ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်
တည်ထောင်၁၉၅၇ ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်
ဥက္ကဋ္ဌVu Dinh Thanh
သင်တန်းသား၂၄၉၁၀ (2009 Fall)
ဘွဲ့ကြိုဦးရေ၁၆၉၀၆ (2009 Fall)
တည်နေရာဟိုချီမင်းစီးတီး, ဗီယက်နမ်နိုင်ငံ
ပရဝုဏ်မြို့တွင်း
၁၄.၈ ဟတ်တာ (အဓိက အဆောက်အအုံ)

မြို့ပြင်
၂၆ ဟတ်တာ
ဝဘ်ဆိုဒ်www.hcmut.edu.vn

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ် (အတိုကောက်: HCMUT၊ ဗီယက်နမ်: Trường Đại học Bách khoa, Đại học Quốc gia Thành phố Hồ Chí Minh, ပြင်သစ်: Institut polytechnique de Ho Chi Minh Ville) – သည် ဗီယက်နမ်နိုင်ငံ အမျိုးသား တက္ကသိုလ်(ဟိုချီမင်းစီးတီး)၏ အဖွဲ့ဝင်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ အမျိုးသား တက္ကသိုလ်(ဟိုချီမင်းစီးတီး) နည်းပညာ သင်ကြားမှု နှင့် သုတေသန လုပ်ငန်းများတွင် အထင်ကရဖြစ်သော ပြူတိုအဖြစ် လွှဲပြောင်းခြင်းခံရသော တက္ကသိုလ် ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသတွင် လူ့စွမ်းအားအရင်းအမြစ် နှင့် ပါရမီရှင်များ မွေးထုတ်ပေးသော ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်သော တက္ကသိုလ်တစ်ခု ဖြစ်သည်။တက္ကသိုလ်အမည်ကို HCMUT အဖြစ် ကျော်ကြားသည်။


HCMUT သည် နည်းပညာ ပိုင်းဆိုင်ရာ၊ စက်မှုနဲ့ စီမန်ခန့်ခွဲမှုများကို လေ့ကျင့်ပေးရာ နေရာတစ်ခု ဖြစ်သည်။ HCMUT နည်းပညာ သင်ကြား၊ လေ့ကျင့်မှုလုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံတွင်း နှင့် တောင်ပိုင်းဒေသတွင် စက်မှုလုပ်ငန်းနှင့် ခေတ်မီဖို့ရန် လူ့စွမ်းအားအရင်းအမြစ်ကို မှတ်သားဖွယ်ကောင်းလောက်အောင် ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့အပြင်၊ HCMUT သည် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသတွင်းရှိ စက်မှုဇုန်နှင့် သက်ဆိုင်သော သတင်းအချက်အလက်များနှင့် အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ ဖလှယ်မှုများကို ထောက်ပံ့ပေးနေသော သိပ္ပံသုတေသန နှင့် နည်းပညာ ဖလှယ်မူဌာန အဖြစ် သိသာထင်ရှားစွာ ရပ်တည်လျက်ရှိသည်။


၂၀၀၅ ခုနှစ်၊ မေလတွင် HCMUTတွင် မဟာဌာနပေါင်း ၁၁ ခု ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဌာန ၁၀ ခု၊ လေ့ကျင့်ရေးဌာန ၄ ခု၊ ရုံးချုပ်ပေါင်း ၁၀ ခု နှင့် ကုမ္မဏီလိမီတက် ၁ ခု ရှိသည်။ လွန်ခဲ့သောနှစ် ၃၀ အတွင်း HCMUTမှ အင်ဂျင်နီယာ ဘွဲ့ရသူ ၄၅၀၀၀ ခန့်ကို မွေးထုတ်ပေးခဲ့သည်။ ၁၉၉၄ ခုနှစ်မှစ၍ သိပ္ပံဘွဲ့ပေါင်း ၂၀၀၀၀၊ မဟာသိပ္ပံဘွဲ့ပေါင်း ၁၅၀၃ နှင့် ဒေါက်တာဘွဲ့ ၂၅ ခုကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုဘွဲ့ရသူအများစုမှာ အမိနိုင်ငံ၊ ဟိုချီမင်းစီးတီး နှင့် အခြား တောင်ပိုင်းဒေသရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံသော လုပ်ငန်းများတွင် ပညာရှင်များ၊ စီမံခန့်ခွဲသူများ အနေဖြင့် လုပ်ကိုင်လျက်ရှိကြသည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

HCMUTကို ၁၉၅၇ ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ တက္ကသိုလ်အမည်ကို ပြူတို အမျိုးသားနည်းပညာဌာနဟူ၍ သိရှိခဲ့သည်။ ဤဌာနသည် အခြားကောလိပ် ၃ ခု နှင့် အဖွဲ့ဝင်ဖြစ်သည်။ ထိုကောလိပ်များမှာ မြို့ပြအင်ဂျင်နီယာ ကောလိပ်၊ လျှပ်စစ် အင်ဂျင်နီယာ ကောလိပ်၊ ဗီယက်နမ်နိုင်ငံ အမျိုးသား ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာ ကောလိပ်တို့ ဖြစ်သည်။

ဖွဲ့စည်းတည်ဆောက်ပုံ[ပြင်ဆင်ရန်]

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်တွင် အဆောင်အအုံ ၂ ခု ရှိသည်။ အဆောင်အအုံတစ်ခုသည် ဟိုချီမင်းစီးတီးတွင်ရှိပြီး အခြားတခုမှာ မြို့၏အစွန်အဖျားတွင်တည်ရှိသည်။ ပထမ အဆောင်အအအုံသည် ၁၄.၈ ဟတ်တာ ကျယ်ဝန်းပြီး 268 Ly Thuong Kiet လမ်း Dist.10, ဟိုချီမင်းစီးတီးတွင် တည်ရှိသည်။ ဤအဆောင်အအုံတွင် စာသင်ခန်းပေါင်း ၁၁၇ ခန်း(၁၄.၄၇၉ စတုရန်းမီတာ)၊ ဓာတ်ခွဲခန်းပေါင်း ၉၆ ခန်း(၁၂.၁၉၇ စတုရန်းမီတာ)၊ ဆိုင်ခန်း ၃ ခန်း(၆.၉၅၀ စတုရန်းမီတာ) နှင့် စာကြည်တိုက် ၁ ခန်း(၁.၁၄၅ စတုရန်းမီတာ- ရိုးရိုးဘွဲ့ နှင့် ဘွဲ့လွန်ကျောင်းသားများအတွက်) ရှိသည်။ ဒုတိယ အဆောင်အအုံသည် ၂၆ ဟတ်တာ ကျယ်ဝန်း၍ Linh Trung Ward၊ Thu Duc နယ်မြေ ဟိုချီမင်းစီးတီးတွင် တည်ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

ဗီယက်နမ်နိုင်ငံတွင် စက်မှု နှင့် နည်းပညာ၏ လူ့စွမ်းအားအရင်းအမြစ် တောင်းဆိုမှုကို ဖြည့်ဆည်းရန်အတွက် ဤတက္ကသိုလ်မှ ABET စနစ်ကိုလိုက်၍ ရိုးရိုးဘွဲ့များအတွက် မေဂျာ ၃၄ မျိုး နှင့် ကောလိပ်မေဂျာ ၁ မျိုးကို ပြဋ္ဌာန်းထားသည်။

ပညာရေး ပရိုဂရမ်[ပြင်ဆင်ရန်]

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်သည် ဩဂတ်လ အစောပိုင်းမှ မေလ အလယ်ပိုင်းအထိ ပညာသင်သည်။ ပညာရေး ပရိုဂရမ် (၇) မျိုးကို သတ်မှတ်ထားသည်။

  • (၁) ပုံမှန် နှင့် ရိုးရိုးဘွဲ့ ပညာရေး ပရိုဂရမ်
  • (၂) ဘွဲ့လွန် ပညာရေး ပရိုဂရမ်
  • (၃) ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ကျောင်းနှစ်မျိုး ပညာရေး ပရိုဂရမ် : ဤပရိုဂရမ်သည် HCMUTတွင် ၂ နှစ် ပညာသင်ကြားပြီး ကျန်သောနှစ်များကို အခြား တက္ကသိုလ်(သို့)နိုင်ငံခြား တက္ကသိုလ်တွင် ဆက်လက် သင်ကြားရမည်ဖြစ်သည်။
  • (၄) ပါရမီရှင် ပညာရေး ပရိုဂရမ် : HCMUT ပညာသင်ကြားနေသော ကျောင်းသားတွေထဲမှ ပရောဖက်စ်ဆာများက အရေးပါပြီး မျှော်လင့်ချက်ရှိသော ကျောင်းသားများကို ပညာသင်နှစ် အကုန်ခန့်တွင် ရွေးချယ်ထောက်ခံပေးခြင်း ဖြစ်သည်။
  • (၅) PFIEV (Programme de Formation d'Ingénieurs d'Excellence au Vietnam) ပညာရေး ပရိုဂရမ် : HCMUTသည် ပြင်သစ်နိုင်ငံ နှင့် လေ့ကျင့်မှုများ ပူးပေါင်းထားသည်။ HCMUTမှ ကျောင်းသားများသည် ပြင်သစ်ဘာသာ သင်ရိုးများကို ရွေးချယ်နိုင်သည်။ အကြီးမားဆုံး တိုးတက်မှု ပုံစံတစ်ခုမှာပြင်သစ်နိုင်ငံ အင်ဂျင်နီယာ အဖွဲ့စည်းမှ ထောက်ခံထားသော ဥရောပနိုင်ငံများတွင် လက်တွေ့များကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။
  • (၆) အဆင့်မြင့် ပညာရေး ပရိုဂရမ် : ဤပရိုဂရမ်သည် အမေရိကန်နိုင်ငံအီလီနွိုင်းပြည်နယ် တက္ကသိုလ်၊ လျှပ်စစ်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့်ဆိုင်သော အဖွဲ့စည်း၏ လေ့ကျင့်မှုပြီးမြောက်အောင် ပြုလုပ်နိုင်သော အမျိုးသား ပရောဂျက် တစ်ခုဖြစ်သည်။ ဤပရိုဂရမ်သည် လျှပ်စစ်ပိုင်းဆိုင်ရာ မေဂျာကိုအဓိက ဦးတည်ထားသည်။
  • (၇) ကောလိပ် ပရိုဂရမ် : ဤပရိုဂရမ်၏ အမည်ကြောင့် အာရုံစူးစိုက်မှုများ ရှိသော်လည်း ဤပရိုဂရမ်သည် အမေရိကန်နိုင်ငံ ကောလိပ် ပညာရေးပုံစံ နှင့် တူသည်။ သို့သော် ဗီယက်နမ်နိုင်ငံ ပညာရေးအမည်ပေးပုံစံမှာ အမေရိကန်နိုင်ငံ နှင့် အနည်းငယ်ကွာခြားသည်။

မဟာဌာနများ[ပြင်ဆင်ရန်]

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်သည် ရိုးရိုးဘွဲ့၊ မဟာဘွဲ့ဒီဂရီ ၃၁ ခု၊ ဒေါက်တာဘွဲ့ ၃၈ ခုကို အောက်ပါ မဟာဌာန ၁၁ ခုအရချီးမြှင့်ပေးသည်။

  • လက်တွေ့အသုံးချ သိပ္ပံဌာန
  • မြို့ပြ အင်ဂျင်နီယာဌာန
  • ဓာတုဗေဒ အင်ဂျင်နီယာဌာန
  • ကွန်ပျူတာ သိပ္ပံ နှင့် အင်ဂျင်နီယာဌာန
  • လျှပ်စစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာန
  • ပတ်ဝန်းကျင် အင်ဂျင်နီယာဌာန
  • ဘူမိဗေဒ နှင့် ရေနံထုတ်လုပ်မှု အင်ဂျင်နီယာဌာန
  • စက်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုဌာန
  • ရုပ်ဝတ္ထု အင်ဂျင်နီယာဌာန
  • စက်မှုပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာန
  • ပို့ဆောင်ဆက်သွယ်ရေး အင်ဂျင်နီယာဌာန

ကျောင်းသားဘဝ[ပြင်ဆင်ရန်]

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်တွင် နေထိုင်ရန်အတွက် ငွေကြေး သက်သာသည်။ ကျောင်းသားတစ်ယောက် ဟိုချီမင်းစီးတီးတွင် သင့်လျှော်သော အစာ တစ်နပ်အတွက် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ သာလျှင် ကုန်ကျသည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ပြည်သူ့ ပို့ဆောင်ဆက်သွယ်ရေးသည် ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်မှ မြို့အတွင်းသို့ သွားရန် လွယ်ကူစွာသွားနိုင်လာသည်။ ဘတ်စ်ကားဂိတ်သည် ကျောင်းဂိတ်ဝတွင်း တည်ရှိသည်။

အားကစား[ပြင်ဆင်ရန်]

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်(HCMUT)တွင် ကျောင်းသားများသည် အားကစား တော်တော်များများကို ကစားနိုင်သည်။ ဘက်စ်ကက်ဘော၊ ဘော်လီဘော၊ ဘောလုံး နှင့် တန်းနစ် စသည်တို့ကို ကစားနိုင်သည်။ HCMUTတွင် ဘော်လီဘောဌာန ၃ ခု၊ ဘောလုံးဌာန ၁ ခု နှင့် တန်းနစ်ဌာန ၂ ခု ရှိသည်။ HCMUTကျောင်းသားများသည် ဟိုချီမင်းစီးတီး နှင့် အခြားဌာန ကျောင်းသားများ နှင့် ပါဝင်ယှဉ် ပြိုင်လေ့ရှိသည်။

အောင်မြင်မှုများ[ပြင်ဆင်ရန်]

ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်(HCMUT)သည် လွန်ခဲ့သော ၁၀ နှစ်က သင်္ချာ၊ ရူပဗေဒ၊ သတင်းအချက်အလက်၊ စက်မှုပညာ၊ မြို့ပြ နှင့် ဗိသုကာ အင်ဂျင်နီယာ အိုလံပစ်ပြိုင်ပွဲတွင် ဆုပေါင်း ၂၀၈ ခုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထိုဆုများမှာ ပထမဆု ၁၀ ခု၊ ဒုတိယဆု ၂၉ ခု၊ တတိယဆု ၇၂ ခုတို့ဖြစ်သည်။ ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်(HCMUT) ကျောင်းသားများသည် ဂျပန်နိုင်ငံတွင် ၂၀၀၂ ခုနှစ်က ကျင်းပသော အာရှ၊ ပစိဖိတ် စက်ရုပ်အသေးစား ချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့ဝင်များ နှင့် သုတေသန ပူးပေါင်းမှုများ[ပြင်ဆင်ရန်]

အမေရိကန်နိုင်ငံအီလီနွိုင်းပြည်နယ် တက္ကသိုလ် နှင့် ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်(HCMUT)တို့သည် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ အချို့သော ထူးချွန်သော ကျောင်းသားများ၊ မဟာကျောင်းသားများ နှင့် ပါရဂူဘွဲ့ ကျောင်းသားများသည် အီလီနွိုင်းပြည်နယ်တွင် သုတေသန ပြုလုပ်ရသည်။ အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့အစည်းများ :

Notes[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

တမ်းပလိတ်:VNU-HCM တမ်းပလိတ်:GMSARN ကိုဩဒိနိတ်: 10°46′22″N 106°39′35″E / 10.77278°N 106.65972°E / 10.77278; 106.65972