက်ကိုရီးယားသည် အစိုးရက ထိန်းချုပ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းများရှိရာ အဓိက နမူနာဖြစ်သည်။ RSF က အင်တာနက်သည် မြောက်ကိုရီးယားအစိုးရ ၏ ဝါဒဖြန့်ချီရေး လုပ်ငန်းတွင် အများဆုံးအသုံးပြုသော နည်းလမ်းဖြစ်သည်ဟု ဆိုသည်။ မြောက်ကိုရီးယား ကွန်ယက်ကို ဒိုမိန်းအမည် တစ်ခုအောက်တွင် လက်ခံထားသော ဝက်(ဘ်)ဆိုဒ် နှစ်ခုတည်းဖြင့်ပင် တင်းကျပ်စွာ စောင့်ကြည့်နေခြင်းဖြစ်သည်။ ဝက်(ဘ်)ဆိုဒ်အားလုံးမှာ မြောက်ကိုရီးယားရှိ အခြားသော မီဒီယာများကဲ့သို့ပင် အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ONI ၏ ပျံ့နှံ့ဝင်ရောက် အမျိုးအစားတွင် ပါပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ တရုတ်နိုင်ငံသည် တိဘက်လွတ်လပ်ရေး၊ ထိုင်ဝမ်လွတ်လပ်ရေး၊ ရဲတပ်ဖွဲ့၏ ရက်စက်မှု၊ ၁၉၈၉ တီယာနန်မန် စကွဲ ဆန္ဒပြမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ညစ်ညမ်းစာပေရုပ်ပုံ၊ အချို့ အင်တာနက် သတင်းရင်းမြစ်များနှင့် သတင်းဌာနများ ( ဥပမာ VOA)၊ အချို့ ဘာသာရေး လှုပ်ရှားမှုများ (ဥပမာ ဖယ်လွန်ဂေါင် (Falun Gong)) နှင့်ပတ်သက်သော အင်တာနက် အကြောင်းအရာများနှင့် ဘလော့ဂ် ဝက်(ဘ်)ဆိုဒ် အများအပြားကို ပိတ်ဆို့ခြင်း သို့မဟုတ် စစ်ထုတ်ခြင်းများ ပြုလုပ်သည်။ ဆိုက်ဘာလောကရှိ သဘောထားကွဲလွဲသူ ၅၂ ဦးမှာ ၎င်းတို့၏ အွန်လိုင်း တင်ပြမှုများကြောင့် ထောင်သွင်း အကျဉ်းချထားခံရသည်ဟု သတင်းရသည်။

ဆီးရီးယား[ပြင်​ဆင်​ရန်​]

ဆီးရီးယားနိုင်ငံသည် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပင်ထားပြီး ကျူးကျော်သူများကို ဖမ်းဆီးခဲ့သည်။ ၎င်းသည် ONI ၏ ပျံ့နှံ့ဝင်ရောက် အမျိုးအစားတွင်ပါပြီး RSF အင်တာနက် ရန်သူများ စာရင်းတွင် ပါဝင်သည်။ ဝက်(ဘ်) တွင် ပါဝင်သည့် အကြောင်းအရာ အများအပြားကို စစ်ထုတ်ခြင်းအပြင် ဆီးရီးယား အစိုးရသည် အင်တာနက်အသုံးပြုမှုကို အနီးကပ် စောင့်ကြည့်လေ့လာပြီး နိုင်ငံသားများကို “၎င်းတို့၏ အယူအဆကို ဖော်ပြခြင်း သို့မဟုတ် သတင်းအချက်အလက်များကို အွန်လိုင်း တင်ပြခြင်းတို့အတွက်” ဖမ်းဆီးထိန်းသိမ်းထား်ခဲ့သည်။ မရေရာဘဲ ကျယ်ပြန့်စွာ စားစီထားသော ဥပဒေများက အစိုးရ၏ မတော်မတရားပြုခြင်းကို ဖိတ်ခေါ်ပြီး အင်တာနက် အသုံးပြုသူများကို နိုင်ငံ၏ ဖမ်းဆီးခြင်းနှင့် ပတ်သက်သော ရှင်းလင်းမှုမရှိသည့် အကြောင်းပြချက်များကို ရှောင်ရှားရန် ကိုယ်တိုင်ဆင်ဆာပြုလုပ်ခြင်းနှင့် ကိုယ်တိုင်စောင့်ကြပ် လေ့လာခြင်းပြုလုပ်ရန် တွန်းအားပေးခဲ့သည်။

တူနီးရှားနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

တူနီးရှားနိုင်ငံသည် ONI ၏ ပျံ့နှံ့ဝင်ရောက် အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ တူနီးရှားနိုင်ငံသည် ထောင်ပေါင်းများစွာသော ဝက်(ဘ်)ဆိုဒ်များ (ဥပမာ ညစ်ညမ်းစာပေရုပ်ပုံ၊ စာပို့ခြင်း၊ ရှာဖွေရေး အင်ဂျင်က ဖော်ပြသော စာမျက်နှာများ၊ အွန်လိုင်း စာရွက်စာတမ်း ပြုပြင်ပြောင်းလဲခြင်းနှင့် ဘာသာပြန် လုပ်ငန်းများ) နှင့် ထင်ရှားသိသာသော ပေရောက်ဆီကို အသုံးပြု၍ တိုက်ရိုက်ချိတ်ဆက်မှုစနစ်(peer-to-peer)နှင့် FTP လွှဲပြောင်းခြင်းနှင့် ပေါ့(တ်) ပိတ်ဆို့ခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ ဒီမိုကရေစီလိုလားသူ ရှေ့နေ မိုဟာမက် အဘူ အပါအဝင် ဆိုက်ဘာလောကရှိ သဘောထား ကွဲလွဲသူများကို ၎င်းတို့၏ အွန်လိုင်း လှုပ်ရှားမှုများအတွက် တူနီးရှားအစိုးရက ထောင်သွင်း အကျဉ်းချထားသည်။[29]

တာ့(ခ်)မန်နစ္စတန်[ပြင်​ဆင်​ရန်​]

တာ့(ခ်)မန်နစ္စတန်နိုင်ငံကို ONI က အမျိုးအစားမခွဲခြားပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ တာ့(ခ်)မန်နစ္စတန်တွင် အင်တာနက် အသုံးပြုမှုသည် အစိုးရ၏ တင်းကျပ်သော ထိန်းချူပ်မှုအောက်တွင်ရှိသည်။ တာ့(ခ်)မန်သည်၂၀၀၈ ခုနှစ်အထိ ၎င်းတို့၏ သတင်းများကို ဂြိုဟ်တု ရုပ်မြင်သံကြားမှတဆင့် ရယူခဲ့သည်။ ဂြိုဟ်တုကို ဖယ်ရှားရန် အစိုးရက ဆုံးဖြတ်သောအခါ အင်တာနက်သည်သာ သတင်းအချက်အလက် စုစည်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လာသည်။ အင်တာနက်ကို အစိုးရက သေချာစွာ စောင့်ကြည့်လေ့လာနေပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် သတင်းအေဂျင်စီများက တင်ဆက်သော ဝက်(ဘ်)ဆိုဒ်များ ပိတ်ဆို့ခံရသည်။ ဤဆင်ဆာလုပ်ခြင်းကို ရှောင်ရှားရန် ကြိုးပမ်းမှုများသည် ပြင်းထန်သော အကျိုးဆက်များကို ဖြစ်စေနိုင်သည်။

ဥဘက်ကစ္စတန်[ပြင်​ဆင်​ရန်​]

ဥဘက်ကစ္စတန်နိုင်ငံသည် ONI ၏ ပျံ့နှံ့ဝင်ရောက် အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ ဥဘက်ကစ္စတန်နိုင်ငံသည် ပိတ်ပင်ထားသော အစ္စလမ်လှုပ်ရှားမှုများ၊ လွတ်လပ်သော မီဒီယာ၊ NGO များနှင့် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဝေဖန်သော အရာများနှင့် ပတ်သက်သော ဝက်(ဘ်)ဆိုဒ်များသို့ သွားရောက်မှုကို ကာကွယ်ထားသည်။မြို့တော်ရှိ အချို့ အင်တာနက် ကဖေးဆိုင်များတွင် ညစ်ညမ်းစာပေရုပ်ပုံပါ ဝက်(ဘ်)ဆိုဒ်များ သို့မဟုတ် ပိတ်ပင်ထားသော နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများပါသော ဝက်(ဘ်)ဆိုဒ်များကို ကြည့်ရှုပါက အသုံးပြုသူများကို ဒဏွတပ်မည်ဟု သတိပေးစာများ ကပ်ထားသည်။ အဓိက VoIP ပရိုတိုကော(လ်)များဖြစ်သော SIP နှင့် IAX ကို တစ်ဦးချင်း သီးခြား အသုံးမပြုရန် ပိတ်ပင်ထားသည်။

ဗီယက်နမ်နိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

ဗီယက်နမ်နိုင်ငံသည် ONI ၏ ပျံ့နှံ့ဝင်ရောက် အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ ဗီယက်နမ်ရှိ အဓိက ကွန်ယက်များသည် အခြားဝက်(ဘ်)ဆိုဒ်များ အကြားတွင် ဗီယက်နမ် အစိုးရကို ဝေဖန်သော ဝက်(ဘ်)ဆိုဒ်များ၊ ပြည်ပ နိုင်ငံရေးပါတီများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဝက်(ဘ်)ဆိုဒ်များ သို့ သွားရောက်မှုကို ကာကွယ်ထားသည်။ အွန်လိုင်း ရဲများသည် အင်တာနက်ကဖေးဆိုင်များကို သေချာစွာ စောင့်ကြည့်လေ့လာပြီး ဆိုက်ဘာလောကရှိ သဘောထားကွဲလွဲသူများသည် ဒီမိုကရေစီ ထောက်ခံမှုအတွက် ထောင်သွင်း အကျဉ်းချထားခံရသည်။

ဘာရိန်း[ပြင်​ဆင်​ရန်​]

ဘာရိန်းဝက်(ဘ်)ဆိုဒ်တစ်ခု ပိတ်ဆို့ခံရပုံ

၂၀၀၉ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနသည် ဝက်(ဘ်)ဆိုဒ်များကို ပိတ်ဆို့ခြင်းနှင့် ပိတ်ဆို့ခြင်းမှ ဖယ်ရှားခြင်းကို သတ်မှတ်ထိန်းချုပ်သော ဘာရိန်းနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေတို့နှင့် လိုက်လျောညီထွေစွာ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည် (၂၀၀၉ ခုနှစ်ဆုံးဖြတ်ချက်နံပါတ်၁)ဤဆုံးဖြတ်ချက်အရ ISP အားလုံးသည် ဝန်ကြီးဌာနမှ ရွေးချယ်ထားသော ဝက်(ဘ်)ဆိုဒ်ပိတ်ဆို့မှု ဆော့(ဖ်)ဝဲ(လ်)ကို ရယူတပ်ဆင်ရန် လိုအပ်သည်။ ဆက်သွယ်ရေး ဥပဒေ ထိန်းချုပ်ခြင်း အာဏာပိုင် (“TRA”) သည် ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနကို အဆိုပါ ဆုံးဖြတ်ချက်ကို လုပ်ဆောင်ရာတွင် ဝက်(ဘ်)ဆိုဒ် ပိတ်ဆို့ခြင်း ဆော့(ဖ်)ဝဲ(လ်)အဖြေရှာရေးကိုတပြေးညီရယူရန်ိုပူးပေါင်းပါဝင်ခြင်းဖြင့် အထောက်အပံ့ပေးခဲ့သည်။ ဤ ဆော့(ဖ်)ဝဲ(လ်)သုံး၍ ဖြေရှင်းခြင်းကို ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနတစ်ခုတည်းကသာ ဆောင်ရွက်ခြင်းဖြစ်ပြီး TRA နှင့် ISP များတို့တွင် ဆိုဒ်များကို ပိတ်ဆို့ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းမှ ဖယ်ရှားခြင်းအပေါ် မည်သည့် ထိန်းချုပ်မှုမျှ မရှိပါ။

တောင်ကိုရီးယား[ပြင်​ဆင်​ရန်​]

တောင်ကိုရီးယားနိုင်ငံသည် ONI ၏ အများအပြား အမျိုးအစားတွင် ပါဝင်ပြီး ၎င်း၏ “ပြင်းထန် တင်းကြပ်လွန်းသော” ဆင်ဆာလုပ်ခြင်းကြောင့် RSF ၏ အင်တာနက် ရန်သူစာရင်းတွင်လည်း ပါဝင်သည် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ဆိုသည် ။ တောင်ကိုရီးယား၏ ဆင်ဆာလုပ်ခြင်း ပေါ်လစီသည် အလွန် နိုင်ငံရေးနှင့် ပတ်သက်ပြီး အထူးသဖြင့် ကိုရီးယား အင်တာနက် လောကတွင် အမည်မဖော်မှုကို ပြင်းထန်စွာ နှိမ်နင်းသည်။ ၂၀၀၇ခုနှစ်တွင် blogger အများအပြားကို ဆင်ဆာလုပ်ပြီး သမ္မတ ရွေးကောက်ပွဲဝင်သူတို့ကို ဝေဖန်မှု သို့မဟုတ် ထောက်ခံမှုတို့အတွက် ၎င်းတို့၏ ရေးသားဖော်ပြမှုများကို ရဲတပ်ဖွဲ့က ဖျက်ပစ်ခဲ့သည်။ ဤသို့ ဖော်ပြမှုများကြောင့် ရဲတပ်ဖွဲ့က အချို့ ဘblogger များကို ဖမ်းဆီးခြင်းပင် ပြုခဲ့သည်။

ထို့နောက် ၂၀၀၈ခုနှစ်တွင် သမ္မတသစ် ရွေးကောက်ပွဲ မပြုလုပ်မီတွင် အဓိက အင်တာနက် portal site များ အားလုံးသည် ၎င်းတို့၏ အသုံးပြုသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးရန် လိုအပ်ကြောင်း ဥပဒေပြု ပြဋ္ဌာန်းခဲ့သည်။ ဤသည်မှာ အများပြည်သူ ကြည့်ရှုနိုင်သော အကြောင်းအရာများကို တင်ပြသော အသုံးပြုသူအားလုံးနှင့် သက်ဆိုင်သည်။ ဥပမာဆိုရသော် သတင်းဆောင်းပါး တစ်ခုတွင် ထင်မြင်ယူဆချက်ကို ရေးသွင်းရန် အသုံးပြုသူသည် မှတ်ပုံတင်ခြင်း၊ နိုင်ငံသား မှတ်ပုံတင်နံပါတ် အတည်ပြုခြင်းတို့ လိုအပ်သည်။ ထိုကဲ့သို့သော နံပါတ်များ မရှိသည့် နိုင်ငံခြားသားများသည် နိုင်ငံကူးလက်မှတ်ကို fax ဖြင့်ပေးပို့ပြီး အတည်ပြုရမည်ဖြစ်သည်။ ဤဥပဒေသည် မူလအားဖြင့် အများပြည်သူ ဆူပူကန့်ကွက်မှုနှင့် ကိုက်ညီသော်လည်း ၂၀၀၈ခုနှစ်မှ စ၍ Daum၊ Naver၊ Nate၊ နှင့် Yahoo Korea အပါအဝင် အဓိက portal များသည်လည်း အများပြည်သူ ကြည့်ရှုနိုင်သော မည်သည့်အရာကိုမဆို အသုံးပြုသူတစ်ဦးက တင်ပြခြင်းမပြုမီ ထိုသို့သော စစ်ဆေးအတည်ပြုခြင်းများ ပြုလုပ်လာခဲ့ကြသည်။

ထို့အတူ တောင်ကိုးရီးယားသည် မြောက်ကိုရီးယားကို စာနာသည်ဟု ယူဆသော အနည်းဆုံး ၃၁ ဆိုဒ်ကို ပိတ်ပင်ထားရာ IP ပိတ်ဆို့ခြင်းကို အသုံးပြုခဲ့သည်။ထို့အပြင် ၎င်းတို့သည် အကဲဖြတ်ခြင်း မပြုလုပ်ထားသော ကစားပွဲများ၊ ညစ်ညမ်းစာပေရုပ်ပုံ၊ လောင်းကစား အစရှိသည့် တရားမဝင် website များကို ၂၀၀၈ ခုနှစ်မှစ၍ ပိတ်ဆို့ခဲ့သည်။ ထိုဆိုဒ်များသို့ သွားရောက်ရန် ကြိုးစားမှုများသည် “ဤဆိုဒ်သည် အစိုးရ စည်းမျဉ်းများအရ တရားဝင် ပိတ်ဆို့ထားသည်” ဟု ဖော်ပြထားသော သတိပေး စာမျက်နှာသို့ အလိုအလျောက် လမ်းလွှဲရောက်သွားသည်။ထို့အပြင်၊ ရှာဖွေရေး အင်ဂျင်များကလည်း လူမမည်ကလေးများနှင့် သင့်လျော်မှုမရှိသော အချို့ သော့ချက်စာလုံးများအတွက် အသက်စစ်ဆေးခြင်းလုပ်ရန် တောင်းဆိုသည်။ ထိုကဲ့သို့သော သော့ချက်စာလုံးများအတွက် အသက်စစ်ဆေးရန် နိုင်ငံသားမှတ်ပုံတင်နံပါတ် ထည့်သွင်းရန် လိုအပ်သည်။ နိုင်ငံခြားသားများအတွက် အသက်ကို စစ်ဆေးရန် နိုင်ငံကူးလက်မှတ်ကိုfax ဖြင့်ပေးပို့ရမည်ဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် နိုင်ငံခြားသားများ ပိုင်ဆိုင်သော ကုမ္ပဏီများ အပါအဝင် တောင်ကိုရီးယားရှိ ရှာဖွေရေးအင်ဂျင် ကုမ္ပဏီကြီးများ (ဥပမာ Yahoo! ကိုရီးယား) အားလုံးနီးပါး ဥပဒေကို လိုက်နာကြသည်။ Google သာလျှင် အစိုးရ၏ ဥပဒေကို ရှောင်ရှားပေသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင်၊ YouTube တွင် အသုံးပြုသူ မှန်ကန်ကြောင်း စစ်ဆေးသည့် စနစ်ကို ထားရှိရန် ဆက်သွယ်ရေး ကော်မရှင်က အမိန့်ထုတ်ခဲ့သည်။ ကိုရီးယားနိုင်ငံမှ အသုံးပြုသူများ ဗီဒီယို တင်ခြင်းကို Google ကိုရီးယားက ပိတ်ဆို့ခဲ့သည်။

ဆော်ဒီအာရေဗျ[ပြင်​ဆင်​ရန်​]

ဆော်ဒီအာရေဗျနိုင်ငံသည် ONI ၏ အများအပြား အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် ပါဝင်သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အင်တာနက် အသွားအလာလမ်းအားလုံးကို သိပ္ပံနှင့် နည်းပညာအတွက် ဘုရင် အဘ်ဒူလာဇစ်မြို့ (King Abdulaziz City for Science & Technology) တွင် တည်ရှိသော ပရောဆီ တစ်ခုမှတဆင့် ညွှန်ကြားသည်။ အကြောင်းအရာများကို စစ်ထုတ်ခြင်းကို Secure Computing ဆော့(ဖ်)ဝဲ(လ်) အသုံးပြု၍ ဆောင်ရွက်သည်။ထို့ပြင် Internet Services Unit (ISU) က ထိန်းသိမ်းထားသော စာရင်းနှစ်ခုအရ ဆိုဒ်အချို့ကို ပိတ်ဆို့ထားသည်-တစ်ခုမှာ “စာရိတ္တ ပျက်ပြားသော” အကြောင်းအရာများ(အများစုမှာ ညစ်ညမ်းစာပေနှင့် ရုပ်ပုံများ ပါသည့် ဆိုဒ်များနှင့် အခြားတစ်ခုမှာ ပြည်ထဲရေး ဝန်ကြီးဌာနက လုပ်ဆောင်သော လုံခြုံရေး ကော်မတီမှ လမ်းညွှန်ချက်များကို အခြေခံသည်(ဆော်ဒီအစိုးရကို ဝေဖန်သော ဆိုဒ်များအပါအဝင်) ပိတ်ဆို့သင့်သော “စာရိတ္တ ပျက်ပြားသော” ဆိုဒ်များတွေ့ရှိပါက ပေးထားသော ဝက်(ဘ်)ပုံစံကို အသုံးပြု၍ သတင်းပို့ပါရန် နိုင်ငံသားများကို တိုက်တွန်းထားသည်။

အကြောင်းအရာ စစ်ထုတ်ခြင်းတွင် အသုံးပြုသော ဥပဒေသည် ဝန်ကြီးများကောင်စီက ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့စွဲပါ ထုတ်ပြန်ချက်ဖြစ်သည်။ OpenNet Initiative ၏ ၂၀၀၄ခုနှစ်တွင် ပြုလုပ်သော လေ့လာချက်အရ-ဆင်ဆာလုပ်ခြင်းကို ညစ်ညမ်းစာပေနှင့်ရုပ်ပုံ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လောင်းကစား၊ မူဆလင်ဘာသာရေး ပြောင်းလဲမှု၊ နှင့် စစ်ထုတ်ခြင်းကို ကျော်လွှားနိုင်သော ကိရိယာများကို အထူးအာရုံပြုလုပ်ဆောင်သည်။ဟားဗက် တက္ကသိုလ် ဥပဒေကျောင်းမှရေးသားသော ဆော်ဒီအာရေဗျတွင် အင်တာနက် စစ်ထုတ်ခြင်း အထောက်အထားများ အစီရင်ခံစာကို ကြည့်ရှုပါ။

အာရပ် စော်ဘွားများ ပြည်ထောင်စု[ပြင်​ဆင်​ရန်​]

အာရပ် စော်ဘွားများ ပြည်ထောင်စုသည် ONI ၏ အများအပြား အမျိုးအစားတွင် ပါဝင်ပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ အင်တာနက်ရန်သူစာရင်းတွင် မပါဝင်ပါ။ အာရပ် စော်ဘွားများ ပြည်ထောင်စုသည် Secure Computing ၏ ဖြေရှင်းနည်းကို အသုံးပြုခြင်းဖြင့် ထိရောက်စွာ အင်တာနက် ဆင်ဆာပြုလုပ်သည်။ နိုင်ငံ၏ ISP များဖြစ်သော Etisalat and du (telco) တို့သည် ညစ်ညမ်းစာပေရုပ်ပုံ၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ၊ အစ္စရေး ဒိုမိန်းများ အားလုံးနှင့် UAE ၏ သိသာထင်ရှားသော စာရိတ္တတန်ဖိုးကို ဆန့်ကျင်သည့် မည်သည့်အရာမဆိုကို ပိတ်ပင်ထားသည်။ VoIP ဝင်ရော. voip ဝန်ဆောင်မှုများ အားလုံးသို့မဟုတ် အများစုမှာ ပိတ်ဆို့ထားခြင်း ခံရသည်။

ယီမင်[ပြင်​ဆင်​ရန်​]

ယီမင်နိုင်ငံသည် ONI ၏ အများအပြား အမျိုးအစားတွင် ပါဝင်သော်လည်း RSF ၏ အင်တာနက်ရန်သူများစာရင်တွင် မပါဝင်ပါ။ ယီမင်၏ ISP နှစ်ခုသည် လောင်းကစားခြင်း၊ အရွယ်ရောက်သူများနှင့်ဆိုင်သော အကြောင်းအရာများနှင့် လိင်ပညာပေး အကြာင်းအရာများကို သာမက မူဆလင်မှ အခြားသော ဘာသာရေးသို့ ပြောင်းလဲ သက်ဝင်ယုံကြည်မှုအကြောင်း ရှာဖွေသော အရာများကိုလည်း ပိတ်ဆို့ထားသည်။

အနည်းငယ်နှင့် အခြား[ပြင်​ဆင်​ရန်​]

ဩစတြေးလျနိုင်ငံ[ပြင်​ဆင်​ရန်​]

ဩစတြေးလျနိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း

ဩစတြေးလျနိုင်ငံသည် ၂၀၀၈ ခုနှစ်အခြေအနေအရ ONI ၏ အနည်းငယ် အမျိုးအစားတွင် ပါဝင်သည်။ ဩစတြေးလျသည် “RC” (အဆင့်ခွဲခြားထားခြင်းကို ငြင်းဆိုသော သို့မဟုတ် တားမြစ်ပိတ်ပင်ထားသော) သို့မဟုတ် “X ၁၈+” ( ရှင်းရှင်းလင်းလင်းဖေါ်ပြထားသည့် အလွန်အမင်း အပြင်းအထန်မဟုတ်သော ညစ်ညမ်းသည့်ရုပ်ပုံ သို့မဟုတ် အလွန်အမင်း စိတ်ခြောက်ခြားစရာဖြစ်စေသော) များကို နိုင်ငံအတွင်း လက်ခံထုတ်လွှင့်ခြင်းပြုရန် ခွင့်မပြုပေ။ ယင်းကဲ့သို့သော ပါဝင်သည့် အကြောင်းအရာများကို ဩစတြေးလျနိုင်ငံပြင်ပတွင် “တားမြစ်သည်”/”တားမြစ်ရန် အလားအလာရှိသည်”။ အသက်အရွယ် ကန့်သတ်ထားသော ဝက်(ဘ်)ဆိုဒ်များအား ဝင်ရောက်ကြည့်ရှုခွင့် ပြုရန်အတွက် အသုံးပြုသူ၏ အသက်အရွယ်ကို ဖော်ပြရန်လည်း လိုအပ်သည်။

၂၀၀၈ခုနှစ် ဇန်နဝါရီလမှစ၍ ဖြစ်နိုင်ဖွယ်ရှိသော အမျိုးအစား ခွဲခြားသတ်မှတ်ရန် "R 18+" သို့မဟုတ် "MA 15 +" ဟူ၍ အဆင့်ခွဲခြားနိုင်သော ပစ္စည်းများနှင့်၊ ယင်းကဲ့သို့ အသက်အရွယ်ကို စစ်ဆေးသော ဝန်ဆောင်မှု (နှင့်၊ MA ၁၅+အတွက်၊ အမြတ်ရရေးအတွက် ထောက်ပံ့ပေးထားခြင်း သို့မဟုတ် အချို့သော မီဒီယာ အမျိုးအစားများ ပါဝင်နေခြင်း ကဲ့သို့သော အခြား စံချိန်စံညွှန်းကို မီသော)၏ နောက်တွင် ကျန်မနေရစ်သော ပစ္စည်းများသည်လည်း “တားမြစ်သည်” သို့မဟုတ် ”တားမြစ်ရန် အလားအလာရှိသည်။” ဆိုသော အမျိုးအစားနှင့် ကိုက်ညီသည်။ ထိန်းညှိကိရိယာ ACMA သည် မလိုက်နာသော နိုင်ငံတွင်း ဆိုဒ်များကို ဖြိုဖျက်ပစ်ဖို့ ဝင်ရောဝင်ရော. အမိန့်ပေးနိုင်သည်။ ပြည်ပဆိုဒ်များကို အမည်ပျက်စာရင်း သို့ သွင်း ကာ PC အခြေခံသော စစ်ထုတ်ခြင်း ဆော့(ဖ်)ဝဲ ပြုလုပ်သူများအား ပံ့ပိုးပေးထား သည်။ စာရင်း ကိုယ်တိုင်နှင့်၊ ၎င်းနှင့် ပတ်သက်သော စာရွက်စာတမ်းများသည် ယခင် ဟောင်းဝပ်အစိုးရ၏ လက်အောက် သတင်းအချက်အလက် လွတ်လပ်ရေးဆိုင်ရာ ဥပဒေများမှ အထူးသဖြင့် ကင်းလွတ်ခွင့်ပြုထားသည်။

ဤ ခွဲခြားဖေါ်ထုတ်ရန်ဖြစ်သည့် “တားမြစ်သည်” သို့မဟုတ် ”တားမြစ်ရန် အလားအလာရှိသည်” ဆိုသော အရာများကို ခွဲခြားဖော်ထုတ်ခြင်းမှာ ဆိုဒ်များ သို့မဟုတ် စာမျက်နှာများအား ထိုးဖောက်နှောင့်ယှက်ဖို့ ကြိုးစားခြင်းကြောင့်ထက်၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းအလိုက် မကျေနပ်ချက် တိုင်ကြားခြင်းအပေါ် တုန့်ပြန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင်၊ အချို့သော လိပ်စာများ (အများအားဖြင့် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ)ကို အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံတွင်း ဥပဒေ တည်စေရေးနှင့် ပတ်သက်သော အရင်းအမြစ်များမှာ ရရှိသည်။ ၂၀၀၈ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၀၉ အစောပိုင်း ကာလတို့တွင်၊ တားမြစ်ထားသော အမည်ပျက်စာရင်းတွင် ပါရှိသော အရေအတွက်မှာ ၁၀၀၀ မှ ၁၃၀၀ ကြားတွင်ရှိသည်။ အကြမ်းအားဖြင့် ၃၂%မှာ “ကလေးသူငယ် မတော်မတရား ပြုကျင့်ခြင်း ပစ္စည်းနှင့် ကလေး လိင်မတရား ပြုကျင့်ခြင်းပစ္စည်း” အဖြစ် အမျိုးအစား ခွဲခြားထားသည်။

ဩစတြေးလျနိုင်ငံ၏ အဓိက နိုင်ငံရေးပါတီ နှစ်ဖွဲ့လုံးက ACMA အမည်ပျက်စာရင်းတွင် ပါရှိသော အရာများကို ISP အဆင့်တွင် အမိန့်အာဏာဖြင့် ပြဋ္ဌာန်းသော ပိတ်ဆို့ရေးဆိုင်ရာ မူဝါဒကို ထောက်ခံကြောင်း ပြသခဲ့သည်။ လူကြီးများအတွက် အကြောင်းအရာများနှင့် အခြားသော အရေအတွက် မသိရသော အမျိုးအစားများအား ပိတ်ဆို့မည့် ဒုတိယအဆင့် ရွေးချယ်ဆုံးဖြတ်ခြင်း “ကလင်းဖိ(ဒ်)” ကိုလည်း ထောက်ပံ့ပေးပါသည်။၂၀၀၈ခုနှစ်တွင် ဤမူဝါဒအစီအစဉ်ကို ကောက်ကြောင်း ဖော်ထားသော်လည်း၊ အကောင်အထည်ခြင်း မရှိသေးပါ။ ယင်းကို အတိုက်အခံ လုပ်ခြင်းများမှာ သိသာထင်ရှားစွာ ရှိနေသည်။

၂၀၀၉ခုနှစ် မတ်လတွင် ACMA “အမည်ပျက်စာရင်း”မှာ ပေါက်ကြားခဲ့ပြီး များပြားစွာသော အပြစ်မရှိသည့် ဝက်(ဘ်)ဆိုဒ်များမှာ မှားယွင်းစွာ ဖေါ်ပြခြင်းခံရသည်။၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လေဘာ အစိုးရအဖွဲ့က ထိုသို့ အစမ်း အင်တာနက် ဆင်ဆာလုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်များကို ထုတ်ပြန်ခဲ့သည်။ ထိုရလဒ်များအား အနက်ကောက်ယူခြင်းအပေါ် အခြေခံကာ အင်တာနက် ဆင်ဆာလုပ်ခြင်း မူဝါဒအသစ်ကို ထုတ်ပြန်ခဲ့ပါသည်။ ဩစတြေးလျသည် စတီဖင်ကွန်ရွိင်း၏အင်တာနက် စစ်ထုတ်ခြင်း အဆိုပြုချက်ကြောင့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က “စောင့်ကြပ်ကြည့်ရှုခြင်း အောက်တွင်” ဟူ၍ လက်ရှိတွင် ခွဲခြားသတ်မှတ်ထားသည်။ ၂၀၁၀ခုနှစ် ဩဂုတ်လ အခြေအနေအရ၊ ၂၀၁၀ရွေးကောက်ပွဲရလဒ် မည်သို့ပင် ရှိစေကာမူ ဆီးနိတ်လွှတ်တော်ရှိ လေဘာပါတီနှင့် ဂျိုးဟော်ကီက မထောက်ခံဟု ပြောသော မဟာမိတ်အဖွဲ့များ၏ နေရာအရေအတွက်က အတော်ပင် နီးကပ်စွာ တူနေသောကြောင့် စစ်ထုတ်ခြင်းအတွက် ဆီးနိတ်၏ အတည်ပြုချက် ရရှိဖို့ ဖြစ်နိုင်ချေ သိပ်မရှိပါချေ။

ဘယ်လားရပ်(စ်)[ပြင်​ဆင်​ရန်​]

ဘယ်လဂျီယမ် ၂၀၀၉ခုနှစ် ဧပြီလမှစတင်၍ ဘယ်လဂျီယမ် အင်တာနက် ထောက်ပံ့သူများဖြစ်သည့် Belgacom၊ Telenet၊ Base၊ Scarlet၊ EDPnet၊ Dommel၊ Proximus၊ Mobistar၊ Mobile Vikings၊ Tele2၊ နှင့် Versatel တို့သည် ဝက်(ဘ်)ဆိုဒ် အချို့ကို DNS အဆင့်တွင် ပိတ်ပင်ထားနေပြီဖြစ်သည်။[44] ဤထောက်ပံ့သူများအနက်မှ တစ်ခုခုကို အသုံးပြု၍ အင်တာနက် သုံးစွဲသူများသည် ပိတ်ဆို့ထားသော ဝက်(ဘ်)ဆိုက် တစ်ခုကို သွားရောက်ပါက ဝက်(ဘ်)ဆိုဒ်ပါ အကြောင်းအရာသည် ဘယ်လဂျီယမ် ဥပဒေအရ တရားမဝင်ပါသဖြင့် ပိတ်ဆို့ထားကြောင်း ဖော်ပြထားသည့် စာမျက်နှာသို့ ရောက်ရှိသွားမည်။

ဘရာဇီး ဘရာဇီးနိုင်ငံ ဥပဒေသည် လွတ်လပ်စွာ ဖော်ပြခွင့်(Paim ဥပဒေ)ကို ကန့်သတ်ထားသည်။ အထူးသဖြင့် လူမျိုးကြီး ဝါဒီ (ဥပမာ နီယို-နာဇီ ဆိုဒ်များ) ဟု ယူဆရသော ဖော်ပြခြင်းများကို ဦးတည်သည်။ ဘရာဇီးနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် သတင်းစာဆရာများ အမည်မဖော်ပြဘဲ ရေးသားခြင်းကိုလည်း တားမြစ်ထားသည်။

ကနေဒါ ကနေဒါသည် ONI က အနည်းငယ် အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် မပါဝင်ပါ။ ကိစ္စအနည်းငယ်တွင် ကနေဒါနိုင်ငံ အသံလွှင့်ခြင်းနှင့် ပုံနှိပ်ခြင်း မီဒီယာ (ဥပမာ ငယ်ရွယ်သော ဥပဒေချိုးဖောက်သူများ၏ အမည်များ သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်း တားမြစ်ချက်များ အရ ပြစ်မှုဆိုင်ရာ တရားစီရင်ချက်များ နှင့်ပတ်သက်သော သတင်းအချက်အလက်များ) တို့တွင် ဖော်ပြခြင်းမရှိစေရန် အစိုးရက ကြိုးပမ်းနေသော သတင်းအချက်အလက်များကို ကနေဒါနိုင်ငံမှ အသုံးပြုသူများသည် အင်တာနက်မှတဆင့် ကနေဒါနိုင်ငံ၏ ပြင်ပတွင် လက်ခံထားသောဆိုဒ်များတွင် ရရှိနိုင်သည်။ ပရောဂျက် ကလင်းဖိ(ထ်) ကနေဒါ (cybertip.ca)က မည်သည့် ဆိုဒ်များသည် သဘာဝအားဖြင့် ကလေးသူငယ် ညစ်ညမ်းစာပေနှင့်ရုပ်ပုံ ဖြစ်ကြောင်းကို ဆုံးဖြတ်ပြီး ထိုဆိုဒ်စာရင်းကို အသုံးပြုသူများအတွက် စာမျက်နှာများကို ပိတ်ဆို့ပေးနိုင်သော ဆန္ဒအလျောက် ထောက်ပံ့ပေးနေသော ISP များထံသို့ ဖြန့်ဝေပေးသည်။ သို့သော် အချို့သော စာရေးဆရာများ၊ ဘလော့ဂ္ဂါများနှင့် ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာ ရှေ့နေများက ထိုသူတို့သည် မည်သူ့အတွက်မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်းနှင့် အများပြည်သူတို့ကို အသိပေးခြင်းမရှိဘဲ ၎င်းတို့၏ စာရင်းတွင် ညစ်ညမ်းစာပေနှင့်ရုပ်ပုံ မဟုတ်သော ဝက်(ဘ်)ဆိုဒ်များကိုလည်း ထည့်ထားနိုင်သည်ဟု ငြင်းချက်ထုတ်ကြသည်။

ချီလီ ချီလီနိုင်ငံကို ONI က အမျိုးအစားခွဲခြားခြင်းမပြုပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် မပါဝင်ပါ။ ပညာရေးအဖွဲ့အစည်း (တက္ကသိုလ်များနှင့် ကျောင်းများ) ပေါင်းများစွာသည် အဖွဲ့အစည်းအပေါ် မူတည်၍ YouTube၊ Fotolog၊ Flickr၊ Blogger၊ Rapidshare၊ Twitter နှင့် Facebook ကဲ့သို့ ဝက်(ဘ်)ဆိုဒ်များသို့ ဆက်သွယ်ရယူခြင်းကို ပိတ်ဆို့ထားသည်။ တခါတရံတွင် နာမည်ကျော် ပေါ်တယ်များဖြစ်သည့် Terra.cl၊ LUN.com၊ EMOL.com တို့ကိုလည်း ပိတ်ပင်ထားသည်။ ညစ်ညမ်းစာပေနှင့်ရုပ်ပုံ၊ အထူးသဖြင့် ကလေးသူငယ် ညစ်ညမ်းစာပေနှင့်ရုပ်ပုံပါ ဝက်(ဘ်)ဆိုဒ်များကို ပိတ်ဆို့ထားသည်။[47] ချီလီ အစိုးရသည် အစိုးရကို သို့မဟုတ် အုပ်ချုပ်မှုဆိုင်ရာ စည်းလုံးညီညွတ်မှုကို ဆန့်ကျင်သည့် အယူဝါဒပါရှိသော ဒေသဆိုင်ရာ သတင်းစာများ၏ အီလက်ထရောနစ် မူကွဲများနှင့် ဘလော့ဂ်များသို့ ဆက်သွယ်ရယူမှုကိုလည်း ၎င်းတို့၏ ကွန်ပျူတာများတွင် ပိတ်ဆို့ထားသည်၊ ဥပမာ ထရန်ဆန်တီရေးဂိုး (Transantiago) သို့မဟုတ် ၂၀၀၆ခုနှစ် ကျောင်းသားဆန္ဒပြမှုများ။

ကိုလံဘီယာ ကိုလံဘီယာနိုင်ငံသည် ၎င်း၏ Internet Sano အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဝက်(ဘ်)ဆိုဒ် အများအပြားကို ပိတ်ဆို့ထားသည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် အင်တာနက် အသုံးပြုသူတစ်ဦးအား သမ္မတ အယ်(လ်)ဗာရို ယူရီဘီ (Álvaro Uribe) ၏ သားများကို ခြိမ်းခြောက်မှုဖြင့် ထောင်ချထားခဲ့သည်။

ချက်(ဇ်) သမ္မတနိုင်ငံ ၂၀၀၈ခုနှစ်မှ စ၍ မိုဘိုင်းအော်ပရေတာများဖြစ်သည့် တီ-မိုဘိုင်း(T-Mobile)[49] နှင့် ဗိုဒါဖုန်း (Vodafone)တို့သည် ရွှေ့ပြောင်းရန် လွယ်ကူသည့် အင်တာနက်နှင့် အသေတပ်းသည့် အင်တာနက် လှုပ်ရှားမှုကို ကလင်းဖိ(ထ်) (Cleanfeed) မှတဆင့် လည်ပတ်စေသည်။ ၎င်းသည် ကလေးသူငယ်များ၏ မဖွယ်ရာသော ဓာတ်ပုံများနှင့် လူမျိုးကြီးဝါဒ နှင့်ပတ်သက်သော အရာများ ပါဝင်သည်ဟု ယုံကြည်ရသော စာမျက်နှာများကို ခွဲခြားဖော်ထုတ်ရန် အင်တာနက်စောင့်ကြည့်ရေးအဖွဲ့က ပေးပို့သော အချက်အလက်များကို အသုံးပြုသည်။

၂၀၀၉ခုနှစ် ဩဂုတ်လ ၁၃ရက်တွင် တယ်လီဖုန်နီကာ ၀၂ ချက်(ဇ်) သမ္မတနိုင်ငံ၊ ချက်(ဇ်) DSL တာဝန်ခံနှင့် မိုဘိုင်း အော်ပရေတာတို့သည် အင်တာနက် စောင့်ကြည့်ရေးအဖွဲ့၏ စာရင်းပါ ဆိုဒ်များကို စတင် ပိတ်ဆို့ခဲ့ကြသည်။ ကုမ္ပဏီက ဤစာရင်းကို ချက်(ဇ်)ရဲတပ်ဖွဲ့က ပေးအပ်သော အချက်အလက်ဖြင့် အစားထိုးလိုကြောင်း ပြောခဲ့သည်။ပိတ်ဆို့ခြင်းစနစ်ကို အသုံးပြုခြင်းသည် အရေးကြီးသော ကွန်ယက်ဝန်ဆောင်မှု အချက်အခဲများနှင့် အပြစ်မရှိသော ဆိုဒ်အများအပြားပါ မှားယွင်းစွာ ပိတ်ဆို့ခံရခြင်းများကြောင့် အများပြည်သူ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။အမှန်တကယ် ပိတ်ဆို့ခြင်း ဆောင်ရွက်မှုကို မသိရသော်လည်း အော်ပရေတာက ၎င်း၏ ဖောက်သည်များကို ထောက်ပံ့သော DNS ဆာဗာများသည် နောက်ဆက်တွဲ TCP ဆက်သွယ်ရေးများကို HTTP အရံအတားသို့ လမ်းလွှဲပို့ဆောင်ခြင်းဖြင့် အဖြေ အတုကို ပြန်ပို့ရန် ပြုပြင်ထားခဲ့သည်။

T-mobile ချက်(ဇ်) သမ္မတနိုင်ငံသည် ကလေး ညစ်ညမ်းစာပေရုပ်ပုံ၊ ကလေးပြည့်တန်ဆာ၊ ကလေးကုန်ကူးခြင်း၊ ကလေးများကို လိင်မှုဆိုင်ရာ သွေးဆောင်ခြင်းနှင့် ကလေးများနှင့် တရားမဝင် လိင်မှုဆိုင်ရာ ဆက်သွယ်မှုတို့ကို အားပေးသော ဝက်(ဘ်)စာမျက်နှာများကို ပိတ်ဆို့ရန် စတင်ပြုလုပ်နေပြီဟု ၂၀၁၀ခုနှစ် မေလ ၆ရက်တွင် တရားဝင် ကြေညာခဲ့သည်။[55] T-mobile က ၎င်း၏ပိတ်ဆို့ခြင်းသည် အင်တာနက်စောင့်ကြည့်ရေးအဖွဲ့၏ စာရင်းပါ URL များနှင့် ဖောက်သည်များ၏ တစ်ဦးချင်း တိုက်ရိုက်တောင်းဆိုမှုတို့ကို အခြေခံသည်ဟု ဆိုသည်။

ဒိန်းမတ် ဒိန်းမတ်နိုင်ငံကို ONI က အမျိုးအစားခွဲခြားခြင်းမပြုပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် မပါဝင်ပါ။ ဒိန်းမတ်နိုင်ငံ၏ အကြီးဆုံး အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူဖြစ်သည့် TDC A/S သည် နိုင်ငံတော် ရဲဌာနနှင့် လှူဒါန်းထောက်ပံ့သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Save the Children တို့ ပူးပေါင်းဆောင်ရွက်ကာ DNS ကိုအခြေခံသော ကလေး ညစ်ညမ်းစာပေရုပ်ပုံ စစ်ထုတ်ခြင်းကို ၂၀၀၅ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့က စတင်ခဲ့သည်။ ထိုအချိန်မှစ၍ အဓိက ထောက်ပံ့သူအားလုံး ပူးပေါင်းခဲ့ပြီး ၂၀၀၆ခုနှစ် မေလတွင် အင်တာနက် အသုံးပြုသူများ၏ ၉၈% ကို စစ်ထုတ်ခြင်းဖြင့် ထိန်းချုပ်ထားခဲ့သည်။

စစ်ထုတ်ခြင်းကြောင့် ၂၀၀၆ခုနှစ် မတ်လတွင် အငြင်းပွားမှုအချို့ ဖြစ်ပွားခဲ့သည်။ တရားဝင် လိင်မှုဆိုင်ရာ ဆိုဒ်တစ်ခုဖြစ်သော Bizar.dk သည် စစ်ထုတ်ခံရမှုထဲတွင် ပါဝင်ခဲ့သည့်အခါ စစ်ထုတ်သည့်လုပ်ငန်း၏ အားထားရမှု၊ မှန်ကန်မှုနှင့် ယုံကြည်ရမှုတို့ အကြောင်း ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ထို့အတူ၂၀၀၅ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှစတင်၍ TDC A/S သည် MP3 များ ဆွဲချယူနိုင်သော နာမည်ကျော် ဆိုဒ်ဖြစ်သည့် AllOfMP3.com သို့ ဆက်သွယ်ရယူနိုင်မှုကို DNS စစ်ထုတ်မှုကို အသုံးပြု၍ ပိတ်ဆို့ခဲ့သည်။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေတွင် ဒိန်းမတ်တရားရုံးတစ်ခုက ဒိန်းမတ် ISP Tele2 ကို ဖိုင်ဝေမျှသော ဆိုဒ်တစ်ခုဖြစ်သည့် thepiratebay.org သို့ဆက်သွယ်ရယူမှုကို ၎င်း၏ ဒိန်းမတ်နိုင်ငံသား အသုံးပြုသူများ အားလုံးအတွက် ဖြတ်တောက်ရန် အမိန့်ချမှတ်ခဲ့သည်။၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဒိန်းမတ်နိုင်ငံတွင် စစ်ထုတ်ထားခဲ့သော ဆိုဒ်ပေါင်း ၃၈၆၃ခုပါသည့် စာရင်းတစ်ခုကို ဝီကီလိ(ခ်)(စ်)(Wikileaks) က ထုတ်ပြန်ခဲ့သည်။

အက်(စ်)တိုးနီးယား ၂၀၁၀ ခုနှစ် အစောပိုင်းတွင် အက်(စ်)တိုးနီးယားနိုင်ငံသည် အသစ်ပြုပြင်ထားသော လောင်းကစား အက်ဥပဒေ(၂၀၀၈) ကို ကွဲလွဲနေ်သည့် “အဝေးမှ လောင်းကစား ဆိုဒ်များ” ၏ DNS စစ်ထုတ်ခြင်းကို စတင်ခဲ့သည်။ အက်(စ်)တိုးနီးယားသည် လောင်းကစား ဥပဒေကို ပြဋ္ဌာန်းထားသည်။ ယခုအချိန်အထိ(၂၀၁၀-၀၃-၀၁) လောင်းကစားရုံ တစ်ခုသာ မှန်ကန်သော လိုင်စင်ကို ရယူထားသည်။ လောင်းကစား ဥပဒေက “တရားဝင်” အဝေးမှ လောင်းကစားခြင်း၏ ဆာဗာသည် အက်(စ်)တိုးနီးယားတွင် အခြေစိုက်ရမည် ဟု ဆိုသည်။ နောက်ဆုံးပေါ် ဒေသဆိုင်ရာ သတင်းမှာ ISP များ ဆောင်ရွက်ရမည့် ၁၇၅ ဆိုဒ်ပါသော ပိတ်ဆို့မှု စာရင်းကို အခွန်နှင့် အကောက်ခွန် ဘုတ်အဖွဲ့က ပြုစုခဲ့သည်ဟု ဆိုသည်။ ယခင်က အက်(စ်)တိုးနီးယားတွင် အင်တာနက်သည် ဆင်ဆာလုပ်ခြင်း အလျင်းမရှိခဲ့ချေ။

ဖီဂျီ ဖီဂျီ ကို ONI က အမျိုးအစားခွဲခြားခြင်းမပြုပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူ စာရင်းတွင် မပါဝင်ပါ။ ၂၀၀၇ခုနှစ် မေလတွင် ဖီဂျီစစ်တပ်သည် အစိုးရကို ဝေဖန်သော ဘလော့ဂ်များကို ပိတ်ဆို့ထားသည်ဟု သတင်းရရှိသည်။

ဖင်လန် ဖင်လန်နိုင်ငံကို ONI က အမျိုးအစားခွဲခြားခြင်းမပြုပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူစာရင်းတွင် မပါဝင်ပါ။ ၂၀၀၇ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် “မိမိဆန္ဒအလျောက် ဥပဒေ” ကို ဖင်လန်ပါလီမန်က ပြဋ္ဌာန်းခဲ့ပြီးနောက်တွင် ဖင်လန်နိုင်ငံရှိ အဓိက အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများသည် ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကလေး ညစ်ညမ်းစာပေရုပ်ပုံကို စစ်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ISP များသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် စစ်ထုတ်မှုကို စတင်ခဲ့ကြသည်။ ဆက်သွယ်ရေး ဝန်ကြီးဌာနက စစ်ထုတ်ခြင်းသည် ISP များအတွက် ၎င်းတို့ မငြင်းပယ်သ၍ မိမိဆန္ဒအလျောက် လုပ်ဆောင်နိုင်သည်ဟု ရှင်းလင်းချက် ပေးခဲ့သည်။ အမည်ပျက်စာရင်းကို ဖင်လန်ရဲတပ်ဖွဲ့က ထောက်ပံ့ပေးပြီး နိုင်ငံခြား ဆိုဒ်များသာ ပါဝင်သင့်သည်။

နည်းပညာရပ်ဆိုင်ရာ စစ်ထုတ်ခြင်းကို အင်္ဂလန်နိုင်ငံ၏ ကလင်းဖိ(ထ်)ကဲ့သို့ URI အခြေခံပြုဖြစ်စေရန် စီမံခဲ့သည်။ သို့သော် ယခုအချိန်အထိ ဆောင်ရွက်မှုများမှာ DNS အခြေပြုများသာ ဖြစ်သည်။ ဤဆင်ဆာလုပ်ထားသော အင်တာနက် ဆိုဒ်များ၏ အများစုမှာ တကယ်တမ်း ကလေး ညစ်ညမ်းစာပေရုပ်ပုံကြောင့် မဟုတ်ဘဲ “ပုံမှန်” အရွယ်ရောက်သူများ ညစ်ညမ်းစာပေ ရုပ်ပုံကြောင့်သာ ဖင်လန် ISP များ၏ ဆင်ဆာလုပ်ခံရခြင်း ဖြစ်ပုံရသည်။ အများသိသော ဆိုဒ်အများစုမှာလည်း ကလေး ညစ်ညမ်းစာပေရုပ်ပုံများကို မည်သည့်နည်းနှင်မဆို တင်းကြပ်စွာ တရားမဝင်ဆိုဒ်များ ဟုထုတ်ပြန်ထားသည့် EU သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိသည်။ စစ်ထုတ်ထားသော ဒိုမိန်းများ၏ ဖင်လန် အင်တာနက် ဆင်ဆာစာရင်း၏ သုံးပုံနှစ်ပုံမှာ ဥရောပ သမဂ္ဂနှင့် အထူးသဖြင့် ဖင်လန်နိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်းကို ဝေဖန်ရေးတွင် တက်ကြွစွာ လှုပ်ရှားသူ ဖင်လန်နိုင်ငံသား မတ်တီနစ်ကီ(Matti Nikki)၏ ကိုယ်ပိုင်စာမျက်နှာဖြစ်သော lapsiporno.info တွင် စုစည်းထားသည်။ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်တွင် နစ်ကီ၏ စာမျက်နှာကိုလည်း နိုင်ငံတော် အစိုးရ စုံစမ်းစစ်ဆေးရေး၏ အမည်ပျက်စာရင်း (ဝီကီသတင်း ဆောင်းပါး) တွင် ထည့်သွင်းခဲ့သည်။ စာရင်းကို ညစ်ညမ်းစာပေရုပ်ပုံ ဆိုဒ်များမှ အချိတ်အဆက်များကို အသုံးပြုခြင်းဖြင့် ပြုစုခဲ့သည့်အတွက် ပိတ်ဆို့စာရင်း၏ နောက်ဆုံး သုံးပုံတစ်ပုံအကြောင်းကို ဤစာရင်းက မည်သို့မျှ ပြောဆိုမထားချေ။

ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web W3C အတွက် အဓိက အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ရေး အဖွဲ့အစည်း၏ ဝက်(ဘ်)ဆိုဒ်များကို ကလေး ညစ်ညမ်းစာပေရုပ်ပုံ အဖြစ် မှားယွင်းစွာ အမည်ပျက်စာရင်း သွင်းမိသည့်အခါ မှန်ကန်မှုနှင့် ပတ်သက်သော ပြဿနာများ ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။မကြာသေးမီကအစိုးရကကမကထပြုလုပ်သော အစီရင်ခံစာတစ်စောင်က အွန်လိုင်း လောင်းကစားမှုကို ထိန်းချုပ်ရန် အလားတူ စစ်ထုတ်ခြင်းမျိုး ပြုလုပ်ရန် ဆင်ခြင်သုံးသပ်ခဲ့သည်။ကလေး ညစ်ညမ်းစာပေရုပ်ပုံ စစ်ထုတ်ရေးအပေါ် ဥပဒေကို မည်သို့ အသုံးချခဲ့သည့် အကြောင်းနှင့် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများအကြောင်း တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးအပြီးတွင် ဒုတိယ ပါလီမန်လွှတ်တော်ဆိုင်ရာ နိုင်ငံတော်ခန့် အဖွဲ့ဝင်လူကြီး (Parliamentary Ombudsman)က (၂၉.၅.၂၀၀၉) ရဲတပ်ဖွဲ့သည် ဥပဒေကို လိုက်နာခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးချိန်တွင် စာရင်းတွင်ပါသော ဆိုဒ်အများစုတွင် ကလေး ညစ်ညမ်းစာပေရုပ်ပုံအဖြစ် သတ်မှတ်နိုင်သော အရာများ မပါဝင်ခဲ့ပါဟု ကောက်ချက်ချခဲ့သည်။ သူက ဥပဒေသည် အတော်လေး ရှင်းလင်းမှုမရှိဘဲ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် အကျိုးသက်ရောက်နေပြီး ၎င်း၏ ရလဒ်ကို ကြိုတင် မခန့်မှန်းနိုင်သောကြောင့် ဥပဒေကို ကြီးကြပ်သောအခါတွင် ဤအချင်းအရာများကို ထည့်သွင်းစဉ်းစားရန် ထောက်ခံချက်ပေးသည်။

ပြင်သစ် ပြင်သစ်နိုင်ငံသည် ONI ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူစာရင်းတွင် မပါဝင်ပါ။ ပြင်သစ်တရားရုံးများသည် LICRA နှင့် ရာဟူး(Yahoo) အမှုတွင် နာဇီ(Nazi) နှင့်ပတ်သက်သော အကြောင်းအရာကို ပိတ်ပင်ပေးပါရန် Yahoo! ကို တောင်းဆိုခဲ့သည်။ အမှုမှာ လက်ရှိတွင်[ကိုးကားရန်လိုသည်] တရားရုံးရှိ တရားသူကြီးများအားလုံး တက်ရောက်ရသည့် ကြားနာစစ်ဆေးခြင်းအတွက် အယူခံဝင်ထားသည်။

၂၀၀၉ခုနှစ်တွင် ပြဋ္ဌန်းသော ဟာဒိုပီ(Hadopi) ဥပဒေသည် မူပိုင်ပြုလုပ်ထားသော အကြောင်းအရာများကို တရားမဝင် ဆွဲချကူးယူခြင်းကို ဖမ်းမိပါက၊ သို့မဟုတ် ထိုသို့သော တရားမဝင် ဆွဲချကူးယူခြင်းမှ ၎င်းတို့စနစ်ကို ကာကွယ်ရန် ပျက်ကွက်ပါက အင်တာနက် အသုံးပြုသူများကို ဖြတ်တောက်ရန် ခွင့်ပြုသည်။ ၂၀၀၉ ခုနှစ် ဩဂုတ်လမှ စတင်၍ ဤဥပဒေကို ဟာဒိုပီ၂ ဥပဒေ နောက်ဆက်တွဲအဖြစ် သတ်မှတ်ခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးဌာနကတည်ထောင်ပြီး ၂၀၀၉ခုနှစ်တွင် ပါလီမန်သို့ တင်သွင်းခဲ့သော လော့(ပ်)စီ၂ (LOPPSI 2) ဥပဒေက ကလေး ညစ်ညမ်းစာပေရုပ်ပုံ ပါဝင်သော ဆိုဒ်များ၏ အမည်ပျက်စာရင်းကို အတည်ပြုမည်ဖြစ်သည်။ ၎င်းစာရင်းပါ ဆိုဒ်များကို အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများက ပိတ်ဆို့ရမည်ဖြစ်သည်။

လော့(ပ်)စီ “ပြည်တွင်း လုံခြုံရေး လုပ်ဆောင်မှုအတွက် လမ်းညွှန်ခြင်း နှင့် စီမံခြင်း ဥပဒေကြမ်း” သည် ခေတ်သစ် အင်တာနက် ဥပဒေများဖြစ်သော အွန်လိုင်းတွင် မည်သူမည်ဝါဖြစ်မှု ခိုးယူခြင်းကို ပိတ်ပင်ခြင်း ၊ စုံစမ်းစစ်ဆေးမှု ပြုစဉ်အတွင်း အင်တာနက် ဆက်သွယ်မှုလိုင်းများနှင့် ဖုန်းလိုင်းများ ကို ကြားဖြတ်စစ်ဆေး နားထောင်ခြင်းကို ရဲတပ်ဖွဲ့အား ခွင့်ပြုခြင်းနှင့် အင်တာနက် ချိတ်ဆက်မှုများကို စစ်ထုတ်ရန် ISP များကို အမိန့်ချမှတ်ခြင်းဖြင့် ကလေး ညစ်ညမ်းစာပေရုပ်ပုံကို ဦးတည်ချက်ထားခြင်းတို့ကို အားထုတ်လုပ်ဆောင်သည့် ကျယ်ပြန့်သော လုံခြုံရေး ဥပဒေကြမ်း ဖြစ်သည်။

၂၀၁၀ခုနှစ်တွင် ပြင်သစ်ပါလီမန်သည် အင်တာနက် ဆိုဒ်များ စစ်ထုတ်ခြင်း အသုံးပြုမှုကို နည်းနိုင်သမျှနည်းရန် ကြိုးစားအားထုတ်သည့် ပြင်ဆင်မှုအားလုံးကို ဆန့်ကျင်ခဲ့သည်။ ဤလုပ်ဆောင်မှုသည် ပြင်သစ် လူ့အဖွဲ့အစည်း အနှံ့အပြားသို့ အငြင်းပွားဖွယ်ရာ ရိုက်ခတ်သွားခဲ့သည်။ ကလေး ညစ်ညမ်းစာပေရုပ်ပုံ ရေးသူများကို ဖမ်းမိရန် ရည်ရွယ်ချက်သည့် အင်တာနက် စစ်ထုတ်ခြင်းသည် အခြားသော အရာများကိုလည်း ဆင်ဆာလုပ်ရန် တိုးချဲ့လာနိုင်သောကြောင့် ဖြစ်သည်။ကလေး ညစ်ညမ်းစာပေရုပ်ပုံ ရေးသူနှင့် အခြား အရာများကို ဖြန့်ဝေသူများသည် ၎င်းတို့ဖော်ပြလိုသည်များကို ဖြန့်ဝေရန် လျှို့ဝှက်ကုတ်သုံး တိုက်ရိုက်ချိတ်ဆက်မှု စနစ်များကို အသုံးပြုနေပြီး ဖြစ်သောကြောင့် URL များကို စစ်ထုတ်ခြင်းသည် မည်သို့မျှ အရာရောက်မည်မဟုတ်ဟု ဝေဖန်သူများကလည်း သတိပေး ပြောဆိုကြသည်။

ဂျာမနီနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

ဂါနာ ဂါနာနိုင်ငံကို ONI က အမျိုးအစားခွဲခြားခြင်း မပြုပါ။ ၎င်းသည် RSF ၏ အင်တာနက် ရန်သူစာရင်းတွင် မပါဝင်ပါ။ ၂၀၀၂ခုနှစ်တွင် ဂါနာအစိုးရသည် မြောက်ပိုင်းဂါနာတွင် လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုအကြောင်း အင်တာနက် မီဒီယာ သတင်းအပေါ် ဆင်ဆာပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံသည် ONI ၏ အနည်းငယ် အမျိုးအစားတွင် ပါဝင်ပြီး RSF ၏ အင်တာနက် ရန်သူစာရင်းတွင် မပါဝင်ပါ။ ၂၀၀၆ခုနှစ် ဇူလိုင်လမှစတင်၍ အိန္ဒိယအစိုးရသည် Geocities၊ Blogspot နှင့် Typepad ဒိုမိန်းများတွင် လက်ခံထားသော ဝက်(ဘ်)ဆိုဒ်အချို့အပါအဝင် ဝက်(ဘ်)ဆိုဒ်ပေါင်း တစ်ဆယ့်ခုနစ်ခုကို ပိတ်ဆို့ရန် ISP များကို ညွှန်ကြားခဲ့သည်။ စဦးဆောင်ရွက်စဉ် ကြုံတွေ့ရသော အခက်အခဲများက ၎င်းဒိုမိန်းများကို လုံးဝ ပိတ်ဆို့ပစ်ရန် ဖြစ်စေခဲ့သည်။အတိအကျသတ်မှတ်ကာ ပိတ်ပင်ထားသော ဆိုဒ်များမှလွဲ၍ ဤဒိုမိန်းများပေါ်မှ ဆိုဒ်များကို ဆက်သွယ်ရယူခြင်းကို ISP အများစုက တစ်ပတ်အကြာတွင် မူလအတိုင်း ပြန်လည် ဖြစ်စေခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပထမဆုံး မှတ်တမ်းရှိခဲ့သော အင်တာနက် ဆင်ဆာလုပ်ခြင်းမှာ Yahoo! အုပ်စုများ ကို ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၃ရက်က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အာဏာ ဥပဒေကို ဖီဆန်သော ဟင်နီယူးထရပ်(ပ်) နိုင်ငံတော် လွတ်မြောက်ရေး ကောင်စီ (Hynniewtrep National Liberation Council)ကို ချိတ်ဆက်သော ရာဟူး(Yahoo!) အုပ်စု ဖြစ်သည့် ဂိုဏ်းခွဲဝါဒီ အုပ်စုငယ် Kynhun ကို ပိတ်ပင်ရန် ဆက်သွယ်ရေး ဝန်ကြီးဌာနက အမိန့်ချမှတ်ခဲ့သည်။ ISP ၏ ပိတ်ပင်ရန် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကြောင့် နောက်ဆုံးတွင် ရာဟူးအုပ်စု အားလုံးကို နှစ်ပတ်ခန့် ပိတ်ပင်ထားရန် ဖြစ်စေခဲ့သည်။များမကြာမီက အိန္ဒိယ ဥပဒေ တည်ရေးဆောင်ရွက်မှုက အသရေပျက်စေသော အကြောင်းအရာဟု ယူဆရသည်များကို ခြေရာခံလိုက်ရန် နာမည်ကျော် လူမှုရေး ကွန်ယက် ဆိုဒ်ဖြစ်သည့် အော်ကွတ်(တ်) (Orkut) နှင့် သဘောတူညီမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ ဥပမာအရ ဘယ်(လ်) သက္ကရေး (Bal Thackeray)ကို ဝေဖန်မှုများ အပါအဝင် ဖြစ်သည်။

အစ္စရေး[ပြင်​ဆင်​ရန်​]

အစ္စရေး ကို ONI ဖြင့် အမျိုးအစား ခွဲခြားသတ်မှတ်ထားမှု မရှိပါ။ RSF ၏အင်တာနက်ရန်သူ စာရင်းတွင်လည်း မပါဝင်ပေ။ အစ္စရေးတွင်ရှိသော အော့သိုဒေါ့(က်စ်)ဂျူးလူမျိုး ပါတီဝင်များက အင်တာနက် ဆင်ဆာပြုမှုဥပဒေကို လက်ခံဆောင်ရွက်ရန် တင်ပြသည့်အဆိုပြုမှုတွင် လူကြီးများသာကြည့်ရှုနိုင်သည့် အင်တာနက် စာမျက်နှာများတွင် ပါဝင်သော အကြောင်းအရာများကိုသာ ဝင်ရောက်ကြည့်ရှုနိုင်သည့် အခွင့်အလမ်းအား အင်တာနက် အသုံးပြုသူများကိုယ်တိုင် မိမိကိုယ်မိမိ အရွယ်ရောက်သူများဟု ခွဲခြားဖေါ်ပြသူများအား ပေးရန်နှင့် စစ်ထုတ်ခြင်း မပြုလုပ်ရန် တို့ပါဝင်သည်။ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် လိုအပ်သော၎င်း၏ ပထမဦးဆုံးမဲသုံးမဲဲဖြင့် ဥပဒေကိုအတည်ပြုခဲ့သည်။ သို့ရာတွင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့တွင် အစိုးရ၏ဥပဒေပြုရေး ကော်မတီဝင်များက ၎င်းကိုပယ်ချခဲ့သည်။

အီတလီနိုင်ငံတွင် ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

အီတလီကို ONI ဖြင့် အမျိုးအစားခွဲခြား သတ်မှတ်ထားခြင်းမရှိပါ။ RSF ၏အင်တာနက်ရန်သူ စာရင်းတွင်လည်း မပါဝင်ပေ။ အီတလီသည် နိုင်ငံခြားသားလောင်းကစားဒိုင်များက အင်တာနက် လုံးလုံးလျားလျား အသုံးပြုမှုကို အီတလီISPများ၏ DNS လက်ခံဖိုင်များ ကို အချို့သော တည်းဖြတ်မှု အမိန့်အာဏာချမှတ်ပြီး တားမြစ်သည်။အီတလီသည် ညစ်ညမ်းသော ကလေးရုပ်ပုံများ ပါဝင်သော ဝက်(ဘ်)ဆိုဒ်များအား ဝင်ရောက်ကြည့်ရှု နိုင်ခွင့်ကိုလည်း ပိတ်ဆို့ထားသည်။၂၀၀၈ ခုနှစ်တွင် အီတလီသည် ဤဆင်ဆာပြုမှုကို အီလက်ထရွန်နစ်စနစ်သုံး ကုန်သွယ်မှုဥပဒေအပေါ် အခြေခံကာ ပိုင်းရိတ်ဘေး ဝက်(ဘ်)ဆိုဒ်ကိုလည်း ကာလအပိုင်းအခြားတစ်ခုအထိ ပိတ်ဆို့ခဲ့သည်။ ၂၀၁၀ ခုနှစ် မေလ၂၅ ရက်တွင် ပိုင်းရိတ်ဘေးကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ထပ်မံ ပိတ်ဆို့ထားခဲ့ပါသည်။

ဂျော်ဒန်[ပြင်​ဆင်​ရန်​]

ဂျော်ဒန်နိုင်ငံသည် RSF ၏အင်တာနက် ရန်သူစာရင်းတွင် မပါဝင်ပါ။ ဆင်ဆာလုပ်ခြင်း မှာလည်း အခြားနိုင်ငံများနှင့်စာလျှင် ပေါ့ပါးသည်။ ဟတ်ရှီမိုက် ကင်းဒမ်းအော့(ဖ်)ဂျော်ဒန်တွင် ပါဝင်သော အင်တာနက် စာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို အများအားဖြင့် ချုပ်ထိန်းထားခြင်း မရှိပေ။ ဝက်(ဘ်)ဆိုဒ် အနည်းငယ်မျှကိုသာ ရွေးချယ်ပြီး စစ်ထုတ်ခြင်း ပြုလုပ်ထားသည်။ သို့ရာတွင် မီဒီယာ ဥပဒေနှင့်စည်းမျဉ်းများက ဆိုက်ဘာနေရာတွင် အတိုင်းအတာ အချို့အထိ ကိုယ်တိုင်ဆင်ဆာလုပ်ရန် အားပေးသည်။ အစီရင်ခံချက်များအရ နိုင်ငံသားများမှာ ၎င်းတို့ရေးသားခဲ့သည့် ဝက်(ဘ်)ဆိုဒ်ပါ အကြောင်းအရာအတွက် မေးခွန်းထုတ်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းများ ရှိသည်။ ဂျော်ဒန်တွင် ဆင်ဆာလုပ်ခြင်းမှာ အစ္စရေး၊ အီရတ်၊ လက်ဘနွန်နှင့် ပါလက်စတိုင်းတို့၏ ပိုက်နက် ဒေသများကဲ့သို့ နိုင်ငံရေး မငြိမ်သက်သော နိုင်ငံများနှင့် နယ်နိမိတ်ချင်း နီးကပ်စွာ တည်ရှိနေမှုကြောင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သော နိုင်ငံရေး အခြေအနေများအပေါ် အဓိက အာရုံစိုက်သည်။ ၎င်း၏ အိမ်နီးချင်းနိုင်ငံ အများစုနှင့် မတူ ဂျော်ဒန်နိုင်ငံသည် လွတ်လပ်ပြီး ခေတ်မီသော ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍများ ရှိသည်။

မလေးရှား[ပြင်​ဆင်​ရန်​]

  • ညစ်ညမ်းသော ရုပ်ပုံများပါသော ဆိုဒ်များ

Pornhub .com နှင့် Tube8.com ကဲ့သို့သော ဝက်(ဘ်)ဆိုဒ်များကို ကြိုတင်အသိပေးခြင်း သို့မဟုတ် အကြောင်းပြချက်ပေးခြင်းတို့ မလုပ်ဘဲ ပိတ်ဆို့ထားရှိသည်။

  • သတင်းဘလော့ဂ်များ

၂၀၀၆ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကောင်ချိုဟာသည် မလေးရှား သတင်းဘလော့ဂ်များအားလုံးကို သတင်းအချက်အလက် ဝန်ကြီးဌာနတွင် မှတ်ပုံတင် စာရင်းသွင်းရန် ကြေညာခဲ့သည်။ မလေးရှား၏ များပြားစုံလင်လှသော လူမျိုးစုများရှိသည့် လူမှုအဖွဲ့အစည်းအား ဖရိုဖရဲဖြစ်စေမည့် အရေးကို ဘလောဂ္ဂါ များ မပြုလုပ်စေရန် သွေးဆောင်ဖို့ ဥပဒေ ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ၎င်းက အကြောင်းပြချက် ပေးခဲ့သည်။

မော်ရိုကိုနိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

မော်ရိုကိုနိုင်ငံသည် ONI ၏ စောင့်ကြည့်စာရင်း တွင်ပါဝင်ပြီး RSF ၏ အင်တာနက်ရန်သူ စာရင်းတွင် မပါဝင်ပေ။ ၂၀၀၆ခုနှစ် မတ်လတွင်၊ မော်ရိုကိုတွင် လိုက်(ဖ်)ဂျာနယ် ကဲ့သို့သော ဘလောက်ဆိုဒ် အနည်းငယ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ပိတ်ထားခဲ့သည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ပြောဆိုချက်အရ အနောက်ဆာဟာရ၏ လွတ်လပ်ရေးကို ထောက်ခံသော နိုင်ငံရေးဝက်ဘ်ဆိုဒ်များ အားလုံးကို ယခုအခါမော်ရိုကိုက ဆင်ဆာပြုလုပ်လျက်ရှိသည်။ သို့ရာတွင် အနောက်ဆာဟာရနှင့် ပတ်သက်သော များပြားလှသော ဘလောက်များကို ဝင်ရောက်ကြည့်ရှုနိုင်သေးသည်။ Google Earth (ဂူဂဲ(လ်)ကမ္ဘာ့မြေပုံ)ကို မော်ရိုကို၏ စစ်ထုတ်ထားသော စာရင်းထဲသို့ ထည့်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် မော်ရိုကို၏အဓိက ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သည့် Maroc Telecom (မရော့(က်)တယ်လီကွန်း)သည် မည်သည့် အကြောင်းပြချက်မျှ ပေးခြင်းမရှိဘဲ YouTube (ယူကျု(ဘ်))သို့ ဝင်ရောက်ကြည့်ရှုခွင့်ကို တစ်လနီးပါးမျှကြာအောင် ပိတ်ထားခဲ့သည်။

နယ်သာလန်[ပြင်​ဆင်​ရန်​]

နယ်သာလန်နိုင်ငံ၏ အဓိက ISP တစ်ခုဖြစ်သော UPC နယ်သာလန်သည် ညစ်ညမ်းသည့် ကလေးရုပ်ပုံများကို ဖော်ပြနေသည်ဟု အာဏာပိုင်များက ဆိုသော ဝက်(ဘ်)ဆိုဒ်များကို DNS အဆင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ၂၀၀၇ ခုနှစ်ကစ၍ ပိတ်ပင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဒုတိယသုံးလပတ်တွင် အားလုံးသော အဓိက ဒတ်(ချ်)ISP များသည် စာရင်းတွင်ပါရှိသော ဝက်(ဘ်)ဆိုဒ်များ အားလုံးအား ပိတ်ပစ်ရန်ကိုလည်း တရားစီရင်ရေး ဝန်ကြီးဌာနမှ အောင်း(စ်)(ထ်ဟစ်(ချ်)ဘယ်လဲ(န်) နှင့် သဘောတူညီခဲ့ကြသည်။

အမျိုးသားရဲတပ်ဖွဲ့(KLPD)ကနာမည်ပျက်စာရင်းကိုစုဆောင်းခဲ့ပါသည်။ယခုလက်ရှိတွင် ဝက်(ဘ်)ဆိုဒ် ၁၅၀ကို ပိတ်ထားသည်ဟု အောင်း(စ်)(ထ်)ဟစ်(ချ်)ဘယ်လဲ(န်)က ပြောသည်။ယင်းတွင် EU နိုင်ငံများတွင် အခြေစိုက်သော ဝက်(ဘ်)ဆိုဒ်များမပါဝင်ပေ။ ၎င်းတို့ကို Productteam Bestrijding Kinderpornografie မှ၂လတစ်ကြိမ် စစ်ဆေးလျက်ရှိသည်။ တရားစီရင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ၏သိပ္ပံဆိုင်ရာ သုတေသနနှင့် မှတ်တမ်းတင်ခြင်းဗဟိုဌာန (WODC)[85] မှသုတေသန ပြုလုပ်ချက်အရ အခြေခံဥပဒေနှင့် မကိုက်ညီခြင်းကြောင့် ဝက်ဘ်ဆိုဒ် ထောက်ပံ့သူများကို အသုံးပြုရန် တွန်းအားပေးခြင်း ပြုလုပ်မည်မဟုတ်ပါ။ ၂၀၀၉ တွင် စစ်ထုတ်ခြင်းကို အသုံးပြုသော ထောက်ပံ့သူများမှာ UPC နှင့် အငယ်စားထောက်ပံ့သူ စကားလက်နှင့် ကလစ်ဆေ့(ဖ်) တို့ဖြစ်သည်။ အမိန့်အာဏာဖြင့် ထုတ်ဆင့်ပြဋ္ဌာန်းခြင်း မဟုတ်သော စစ်ထုတ်ခြင်းများအပေါ် သေချာ ပြတ်သားစွာ ဖေါ်ပြထားသော ထောက်ပံ့သူများသည် ယင်းတို့ကို အသုံးပြုနေခြင်း မရှိပါချေ။

နယူးဇီလန်နိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

၂၀၁၀ ခုနှစ်ဖေဖေါ်ဝါရီလမှစ၍ ပြည်တွင်းရေးရာဌာနက ISPs အား စေတနာအလျောက် အင်တာနက် စစ်ထုတ်ခြင်းလုပ်ပေးရန် ကမ်းလှမ်းထားသည်။ပါဝင်ကြသည့် ထောက်ပံ့ပေးသူများက သံသယရှိသည့် ဦးတည် IP လိပ်စာများကို ပိတ်ဆို့ချင်သည့် HTTP တောင်းဆိုချက်များကို ပိတ်ဆို့ပေးသည့် ထိုဌာနသို့ လမ်းကြောင်းလွှဲပေးသည်။ အခြားသော packet ခေါ် ကွန်ပျူတာ သတင်းအချက်အလက်များ စုစည်းပါဝင်သည့် ဆော့(ဖ်)ဝဲ အစိတ်အပိုင်းများကို မှန်ကန်သော ကွန်ယက်ဆီသို့ ပြန်လည် လမ်းကြောင်းလွှဲပေးသည်။ ပိတ်ဆို့ထားသည့် လိပ်စာများစာရင်းကို လျှို့ဝှက်ထားသည်။ သို့ရာတွင် ညစ်ညမ်းသည့် ကလေးရုပ်ပုံများမှာ တစ်ခုတည်းသော အကြောင်းရင်းပင် ဖြစ်သည်ဟု ယုံကြည်ရသည်။

နော်ဝေး[ပြင်​ဆင်​ရန်​]

နော်ဝေးသည် ONI ၏ စောင့်ကြည့်စာရင်း တွင် ပါဝင်ပြီး RSF ၏အင်တာနက်ရန်သူ စာရင်းတွင် မပါဝင်ပေ။ နော်ဝေး၏ အဓိက အင်တာနက်ဝန်ဆောင်မှု ပေးသူများတွင် DNS စစ်ထုတ်ခြင်းရှိပြီး ညစ်ညမ်းသည့် ကလေးရုပ်ပုံများကို ဖော်ပြနေသည်ဟု အာဏာပိုင်များက ဆိုသော ဝက်(ဘ်)ဆိုဒ်များကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ပိတ်ပင်ထားသည်။ [87] ဒိန်းမတ်၏ စစ်ထုတ်ခြင်းနှင့် အလားသဏ္ဍာန်တူသည်။ နော်ဝေးနိုင်ငံ၏ DNS အမည်ပျက်စာရင်း ဟုဆိုသော စာရင်းကို ၂၀၀၉ ခုနှစ် မတ်လတွင် ဝီကီလိ(ခ်)(စ်)၌ ထုတ်ဝေခဲ့သည်။[88] တရားရေးဝန်ကြီးဌာန ဝန်ကြီး နွတ်စတော်ဘာဂက်(ထ်)က မိမိတို့ဆန္ဒအလျောက် စစ်ထုတ်ခြင်းကို အသုံးပြုရန် ငြင်းဆန်ပါက ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်စေရန် ISP များထံသို့ ခြိမ်းခြောက်သော စာတစ်စောင်ပို့ခဲ့သည်။ (၂၀၀၈ခုနှစ် ဩဂုတ်လ၂၉ရက်ရက်စွဲပါ)

ပါကစ္စတန်နိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

ပါကစ္စတန်နိုင်ငံသည် ONI ၏ စောင့်ကြည့်စာရင်း တွင် ပါဝင်ပြီး RSF ၏အင်တာနက်ရန်သူ စာရင်းတွင်မူ မပါဝင်ပေ။ ပါကစ္စတန်သည် အစိုးရအား ဝေဖန်သော ဝက်(ဘ်)ဆိုဒ်များအား ဝင်ရောက်ကြည့်ရှုခြင်းကို ပိတ်ဆို့ထားသည်။ ယခုလက်ရှိတွင်အစိုးရသည် Blogspot.com မှ လက်ခံထားသည့် ဘလောက်များကို ပိတ်ဆို့ထားသည်။ ညစ်ညမ်းသည့် ဝက်(ဘ်)ဆိုဒ်များကို တားမြစ်ရန် ဥပဒေ ပြဋ္ဌာန်းထားရှိသည်။ ဘလော်ချီစတန်နှင့် ဆင်း(ဒ်)တို့၏ အမျိုးသားရေးဝါဒ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို မှတ်တမ်းတင်ထားသော ဝက်(ဘ်)ဆိုဒ်များကိုလည်း ပိတ်ပင်တားမြစ်ထားသည်။

၂၀၀၇ ခုနှစ်မှစ၍၊ ညစ်ညမ်းသော ရုပ်ပုံများ ပါရှိသည့် ပစ္စည်းများ အပါအဝင် သတင်းပို့ထားသော မည်သည့် အရာပစ္စည်းကိုမျှ ပိတ်ပင်တားမြစ်ခြင်း သို့မဟုတ် ဆင်ဆာလုပ်ခြင်း မရှိခဲ့ချေ။

၂၀၀၈ ခုနှစ်တွင် ယူကျု(ဘ်)ပေါ်တွင် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဗီဒီယိုတစ်ခုကို စတင်ပြသခဲ့ပြီးနောက် ယင်းကို အစိုးရက နိုင်ငံတစ်ဝှမ်းလုံးတွင် ပိတ်ပင်တားမြစ်ခဲ့ပြီး အမိန့်အာဏာတည်စေခဲ့သည်။ နောက် ၃ ရက်အကြာတွင်မူ ပိတ်ပင်တားမြစ်ချက်ကို ရုပ်သိမ်းခဲ့သည်။

ပိုလန်[ပြင်​ဆင်​ရန်​]

ပိုလန်နိုင်ငံ၌ အင်တာနက်မှာ အခြေခံအားဖြင့် နိုင်ငံအစိုးရ ကြားဝင်ခြင်းမှ ကင်းလွတ် သော်လည်း ပေါ်တယ်(လ်) ခေါ် ပင်မဝက်(ဘ်)ဆိုဒ် ဆင်ဆာလုပ်ခြင်းတွင် ပြဿနာတစ်ရပ် ရှိနေသည်။နာမည်ကြီးသော ဆွေးနွေးပွဲ အများစုမှာ နှစ်သက်သော မြင်ကွင်းများကို အလွန်အကျွံ စီစဉ်ထားခြင်းဖြင့် ၎င်းတို့၏ စီမံခန့်ခွဲရေးရာတို့ အောက်တွင် လွန်ကဲစွာ ကြိုးကိုင်ချယ်လှယ်ခြင်းကို ခံရသည်။ဤကဲ့သို့ ကြိုးကိုင် ချယ်လှယ်ခြင်းများကြောင့် ကွဲပြားခြားနားသော ရှုမြင်သုံးသပ်ချက်များရှိသောသူ များအကြား ဆွေးနွေးချက်များကို နှောင့်နှေးစေနိုင်ပြီး ဆွေးနွေးပွဲ၏ သရုပ်ကို လိမ်လည်လှည့်ဖျားမှု ဖြစ်စေနိုင်ပါသည်။

၂၀၀၈ခုနှစ် ဒီဇင်ဘာလတွင် ပိုလန်၏အဓိက ISP ဖြစ်သော TPSA သည် မသင့်လျော်ဟု မှတ်ယူရသည့် ဝက်(ဘ်)ဆိုဒ်အချို့အား အခါအားလျော်စွာ ပိတ်ဆို့ခဲ့သည်။ အများစုမှာ ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများနှင့် လူကြီးများသာ ကြည့်သော နာမည်ကျော် ဝက်(ဘ်)ဆိုဒ်များ ဖြစ်သည်။ သို့သော် ၎င်းတို့သည် အချို့သော IRC လိုင်းများကိုလည်း ပိတ်ဆို့ခဲ့ပြီး gimp.org ဝက်(ဘ်)ဆိုဒ်ကိုလည်း အချိန်အတော်ကြာ ပိတ်ဆို့ခဲ့ဘူးပါသည်။

လက်ရှိအချိန်တွင် အင်တာနက် ဆင်ဆာလုပ်ခြင်းနှင့် ပတ်သက်သော တရားဥပဒေအချို့ကို အဆိုပြုထားသည်။ အစိုးရ အဖွဲ့အစည်းအတွက် ပြောရေးဆိုခွင့်ရှိသော အဖွဲ့များ၏ (ရဲ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အထူးရဲတပ်ဖွဲ့၊ စသည်ဖြင့်) အကြိုက်ကို လိုက်၍ ပိတ်ဆို့ထားသော ဝက်(ဘ်)ဆိုဒ်များ၏ မှတ်တမ်းကို ပြုစုရန် အဆိုပြုချက်များရှိသည်။ တရားရုံးမှ ကြားဝင်ခြင်း မရှိဘဲ စီမံကိန်း အုပ်ချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင်ကောင်း နိုင်ပေမည်။ ယင်းနောက်တွင် ရွေးချယ်ထားသော လိပ်စာကို ပိတ်ဆို့လိုက်နိုင်သည်။ ဝက်(ဘ်)ဆိုဒ် ပိုင်ရှင်ကို ပိတ်ဆို့ခြင်းပြီးသည့်တိုင်အောင် အကြောင်းကြားမည်မဟုတ်ပေ။ ၎င်းနောက်တွင် ဝက်(ဘ်)ဆိုဒ် ပိတ်ဆို့ခြင်းကို တရားဝင်ဖြစ်အောင် လုပ်ရန် လုပ်ထုံးလုပ်နည်း များကို လိုက်နာရန် ဖြစ်ကောင်း ဖြစ်နိုင်ာပေမည်။

ရုရှား[ပြင်​ဆင်​ရန်​]

ရုရှားသည် ONI ၏ စောင့်ကြည့်စာရင်း တွင် ပါဝင်ပြီး၊ RSF ၏အင်တာနက်ရန်သူ စာရင်းတွင် မပါဝင်ပေ။ ရုရှားသည် လစ်သူယေးနီးယားအား ချေချင်ညာရှိ ရုရှားတပ်များကို တိုက်ခိုက်သော ဗီဒီယိုများနှင့် ချေချင်ခွဲထွက်ရေး ရှုထောင့်မှ တင်ပြထားသော ဒုတိယချေချင်စစ်ပွဲ အစီရင်ခံစာများကို ဖေါ်ပြသည့် Kavkaz-Center Website ကိုပိတ်ပစ်ရန် ဖိအားပေးခဲ့သည်။၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် အစိုးရနှင့် ပေါင်းစည်းထားသော ရုရှားအင်တာနက် ထောက်ပံ့သူ ခြောက်ခုသည် အစိုးရအတိုက်အခံများ၏ သတင်းများကိုဖေါ်ပြသော သတင်းဝက်(ဘ်)ဆိုဒ်များကို ပိတ်ဆို့ခဲ့ခြင်းအား လူအများသိခဲ့ကြသည်။ ဤအကြောင်းကို လူအများသိရှိခဲ့ပြီးနောက် ယင်းတို့အနက် အကြီးဆုံးကုမ္ပဏီက ပိတ်ဆို့ထားမှုများကို ပယ်ဖျက်လိုက်ပြီး “ပါဝင်သော အကြောင်းအရာများအား စိစစ်မှုကို စမ်းသပ်ခြင်း” ဟု ဖြေရှင်းချက်ပေးခဲ့သည်။ အခြားကျန်ရှိသော ငါးခုမှာ ယင်းအတိုင်းပင် ဆက်လက်ရှိနေသည်။ဤကဏ္ဍ၏ ဘက်မလိုက်မှု အခြေအနေကို အငြင်းပွားလျက်ရှိသည်။ စကားဝိုင်းစာမျက်နှာ ပေါ်တွင်ရှိသော ဆွေးနွေးချက်များကို ကျေးဇူးပြုပြီး ကြည့်ပါ။ အငြင်းပွားမှုကို ဖြေရှင်းပြီးသည်အထိ ဤသတင်းစကားကို ကျေးဇူးပြု၍ ဖျက်မပြစ်ပါနှင့်။ (၂၀၀၉ ခုနှစ် ဩဂုတ်လ)

၂၀၀၇ ခုနှစ်တွင် စစ်တစ်(ဖ်)ကားမှ ဂီတပညာရှင် ဆက်ဗာ တာရဲန်တိယက်(ဗ်)အပေါ် တရားစွဲဆိုမှုမှာ လိုက်(ဖ်)ဂျာနယ် ဘလောက်တွင် ဖော်ပြထားသည့် ဒေသတွင်း ရဲတပ်ဖွဲ့တို့အပေါ် ၎င်းကရဲတင်းစွာ ဝေဖန်ထားမှု ပါရှိသော အစီရင်ခံချက်တစ်ခုကြောင့် အစပြုခဲ့ခြင်း ဖြစ်သည် (ရုရှားနိုင်ငံ မြို့တော် အချက်အချာ နေရာတိုင်းတွင် ရှိသော “သစ္စာမဲ့ရဲများ”အား အော့ရှ်ဝစ်(ဇ်) းနှင့် တူသော မီးဖိုပေါ်တွင် နေ့စဉ်နေ့တိုင်း မီးတင်ရှို့ဖို့ အိပ်မက်မက်ခြင်း[92])။ “လူမှုအုပ်စုများကြား ရန်ဘက် ဖြစ်စေရန် လှုံ့ဆော်ပေးခြင်း”ဟု သူ့အား စွပ်စွဲခဲ့သည်။ ဘာသာဗေဒပညာဆိုင်ရာ ကျွမ်းကျင်သူတို့၏ စစ်ဆေးချက် အများအပြားအရ ဆက်စပ်နှီးနွယ်၍ ဖော်ပြချက်သာ ဖြစ်သည်ဟု ဆင်ခြေပေးကာ၊ စာသားသည် ဤသို့စွပ်စွဲချက်ကို ငြင်းဆိုသည်ဟု ဆိုသော်လည်း သူ့ကို ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ်ကျခံစေခဲ့သည်။[93] ရုရှားနိုင်ငံ၌ အင်တာနက်ပေါ်တွင် ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ဆင်ဆာလုပ်ခြင်းမှာ တက်လာလျက်ရှိသည်။ ကမ္ဘာတစ်ခုလုံးကို အင်္ဂလိပ် ဝီကီပီးဒီးယားနှင့် ဝီကီမီဒီယာ ဖောင်ဒေးရှင်းတို့နှင့်လည်း ပတ်ရစ်လျက်ရှိသည်။[ကိုးကားရန်လိုအပ်သည်] ကျန်းမာရေး အကြောင်း ဖတ်ရှုနေကြသော ရုရှား စာဖတ် ပရိတ်သတ်၏ အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ဖော်ပြခွင့် ဆိုင်ရာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်လျက်ရှိသည်။

စင်္ကာပူ[ပြင်​ဆင်​ရန်​]

စင်္ကာပူနိုင်ငံသည် ONI ၏ အနည်းငယ် အမျိုးအစားအောက်တွင်ရှိပြီး RSF၏ အင်တာနက် ရန်သူစာရင်းတွင်မပါပေ။ စင်္ကာပူတွင် လူမျိုးရေးခွဲခြားမှု နှင့်ဆိုင်သော ထင်မြင် သုံးသပ်ချက် များကို အင်တာနက်ပေါ်တွင် တင်သောလူသုံးဦးအား ပုန်ကန်ရန် လှုံ့ဆော်ခြင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။ ယင်းတို့အနက်နှစ်ဦးမှာ ထောင်ဒဏ်ကျခံရသည်။ [ကိုးကားရန်လိုအပ်သည်] အပန်းဖြေခြင်းဆိုင်ရာ မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော အင်တာနက် အကြောင်းအရာ များကိုလည်း အချို့သော ISP များက ပိတ်ဆို့ထားသည်။ စင်္ကာပူနိုင်ငံ အစိုးရ၏ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့က နိုင်ငံတွင်းတွင် ဝင်ရောက်ကြည့်ရှု မရနိုင်သော ပိတ်ဆို့ထားသော ဝက်(ဘ်)ဆိုဒ်များ၏ စာရင်းကို လျှို့ဝှက်ထိန်းသိမ်း ထားရှိသည်။ ပိတ်ဆို့ထားသော အကြောင်းအရာများကို လုံးဝ ဝင်ရောက်ကြည့်ရှုမရရှိရေး သေချာစေရန် စင်္ကာပူနိုင်ငံ၏ ISP သုံးခုကို မီဒီယာ့ဖြိုးတိုးတက်မှု အေဂျင်စီက လုံ့လစိုက် ထိန်းချုပ်ထားသည်။

စလိုဗေးနီးယား[ပြင်​ဆင်​ရန်​]

၂၀၁၀ခုနှစ် ဇန်နဝါရီလ ၂၈ရက်တွင် စလိုဗေးနီးယား အမျိုးသားညီလာခံသည် စလိုဗေးနီးယား တွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းကို တရားဝင်ဖြစ်စေသည့် လောင်းကစားခြင်းကို ချုပ်ကိုင်သော ဥပဒေအသစ် လက်ခံခဲ့သည်။ သို့သော်လည်း ယခုအခါတွင် စလိုဗေးနီးယား အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ အင်တာနက် လောင်းကစား ဝက်(ဘ်)ဆိုဒ်များ လှုပ်ရှားဆောင်ရွက်နေကြသည်။ ဥပဒေသည် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများကို ထိုဝက်(ဘ်)ဆိုဒ်များအား ဝင်ရောက်ကြည့်ရှု ခွင့်အပေါ် တာဝန်ယူရန် ပြုလုပ် ပြီး၊ လောလောဆယ်မရှိသေးသော ဆင်ဆာလုပ်ခြင်း ဆိုင်ရာ ကိရိယာများ/ စနစ်များကို တပ်ဆင်ရန်မှာ ၎င်းတို့၏လိုအပ်လာသည်။

ဆွီဒင်[ပြင်​ဆင်​ရန်​]

ONI က ဆွီဒင်ကို အမျိုးအစားခွဲခြား မထားပေ။ RSF ၏ အင်တာနက်ရန်သူ စာရင်းတွင်လည်း မပါဝင်ပေ။ ဆွီဒင်၏ အဓိက အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့သူများတွင် ညစ်ညမ်းသော ကလေးရုပ်ပုံများပါရှိသည်ဟု အာဏာပိုင်များက ဆိုသော ဝက်(ဘ်)ဆိုဒ် များသို့ ဝင်ရောက် ကြည့်ရှုနိုင်ခြင်းကို ပိတ်ဆို့ထားသည့် DNS စစ်ထုတ်ခြင်းများ ရှိသည်။ ဒိန်းမတ်နိုင်ငံ၏ စစ်ထုတ်ခြင်းများနှင့် အလားသဏ္ဍာန်တူသည်။ ဆွီဒင်နိုင်ငံ၏ အင်တာနက် ဆင်ဆာပြုမှုစာရင်း ဥပမာ တစ်စိတ်တစ်ဒေသကို ဖင်းနစ်(ရှ်)ဆိုဒ် ဝေဖန်ရေး အင်တာနက် ဆင်ဆာလုပ်ခြင်း တစ်ခုတွင် ကြည့်ရှုနိုင်ပါသည်။ ဆွီဒင်ရဲတပ်ဖွဲ့သည် ဤတားမြစ်ထားသော အင်တာနက် ဝက်(ဘ်)ဆိုဒ်များစာရင်းကို အမြဲပြုပြင်နေရန် တာဝန်ရှိသည်။ အရည်အသွေးမြင့် ဖိုင်ဝေမျှသော နည်းလမ်းတစ်ခုဖြစ်သည့် တောရဲန့် ဆိုဒ်များကို ခြေရာခံသည့် ပိုင်းရိတ်ဘေးမှတစ်ဆင့် တောရဲန့်ဆိုဒ်များတွင် ညစ်ညမ်းသော ကလေးရုပ်ပုံများ ရှိကြောင်း ဆွီဒင်ရဲတပ်ဖွဲ့က ဂျုလိုင်လ ၆ ရက်နေ့က ပြောကြားခဲ့သည်။ ယင်းကို တားမြစ်ထားသော အင်တာနက်ဆိုဒ်စာရင်းတွင် ထည့်သွင်းမည် ဖြစ်ကြောင်းလည်း ပြောကြားပါသည်။ သို့ရာတွင် ရဲတပ်ဖွဲ့က တရားမဝင်သော အကြောင်းအရာများကို ဝက်(ဘ်)ဆိုဒ်မှ ဖယ်ရှားပစ်ခဲ့သည်ဟု ဆိုပြီးသည့်နောက်တွင် စာရင်းတွင်းသို့ ထည့်သွင်းခြင်း မရှိခဲ့ပါချေ။ TPB တွင်ပါရှိသော မည်သို့သော အကြောင်းအရာက တရားဥပဒေဘောင်မဝင်သည်ကို ရဲတပ်ဖွဲ့က မည်သည့်အခါကမျှ ဖော်ပြခဲ့ခြင်းမရှိချေ။ ဤသည်မှာ ပိုင်းရိတ်ဘေးအား ဆင်ဆာလုပ်ခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံရေး ပါဝင်ပတ်သက်နေသော သဘောပါသည်ဟူ၍ ဝေဖန်ခြင်းနှင့် စွပ်စွဲခြင်းများ ဖြစ်ပေါ်လာခဲ့သည်။

ထိုင်းနိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

ထိုင်းနိုင်ငံသည် ONI ၏ အနည်းငယ် အမျိုးအစားဖြစ်သည်။ RSF၏ အင်တာနက်ရန်သူ စာရင်းတွင်မပါဝင်ပေ။ ထိုင်းနိုင်ငံတွင် တရားမဝင်သော လှုပ်ရှားမှုများကို ကိုယ်စားပြုသည့် ဝက်(ဘ်)ဆိုဒ်များကို ကန့်ကွက်သည့်အနေဖြင့် လုပ်ဆောင်ချက်များ သိသာစွာ ပြုလုပ်လျက်ရှိသည်။ ထိုင်းနိုင်ငံတွင် DNS နှင့် ပိုမိုထိရောက်သော ပရောက်ဆီတို့ ကို မြင်နိုင်ခြင်း ထိန်းချုပ်မှုကို သုံး၍ လောင်းကစားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ညစ်ညမ်းသော စာပေရုပ်ပုံများ ပါဝင်သော လှုပ်ရှားမှုများကို တင်းကြပ်စွာ တားမြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဝက်(ဘ်)ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်စွမ်း မရှိချေ။ အင်တာနက် ဆင်ဆာလုပ်ခြင်းအပေါ် တိမ်းရှောင်ရန် ဆွေးနွေးချက်များပါသော ဆိုဒ်များကိုလည်း အစိုးရက တားမြစ်ခဲ့သည်။၂၀၁၀ခုနှစ် ဩဂုတ်လတွင် အားလုံးသော အရည်အသွေးမြင့် ဖိုင်ဝေမျှသော နည်းလမ်းတစ်ခုဖြစ်သည့် တောရဲန့် အသွားအလာကို ပိတ်ဆို့ထားခဲ့သည်။

တူရကီနိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

တူရကီနိုင်ငံတွင် သက်တမ်းအကြာဆုံးနှင့် အကျော်ကြားဆုံးဖြစ်သော တူရကီလူမှုရေး ဘလောက် အသိုင်းအဝိုင်း Ek$i Sözlük နှင့် လူသိများလှသော ကဗျာနှင့် စာပေအသိုင်းအဝိုင်း Antoloji.com အပါအဝင် အဓိကနှင့်သာမည ဝက်(ဘ်)ဆိုဒ် အများအပြားကို ယခုတိုင်အောင် ဆင်ဆာလုပ်ထားသည်။ ၂၀၀၇ ခုနှစ် မတ်လ ၆ ရက်နေ့တွင်၊ အီစတန်ဘူ(လ်)၏ ငြိမ်းချမ်းရေးဆိုင်ရာ ပထမ ရာဇဝတ်မှုတရားရုံးက YouTube.com ဆိုဒ်တွင် တင်ထားသောဗီဒီယိုအား ဝင်ရောက် ကြည့်ရှုခွင့်ကို ပိတ်ပစ်လိုက်ပြီး ဒိုမိန်းပေါ်တွင် အောက်ဖော်ပြပါ စာတမ်းကို ထိုးတားသည်။

“www.youtube.com ဝက်(ဘ်)ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်အား အီစတန်ဘူ(လ်)၏ ငြိမ်းချမ်းရေးဆိုင်ရာ ပထမ ရာဇဝတ်မှုတရားရုံး၏ ၀၆.၀၃.၂၀၀၇ ရက်စွဲပါ ဆုံးဖြတ်ချက်အမှတ် ၂၀၀၇/၃၈၄ အရဆိုင်းငံ့ထားခဲ့သည်။”ယင်းတားမြစ်ခြင်းကြောင့် နေရာအနှံ့အပြား ဆန္ဒပြမှုများ ထွက်ပေါ်လာပြီး နှစ်ရက်အကြာတွင် ရုပ်သိမ်းခဲ့သည်။ ယူကျု(ဘ်)မှာ ၁၂.၀၃.၂၀၀၈ တွင်ဆုံးဖြတ်ချက်အမှတ် ၂၀၀၈/၂၅၁ အရ ထပ်မံ၍ တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရပြီး မကြာမီ တွင် ရုပ်သိမ်းခဲ့သည်။ တရားရုံးနှစ်ရုံး၏ ဆုံးဖြတ်ချက်များကြောင့် Youtube မှာ နိုင်ငံတွင်း ၂၀၀၈ မေလ ၅ရက်ကတည်းမှစ၍ ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် ဆက်လက် တားမြစ်ခံထားရလျက် ရှိသည်။

YouTube အပြင်၊ အဓိကနှင့် သာမည website စုစုပေါင်း ၆၀၀၀ ကျော်ကို လတ်တလောတွင် တူရကီ၌ တားမြစ်ထားသည်။ယင်းတို့တွင် နာမည်ကြီးသော Blogsite တစ်ခုဖြစ်သည့် Wordpress.com လည်းပါဝင်သည်။ ၎င်း၏ domain ခွဲများ အားလုံး အပါအဝင် ၂၀၀၇ ခုနှစ် ဩဂုတ်လမှစတင်ပြီး လုံးဝ တားမြစ်ထားခဲ့သည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ဘလောက်ဂ္ဂါကိုလည်း တားမြစ်ခဲ့သည် (သို့သော် ၄ ရက်မျှသာ)။ တူရကီတွင် လတ်တလော တားမြစ်ခံထားရသော website များတွင် Youporn ၊ The Pirate Bay ၊ Megaupload ၊ Deezer ၊ Virb ၊ Dailymotion ၊ Google Groups ၊ Tagged ၊ Netlog ၊ Slide ၊ GeoCities ၊ CareerBuilder ၊ Alibaba ၊ ShoutCast တို့ပါဝင်ပြီး၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် Blogspot ပါ ပါဝင်လာသည်။ The Internet Movie Database သည် ၎င်း၏domain အမည် စာလုံးပေါင်း မှားယွင်းမှုကြောင့် ဆင်ဆာလုပ်ခြင်းမှ လွတ်မြောက်သွားခဲ့သည်။ ယင်းအစား www.imdb.com က အချည်းနှီး တားမြစ်ခံခဲ့ရသည်။

၂၀၀၈ခုနှစ် စက်တင်ဘာလတွင်၊ တူရကီသည် ထင်ရှားသော ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် ရစ်ချတ်ဒေါ်ကင် ၏ website အား ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို စစ်ထုတ်လိုက်သည်။ တူရကီလူမျိုး ဖန်တီးရှင်ဝါဒသမား nom de plume Harun Yahya မှမကျေနပ်ကြောင်း ထုတ်ဖေါ်ပြောကြားချက်အား တုန့်ပြန်ခြင်းအားဖြင့် ယင်းသို့ စစ်ထုတ်ခြင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အော(က်)တာသည် Wordpress နှင့် Google Groups တို့အား စစ်ထုတ်ခြင်းတို့၏ နောက်ကွယ်တွင် ကြိုးကိုင်သူလည်းဖြစ်သည်။

၂၀၁၀ ခုနှစ် ဇွန်လတွင်၊ တူရကီနိုင်ငံက တားမြစ်ထားသော YouTube မှာ Google Docs ၊ Google Translate ၊ Google Books ၊ Google Analytics ၊ Google Tools များအပါအဝင် YouTube ၏ ဇစ်မြစ်ဖြစ်သောGoogle က ဝန်ဆောင်မှုများပေးပြီး IP လိပ်စာများ အတိုင်းအတာထိ တိုးချဲ့လာခဲ့သည်။[97] တူရကီ၏သမ္မတ အပ္ပဒူလာဂူး(လ်) က နိုင်ငံ၏ YouTube နှင့် Google ဝန်ဆောင်မှုများ တားမြစ်ထားခြင်း အပေါ်တွင် သဘောမတူခြင်းကို ဖေါ်ပြရန် သူ၏Twitter စာရင်းကို အသုံးပြုခဲ့သည်။ ဂူး(လ်)၏ ပြောကြားချက်အရ တာဝန်ရှိပုဂ္ဂိုလ်များအား ဝင်ရောက်ကြည့်ရှုနိုင်သည့် အခွင့်အလမ်းကို တရားဝင် ခွင့်ပြုသော နည်းလမ်းများရှာရန် ၎င်းက ညွှန်ကြားခဲ့သည်။ ONI က တူရကီကို အမျိုးအစားခွဲခြား မထားပေ။ RSF၏ အင်တာနက်ရန်သူ စာရင်းတွင်လည်း မပါဝင်ပေ။ သို့ရာတွင် RSF၏ စောင့်ကြပ်ကြည့်ရှုသော စာရင်းအောက်တွင် ရှိသည်။

အဦးကျသော မီဒီယာ ထိန်းချုပ်မှုနှင့် ဆင်ဆာလုပ်ခြင်းအဖွဲ့အစည်း RTÜK အပြင် အစိုးရဆိုင်ရာ အဖွဲ့အစည်း အသစ်တစ်ခုကို အင်တာနက် ထိန်းချုပ်ရေးနှင့် ဆင်ဆာလုပ်ခြင်းကို ယခင်ကကဲ့သို့ တရားရုံးမှကြိုတင်၍ ဆုံးဖြတ်ချက်မပြုဘဲ ပြုလုပ်နိုင်ရန် အတွက် မကြာသေးမီကမှ တည်ထောင်ခဲ့သည်။[ကိုးကားရန်လိုအပ်သည်] တူရကီ ပြစ်မှုဆိုင်ရာ ကိုဓဥပဒေ၏ ၅၆၅၁ ခုမြောက် ဥပဒေနှင့်အညီ မိမိကိုယ်မိမိသတ်သေရန် ညွှန်ကြားခြင်း၊ ကလေးများကို မတော်မတရားပြုကျင့်ခြင်း၊ မူးယစ်ဆေးဝါးများ၊ ညစ်ညမ်းသော စာပေရုပ်ပုံများ၊ ပြည့်တန်ဆာလုပ်ခြင်း၊ စော်ကားမော်ကားပြုခြင်းနှင့် လောင်းကစားခြင်းတို့ ပါဝင်သော website များအပါအဝင် အားလုံးသော မီဒီယားများကို တားမြစ်ထားသည်။ တူရကီ ဆက်သွယ်ရေး အဖွဲ့အစည်းတွင်လည်း ပြည်သူများအတွက် သတင်းပို့ချက်များ website တစ်ခု ရှိပါသည်။အများပြည်သူနှင့်ဆိုင်သော အဓိက website များကို လောလောဆယ်တွင် ပိတ်ပင် ထားခဲ့သော်ငြားလည်း၊ ၎င်းတို့၏ စုံလင်သော ဆင်ဆာလုပ်ခြင်းအတွက် တရားဥပဒေ၊ နည်းပညာနှင့် လူ့ကျင့်ဝတ်တို့နှင့် ပတ်သက်ပြီး အကျိုးသင့် အကြောင်းသင့် ဆွေးနွေးခြင်းများ မှာ စိတ်ပျက်ဖွယ် ကောင်းလောက်အောင်ပင် ကင်းမဲ့လျက်ရှိပေသည်။ ယင်းကြောင့် proxy များ အသုံးပြု၍သော်လည်းကောင်း သို့မဟုတ်DNS ဆာဗာများကို ပြောင်းလည်း၍ သော်လည်းကောင်း ပိတ်ပင်ထားခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖေါက်ဝင်ရောက်ခြင်းများ ဖြစ်စေပါသည်။


ဗြိတိန်နိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

ယူနိုက်တက်ကင်းဒမ်းသည် ONI ၏ စောင့်ကြည့်စာရင်း တွင် ပါဝင်ပြီး RSF ၏ အင်တာနက်ရန်သူ စာရင်းတွင် မပါဝင်ပေ။ ဗြိတိသျှဆက်သွယ်ရေးလုပ်ငန်း ISP သည် မသင့်တော်သော ကလေးဓါတ်ပုံများပါဝင်သည်ဟု ယုံကြည်ရသော စာမျက်နှာများကို ခွဲခြားနိုင်ရန် အင်တာနက်စောင့်ကြည့်ရေး အဖွဲ့အစည်းမှ ထောက်ပံ့သော အချက်အလက်ကို အသုံးပြုသည့် ကလင်းဖိ(ဒ်) ဟုခေါ်သော ဝန်ဆောင်မှုမှတစ်ဆင့် အင်တာနက်ယာဉ်ကြောကို ကျော်ဖြတ်သည်။အဆိုပါကဲ့သို့ စာမျက်နှာကို တွေ့ရှိသောအခါ၊ ရှာဖွေသော စာမျက်နှာကို သို့မဟုတ် သတိပေးသည့် စာမျက်နှာတို့ကို ဖော်ပြခြင်းထက် ‘ရှာဖွေသော စာမျက်နှာကို URL တွင်မတွေ့ပါ’ဆိုသည့် အမှားဖေါ်ပြချက်ကို ကွန်ပျူတာစနစ်မှ ဖန်တီးထားသည်။

အခြား ISPများသည် ဝက်(ဘ်)မိုင်ဒါ ကဲ့သို့သော ကွဲပြားသော စနစ်များကိုု အသုံးပြုသည်။ ကလင်းဖိ(ဒ်)သည် ပါဝင်သောအကြောင်းအရာကို စစ်ထုတ်ရာတွင် ငြိမ်သက်သော စနစ်ဖြစ်သည်။ အဓိပ္ပါယ်မှာ အင်တာနက် အသုံးပြုသူများကို ကလင်းဖိ(ဒ်)မှ စည်းကမ်း လိုက်နာစေခြင်းလော သို့မဟုတ် ဆက်သွယ်မှု မအောင်မြင် ခြင်းလော ဟူ၍ အင်တာနက် အသုံးပြုသူများက အတည်တကျ မဖော်ပြနိုင်ပေ။ ၂၀၀၈ ခုနှစ်တွင် လန်ဒန် ဆက်သွယ်ရေး ကောလိပ်မှ MA သုတေသီ နီကိုလတ်(စ်)ကိုမတ်ဇစ်(စ်) ဦးဆောင်ပြုလုပ်ခဲ့သည့် နမူနာစစ်တမ်း ကောက်ယူချက် အငယ်စားအရ အဓိက အများစုဖြစ်သည့် UK ကိုအခြေစိုက်သော အင်တာနက် အသုံးပြုသူ (၉၀.၂၁%)သည် ကလင်းဖိ(ဒ်)ဆော့(ဖ်)ဝဲ တည်ရှိနေခြင်းကိုပင် မသိရှိခဲ့ပေ။ ထို့အပြင်၊ UK ရှိ ငြိမ်သက်သော ဆင်ဆာလုပ်ခြင်း စနစ်ကို တာဝန်ယူရန်အတွက် ၆၀.၈၇%သော ပါဝင်သူများသည် BT အပေါ် မယုံကြည်ပေ။ ၆၅.၂၂% မှာလည်း IWF အပေါ် မယုံကြည်ပေ။

အမေရိကန်ပြည်ထောင်စုတွင် အင်တာနက်ဆင်ဆာလုပ်ခြင်း[ပြင်​ဆင်​ရန်​]

အမေရိကန်ပြည်ထောင်စုသည် ONI ၏ အနည်းငယ် အမျိုးအစားတွင် ပါဝင်သည်။ RSF၏ အင်တာနက်ရန်သူ စာရင်းတွင်မပါဝင်ပေ။ အရွယ်မရောက်သေးသူ တစ်ယောက်က မြင်တွေ့နိုင်ရန် အလားအလာရှိသော အွန်လိုင်းတွင် ပြောဆိုသော စကားများအပေါ် ပြင်းပြင်းထန်ထန် ကန့်သတ်ချုပ်ချယ်သည့် သင့်တင့်လျောက်ပတ်သော ဆက်သွယ်ရေးဆိုင်ရာ အက်ဥပဒေကို အမေရိကန် ပြည်ထောင်စု၌ ၁၉၉၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစကားများမှာ အွန်လိုင်း စကားအများစုဖြစ်သည်ဟု အငြင်းပွားခဲ့သည်။ သို့ရာတွင် လွတ်လပ်စွာပြောဆိုခြင်းအတွက် အရေးဆိုသူများက ဥပဒေအများစုကို ပြောင်းပြန်ဖြစ်အောင် တရားရုံးများမှနေ၍ စီမံကိုင်တွယ်နိုင်ခဲ့သည်။ မူပိုင်ခွင့် ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများကို ဥပါယ်တံမျဉ်ဖြင့် ကျော်လွှားအာင် လုပ်ရန်အတွက် အသုံးပြုနိုင်သော ဆွေးနွေးခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကို ဒစ်ဂျစ်တယ် ထောင်စုနှစ် မူပိုင်ခွင့်အက်ဥပဒေက ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။ ၎င်းဥပဒေက အင်တာနက်ပေါ်တွင် မူပိုင်ခွင့် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲချက်ကို အရေးယူရာတွင် ပိုမိုလွယ်ကူအောင် လုပ်ပေးသည်။

အမေရိကန်ပြည်ထောင်စုတွင် ကျောင်းများရှိသော ခရိုင်အများအပြား၌ ကျောင်းနှင့် မသင့်တော်ဟု ထင်မှတ်ရသော အရာများအား မကြာခဏ ဆင်ဆာပြုလုပ်သည်။ ၂၀၀၀ခုနှစ်တွင်၊ U.S. လွှတ်တော်သည် ကျောင်းများနှင့် ပြည်သူ့ စာကြည့်တိုက်များတွင် အင်တာနက်စစ်ထုတ်ကိရိယာများ သို့မဟုတ် ပိတ်ဆို့နိုင်သောဆော့(ဖ်)ဝဲ တပ်ဆင်ရန် လိုအပ်သည့် ဗဟိုအစိုးရထံမှ ရန်ပုံငွေ လက်ခံရန် ကလေးသူငယ်များ၏ အင်တာနက် ကာကွယ်ရေး အက်ဥပဒေ (CIPA)ကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။လူမှုရေးကွန်ယက် ဝက်(ဘ်)ဆိုဒ်များကို ပိတ်ဆို့ရန်အတွက၊ှ ကျောင်းများ၊ အချို့သော စီးပွားရေးလုပ်ငန်းများ၊ စာကြည့်တိုက်များ အတွက် ဆက်သွယ် ရရှိခြင်းကို ပိတ်ပင်ရန် လိုအပ်သော အွန်လိုင်း အဖျက်သမားများအား ပယ်ဖျက်ရေး အက်ဥပဒေ ဥပဒေပြဋ္ဌာန်းရန် လွှတ်တော်မှ စဉ်းစားနေသည်။ အင်တာနက်ဆင်ဆာလုပ်ခြင်းကို ဆန့်ကျင်သူများက ငြင်းဆိုကြသည်မှာ လွတ်လပ်စွာပြောဆိုမှု အတွက် ထောက်ပံ့ရန် အင်တာနက်ဆင်ဆာလုပ်သည့် မည်သည့် ဥပဒေ ၊ စည်းမျဉ်းစည်းကမ်း မဆို ပထမ ပြင်ဆင်ချက်မှ အစိုးရ အား တားမြစ်သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် U.S. ခရိုင်တရားရုံး တရားသူကြီး ဂျက်(ခ်)ဘီဝိန်းစတိန်းသည် တားမြစ်ကန့်ကွက်သောအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်အရ စိတ်ရောဂါကြောင့် မသေမပျောက်ဘဲ ကျန်ရစ်သူများ၏ လှုပ်ရှားမှု၏ များပြားလှသော လှုပ်ရှားမှုများကို တားမြစ်ခဲ့သည်။ ယင်းတို့တွင် ဝက်(ဘ်)ဆိုဒ်ပေါ်၌ လင့်(ခ်)များ တင်ခြင်းမှသည်၊ အယ်လီလစ်လီ နှင့် ကုမ္ပဏီက ဇိုင်ပရက်(က်)ဇာ၏ သေလောက်သော အကျိုးဆက်များအကြောင်း သတင်းအချက်အလက်များကို တမင်ရည်ရွယ်၍ မပေးဘဲထားသည်ဟု အဓိပ္ပာယ်သက်ရောက်သည့် စာရွက်စာတမ်းများ အမြင်ဖြင့် ပေါက်ကြားခြင်းအထိ ပါဝင်သည်။

အီလက်ထရွန်နစ်နှင့်ဆိုင်သော ခံတပ်အဖွဲ့အစည်းသည် စာရွက်စာတမ်းများသို့ ချိတ်ဆက် ကြည့်ရှုခြင်းနှင့် အင်တာနက်ပေါ်တွင် တင်ခြင်းဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး ဤသို့ပြုလုပ်ခြင်းအား ကြိုတင်တားမြစ်ချက် အဖြစ် အသနားခံခဲ့သည်။ နိုင်ငံသား ဂျာနယ်သမားများ သည်လည်း အလားတူ ပထမ ပြင်ဆင်ချက် အခွင့်အရေးကို လူထု ဆက်သွယ်ရေး ဌာနများ အနေဖြင့် ရရှိသင့်သည်ဟု ယင်းကဆိုသည်။[106] ပထမ ပြင်ဆင်ချက် အခွင့်အရေးကို ပယ်ချခံရသော်လည်း စီရင်ချက်မှာ အတင်းအကြပ်တိုက်တွန်း၍ မရနိုင်ဟု နောက်ပိုင်းတွင် အသနားခံချက်ကို ရပ်ဆိုင်းထားလိုက်သည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင်၊ မော်(လ်)ဒိုက် ရေအောက်ဒိုင်ဗင် ငှားရမ်းခြင်းကုမ္ပဏီ (scubaboard lawsuit ကိုကြည့်ပါ)က အွန်လိုင်း ဆွေးနွေးခန်းတစ်ခုဖြစ်သည့် Scubaboard.com ကို တရားစွဲဆိုလိုက်သည်။ ကုမ္ပဏီပိုင်ရှင်က စကူဘာဘုတ်၊ Scubaboard.com နှင့် Scubaboard.com ပိုင်ရှင် တို့အား ယင်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများအတွက် ဒေါ်လာ ၁၀ သန်း ပေးလျော်ရန် တောင်းဆိုခဲ့သည်။

တစ်ဦးချင်း ဆွေးနွေးပွဲ အဖွဲ့ဝင်များကို scubaboard.com ၏ မော်ဒရိတ်တာများနှင့် ပိုင်ရှင်များထံတွင် ၎င်းတို့၏ IP လိပ်စာများမှလွဲ၍ အမည်ဖော်ပြထားခြင်း မရှိသော်လည်း ဆွေးနွေးပွဲ၏ “ဝန်ထမ်းများ”အဖြစ် တရားစွဲဆိုရာတွင် အမည်တပ်ထားသည်။ ဤတရား စွဲဆိုမှုမှာ အင်တာနက် ဝက်(ဘ်)ဆိုဒ်များနှင့် အင်တာနက် ဆွေးနွေးခန်းများသည် တိုင်းပြည်တွင်းနှင့် ဒေသတွင်း တရားစွဲဆိုခြင်းများကြောင့် ဖြစ်ပေါ်ရသော သိက္ခာကျခြင်းနှင့် ဆုံးရှုံးနစ်နာခြင်းတို့ကို ခုခံနိုင်စွမ်း မရှိခြင်းကို ဖော်ပြသည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် အချို့သော အိုင်ပီလိပ်စာများကို စစ်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။ US တပ်မတော်၏ စစ်ထုတ်ရေး မူဝါဒကို လွှတ်တော်သို့ တင်ပြသော “ကာကွယ်ရေး အမှုထမ်းများ အင်တာနက် ဝင်ရောက်ကြည့်ရှုခွင့်ဆိုင်ရာ ဌာန” ဟုအမည်ရသည့် အစီရင်ခံစာ၌ ဖေါ်ပြခဲ့သည်။

အခြားနိုင်ငံများ[ပြင်​ဆင်​ရန်​]

မက္ကဆီကို

၂၀၀၉ ခုနှစ် မေလတွင်၊ မက္ကဆီကို ဗဟိုအစိုးရရွေးကောက်ပွဲဆိုင်ရာ နည်းပညာတက္ကသိုလ် (IFE) သည် ယူကျု(ဘ်)အား ဗီရာခရုစ် ပြည်နယ်အုပ်ချုပ်ရေးမှုး ဖီဒယ်(လ်)ဟာရဲရားကို ပြောင်လှောင်၍ရေးသားမှုကို ဖယ်ရှားရန်တောင်းဆိုခဲ့သည်။ သာမန်ပြည်သူတစ်ဦးက တရားဥပဒေနှင့်အညီ ပြုလုပ်ထားသော ဗီဒီယိုဖြစ်သော်ငြားလည်း၊ နိုင်ငံရေး စည်းရုံးလှုံ့ဆော်ရာတွင် အပျက်သဘောဆောင်သော ကြော်ငြာများဖြစ်ပါက လက်ရှိဥပဒေအရ တားမြစ်ခြင်းခံရသည်။ မက္ကဆီကို နည်းပညာ တက္ကသိုလ်တစ်ခုက ပထမဦးဆုံးအကြိမ်အဖြစ် အင်တာနက်နှင့် ပတ်သက်ပြီး တိုက်ရိုက်ကြားဝင်ခြင်းဖြစ်သည်။၂၀၁၀ခုနှစ်တွင် မက္ကဆီနိုင်ငံသည် ဝက်(ဘ်)ဆိုဒ်များကို ဆင်ဆာမပြုလုပ်ပါ။

ပေါ်တယ် ဆင်ဆာလုပ်ခြင်း(Portal censorship)[ပြင်​ဆင်​ရန်​]

အဓိကပေါ်တယ်ခေါ် ပင်မဝက်(ဘ်)ဆိုဒ်များသည် တစ်ခါတစ်ရံ သာမန်အားဖြင့် ပါဝင်သော ဝက်(ဘ်)ဆိုဒ်များကို ချန်လှပ်ထားသည်။ ဤသို့အားဖြင့် မည်သည့်နေရာတွင် ရှာဖွေရမည်ကို မသိသောသူများအား ဝက်(ဘ်)ဆိုဒ်ကို မမြင်နိုင်အောင် လုပ်ပေးနိုင်သည်။ ဤသို့ အဓိက ပေါ်တယ်က ပြုလုပ်သောအခါ ဆင်ဆာလုပ်ခြင်းကဲ့သို့ အလားတူ သက်ရောက်မှုမျိုးရှိသည်။ တစ်ခါတစ်ရံတွင် ဤကဲ့သို့ချန်လှပ်ခြင်းကို တရားဥပဒေနှင့် သို့မဟုတ် အခြားလိုအပ်ချက်အတွက် ကိုက်ညီစေရန် ပြုလုပ်ခြင်း ဖြစ်သည်။ အခြားအချိန်များတွင်မူ ပေါ်တယ်၏ လိမ္မာသိုသိပ်ခြင်း သက်သက်သာလျှင် ဖြစ်သည်။ ဥပမာများ-

  • Google.de နှင့် Google.fr တို့သည် နီယို-နာဇီ နှင့် အခြား စာရင်းများကို ဂျာမန်နှင့် ပြင်သစ် နိုင်ငံတို့၏ ဥပဒေနှင့် ကိုက်ညီအောင် ဖယ်ရှားသည်။

ဆိုဒ်ဖယ်ရှားရေးအပေါ် အဓိကweb portal ၏ တရားဝင် ကြေညာချက်[ပြင်​ဆင်​ရန်​]

  • Google-“google သည် ဥပဒေအရ လိုက်နာဖို့လိုအပ်သည်ဟု ၎င်းက ယုံကြည်လျှင် ဆိုဒ်များကို ယင်း၏ အညွှန်းနှင့် ရှာဖွေရလဒ်တို့မှ ယာယီ သို့မဟုတ် ကြာရှည်စွာ ဖယ်ရှားပစ်ကောင်း ပစ်နိုင်သည်။ အကယ်၍ ဆိုဒ်သည် ဂူးဂဲ(လ်)၏ အရည်အသွေး လမ်းညွှန်ချက်များနှင့် မကိုက်ညီလျှင် သော်လည်းကောင်း၊ သို့မဟုတ် သက်ဆိုင်သည့် သတင်း အချက်အလက်များကို ရယူရန် အသုံးပြုသူ၏ စွမ်းရည်ကို ဆိုဒ်များကို ယုတ်လျော့စေသည်ဟူသော အခြား အကြောင်းပြချက်များကြောင့် လည်းကောင်း ဖြစ်နိုင်သည်။”
  • Yahoo! -ဝန်ဆောင်မှု စည်းကမ်းချက်များနှင့် မကိုက်ညီသော သို့မဟုတ် မနှစ်မြို့ဖွယ်ဟု ယူဆရသော မည်သည့် အကြောင်းအရာကိုမဆို ကြိုတင်စစ်ဆေးရန်၊ ငြင်းဆိုရန်နှင့် ဖယ်ရှားရန် ယင်းတွင် အခွင့်အရေးရှိကြောင်း Yahoo! ၏ ဝန်ဆောင်မှု စည်းကမ်းချက်များက ဖော်ပြသည်။ သို့သော် သတင်းအချက်အလက်များ ဖယ်ရှားခြင်းသည် မလုပ်မဖြစ် လုပ်ရခြင်း မည်သည့်အခါမျှ မဟုတ်ပေ။ မည်သည့် သတင်းအချက်အလက်များ အပေါ်တွင်မှ ကြိုတင်စစ်ဆေးရန် Yahoo! တွင် အခွင့်အရေးမရှိပါချေ။

ကိုးကား[ပြင်​ဆင်​ရန်​]