အချစ်
From Wikipedia
အချစ်ဆိုသည်မှာ လူသားများ၏ ခံစားမှုများ၊ နှစ်သက်မှုနှင့် လိင်ပိုင်ဆိုင်ရာ ဆွဲဆောင်မှုတို့နှင့် သက်ဆိုင်သော အတွေ့အကြုံများ ဖြစ်သည်။ အချစ် ဆိုသည့် စကားလုံးသည် အမျိုးမျိုးသော ခံစားချက်များ၊ အခြေအနေများ၊ သဘောထားများ၊ တူညီသော တစ်စုံတစ်ခု အချင်းချင်းကြား ပျော်ရှှင်မှုကို ဖြစ်ပေါ်စေသော အရာများ ဖြစ်နိုင်သည်။ အဓိပ်ပါယ် ဖော်ကျူးမှု အမျိုးမျိုးဖြစ်ပေါ်စေသော၊ အမျိုးမျိုးသော စိတ်ခံစားမှု ဖြစ်ပေါ်ပေါင်းစည်းလာသော၊ ဖော်ပြရန် ခက်ခဲသော အချစ်ဖြစ်ပေါ်စေလာစေသော အဖြစ်အပျက်များ၊ စသည်တို့သည် အခြားစိတ်ခံစားမှု အခြေအနေများနှင့် အလွန်ကွာခြားနေနိုင်သည်။