ဟူကောင်း ကျား ထိန်းသိမ်းရေး နယ်မြေ

ဝီကီပီးဒီးယား မှ

ဟူကောင်း ကျား ထိန်းသိမ်းရေး နယ်မြေသည် တောရိုင်း တိရစ္ဆာန်များကို ထိန်းသိမ်းထားသော နယ်မြေဖြစ်ပြီး ကချင်ပြည်နယ်မြစ်ကြီးနားခရိုင် တနိုင်း အနီးရှိ ဟူးကောင်းတောင်ကြားတွင် တည်ရှိသည်။ ဟူးကောင်း ကျား ထိန်းသိမ်းရေး နယ်မြေသည် ၂၁,၈၉၀ စတုရန်း ကီလိုမီတာ (စတုရန်းမိုင်ပေါင်း ၈၄၅၂ ခန့်) ကျယ်ဝန်းသည်။ မြန်မာအစိုးရက တောင်ကြား အတွင်းရှိ အကျယ် စတုရန်း ကီလိုမီတာ ၆၅၀၀ ကိုလည်း သစ်တော ထိန်းသိမ်းသည့် နယ်မြေ အဖြစ်သတ်မှတ်ထားသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ဟူးကောင်းတောင်ကြား

မြောက်လတ္တီတွဒ်၁၅°၅၁'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၁၆'၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် တည်ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်း၏ စတုရန်းမိုင် ၂၅၀၀ ကို ဘေးမဲ့တောအဖြစ် အစိုးရ ကသတ်မှတ်ခဲ့ပြီး အသစ် သတ်မှတ်ချက်အရ ဘေးမဲ့တောဧရိယာသည် ၆၇၄၈ စတုရန်းမိုင် ရှိလာမည် ဖြစ်ကာ ၄၂၄၈ စတုရန်းမိုင် ပိုမိုကျယ်ဝန်းလာ မည်ဖြစ်ကြောင်း သိရသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ဤထိန်းသိမ်းရေးနယ်မြေကို တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ကျားများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းတို့ရဲ့ စားကျတ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်သည်။ ထိုနယ်မြေအား အမြဲစိမ်းတောများဖြင့် ဖုံးလွှမ်းထားပြီး အခြားသစ်တောအမျိုးအစားများမှာ ရွက်ကြွေတော၊ တောင်ပေါ်တော(အမြဲစိမ်း)၊ တောင်ပေါ်တော(ထင်းရှူး)ဖြစ်ကြသည်။ ဟူးကောင်း ဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်လေ့လာလိုသူများ အနေဖြင့် ကျားအပြင် ကျားသစ်အင်းကျားဆင်ဝက်ဝံတောကျွဲပြောင်ဆတ်ချေ၊ (ဂျီ)တောကြောင်မျိုးများ၊ မျောက်မျိုးများ၊ တောဆိတ်တောင်ဆိတ်အပါအဝင် နို့တိုက်သတ္တဝါ ၃၅ မျိုး၊ ငှက် မျိုးစိတ် ၃၇၀ ကျော်၊ ဖားမျိုး ၄၆ မျိုး၊ ရေချိုငါး မျိုးစိတ် ၃၇ မျိုး၊ လိပ်မျိုးလေးမျိုး၊ လိပ်ပြာအမျိုးမျိုးအပြင် အပင် မျိုးစိတ် ပေါင်း ၁၃,၅၀၀ ခန့် လေ့လာနိုင်ကြောင်း သိရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ[ပြင်ဆင်ရန်]

လူနေဧရိယာတိုးချဲ့လာမှု(ယာယီရွေ့ပြောင်းနေထိုင်မှု)၊ သတ္တုနှင့် ရွှေကျင်ခြင်းလုပ်ငန်းများ နှင့်ကြုံတွေနေရသည်။ ထို့ပြင် တရားမဝင်အမဲလိုက်မှုများလည်း ကြုံတွေနေရသေးသည်။

ခရီးသွားလာရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

သစ်တောရုံးဝန်းအတွင်း၌ ဧည်ဂေဟာ နှစ်လုံးရှိပြီး တစ်လုံးစီတွင် ဧည့်သည် (၂) ဦးစီ တည်းခိုနိုင်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

  • ရန်ကုန်-မြစ်ကြီးနား လေယာဉ်ဖြင့် (၁)နာရီ
  • မြစ်ကြီးနား-တနိုင်း ကားဖြင့် (၁၂၀)မိုင်

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ[ပြင်ဆင်ရန်]

  • သဘာဝအနေအထားနီးပါးရှိနေခြင်းနှင့်ဇီဝမျိုးစုံ ကြွယ်ဝသည့် အနေ အထားကို လေ့လာ ကြည့်ရှုနိုင်ခြင်း၊
  • ကျားနှင့်ဆင်အပါအဝင်တောရိုင်းတိရစ္ဆာန်များအားလေ့လာနိုင်ခြင်း၊
  • တောတွင်းသို့ ဆင်စီး၍ ရက်ရှည်ခရီးသွားနိုင်ခြင်း၊
  • ချောင်းလက်တက်များတလျှောက် လှေစီးစုန်ဆင်းခြင်း၊
  • ဆင်ဖြင့် လယ်ထွန်သည့်လုပ်ငန်း များလေ့လာနိုင်ခြင်း၊
  • တိုင်းရင်းသားရိုးရာနေအိမ်များတွင်တည်းခိုနေထိုင်နိုင်ခြင်း၊
  • နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ပြောင်းလဲသွားသော သဘာဝ ရှုခင်း များအား ကြည့်ရှုခံစားနိုင်ခြင်း၊
  • ဇီဝမျိုးစုံမျိုးကွဲများ လေ့လာနိုင်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. ဟူကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော[လင့်ခ်သေ]
  3. Report: Myanmar Protected Area (2011)