အက်ဖ်-၄ ဖန်တွန် ၂

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အက်ဖ် ၄ တိုက်လေယာဉ်

အမေရိကန်တို့၏ အက်ဖ် ၄ တိုက်လေယာဉ် သည် အသံထက် မြန်သည့် အင်ဂျင်နှစ်လုံးတပ် ၊ နှစ်ယောက်မောင်း ဗုံးကြဲ တိုက်လေယာဉ်ဖြစ်သည်။ အမေရိကန် ရေတပ်၊ ကမ်းတက်တပ်ဖွဲ့နှင့် လေတပ်တို့၏ အဓိက တိုက်လေယာဉ် ဖြစ်ခဲ့သည်။ ဗီယက်နမ် စစ်ပွဲအတွင်း မြေပြင်တိုက်ခိုက်ရေးနှင့် ကင်းထောက်ခြင်းများတွင် ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည်။ ၁၉၆၀ တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း အဓိက တိုက်လေယာဉ် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ပိုမိုခေတ်မှီသော တိုက်လေယာဉ်များနှင့် အစားထိုးလာခဲ့သည်။ စုစုပေါင်း (၅၁၉၅) စီး ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အချက်အလက်များ[ပြင်​ဆင်​ရန်​]

F4 5.png
  • အထွေထွေ
    • လေယာဉ်မောင်း - (၂) ဦး
    • လေယာဉ်အလျား - (၁၉.၂) မီတာ
    • တောင်ပံ အလျား - (၁၁.၇) မီတာ
    • အမြင့် - (၅.၀) မီတာ
    • တောင်ပံ ဧရိယာ - (၄၉.၂) စတုရန်း မီတာ
  • စွမ်းဆောင်နိုင်မှုများ
    • အမြင့်ဆုံး ပျံသန်းနိုင်သည့် အမြန်နှုန်း - တစ်နာရီလျင် ၂၃၇၀ ကီလိုမီတာ (အသံထက် ၂.၂၃ ဆ)
    • ပုံမှန် ပျံသန်းနှုန်း - တစ်နာရီလျင် - ၉၄၀ ကီလိုမီတာ
    • အမြင့်ဆုံး တက်နိုင်သည့် အမြင့် - ၁၈၃၀၀ မီတာ
အမေရိကန် ရေတပ်၏ F-4 တိုက်လေယာဉ်များ
လေယာဉ်တင် သင်္ဘောပေါ်မှ F-4 တိုက်လေယာဉ်များ