အင်ဂျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မာစီဒီးကားမှ V6 အင်ဂျင်

အင်ဂျင်ဆိုသည်မှာ စွမ်းအင်ကို အသုံးပြုနိုင်သော ရွေ့လျားခြင်း တစ်မျိုးသို့ အသွင်ပြောင်းပေးသော စက်တစ်မျိုးပင် ဖြစ်သည်။ စွမ်းအင်သည် ပုံသဏ္ဌန် အမျိုးမျိုး ဖြစ်နိုင်သော်လည်း အင်ဂျင်များတွင် အသုံးများသည့် စွမ်းအင် အမျိုး အစားများမှာ လျှပ်စစ်စွမ်းအင်၊ ဒီဇယ်ဆီ သို့ ဓာတ်ဆီ စသော ဓာတု စွမ်းအင်နှင့် အပူစွမ်းအင် တို့ ဖြစ်ကြသည်။ ဓာတုဗေဒဖြင့် အင်ဂျင်ကို မောင်းနှင်သည့် အခါတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို လောင်စာဆီ ဟု ခေါ်ကြသည်။

ပစ်စတင် အင်ဂျင်များ[ပြင်​ဆင်​ရန်​]

အစောပိုင်း အင်ဂျင်များသည် အင်ဂျင်၏ အပြင်ဘက်မှ အပူအားကို အသုံးပြု၍ အင်ဂျင်အတွင်း ရှိဓာတ်ငွေ့များကို ဖိအားများအောင် အပူပေးကြသည်၊ ပုံမှန်အားဖြင့် ရေနွေးငွေ့ကို အသုံးပြုသော အခါတွင် တွေ့ရလေ့ ရှိပြီး ထိုသို့သော အင်ဂျင် အမျိုး အစားကို ရေနွေးငွေ့သုံး အင်ဂျင်ဟု ခေါ်ကြသည်၊ ရေနွေးငွေ့များကို အင်ဂျင်သို့ ပိုက်လိုက်များဖြင့် ဆက်သွယ်ထားလေ့ ရှိကြပြီး ထိုမှ တဆင့် ရေနွေးငွေ့များကို အသုံးပြု၍ ပစ်စတင်များကို ရွေ့လျားစေခြင်းဖြင့် အရွေ့စွမ်းအင်ကို ထုတ်ယူကြသည်၊

မော်တော်ကား အများစုသည် လောင်စာဆီကို အထဲတွင် လောင်ကျွမ်းစေသော ဓာတုအင်ဂျင်များကို အသုံးပြုကြသည်။ ထိုသို့သော အင်ဂျင်မျိုးကို အတွင်းတွင် ပေါက်ကွဲသော အင်ဂျင်များဟု ခေါ်ကြသည်။ အတွင်းတွင် ပေါက်ကွဲသော အင်ဂျင်များကို အသုံးပြုသော လောင်စာဆီ၊ လည်ပတ်သော အချက်အရေအတွက်နှင့် တည်ဆောက်ပုံပေါ်တွင် မူတည်၍ အမျိုးမျိုး ခွဲခြားနိုင်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]