ဟာဒီ၊ သောမတ်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သောမတ်စ် ဟာဒီ

ဟာဒီတောမတ်(ခရစ် ၁၈၄ဝ·၁၉၂၈)[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ပန်းသာမစာဥဝတ္ထုကိုသော်လည်းဖတ်ဖူးကြသူရှိမည်။ ပန်းသာမစာဥရုပ်ရှင်ကိုသော်လည်း ကြည့်ဖူးသူရှိကြမည်။ ထိုဝတ္ထု မှာ နာမည်ကျော်အင်္ဂလိပ်စာဆို တောမတ်ဟာဒီ၏ တက်စ·အော့·သ·ဒျူဗာဗီး ဟူသောဝတ္ထုကို စာရေးဆရာကြီးသခင်ဘသောင်းက ဆီလျော်အောင် ဘာသာပြန်ဆိုထားသည့်ဝတ္ထုဖြစ်သည်။

တောမတ်ဟာဒီသည် ၁၈၄ဝ ပြည့်နှစ်ဇွန်လ ၂ရက်နေ့တွင် အင်္ဂလန်နိုင်ငံတောင်ပိုင်း ဒေါ ဆက်ရှိုင်ယာခရိုင် ဒေါချက်စတားမြို့အနီး၌ ဖွားမြင်သည်။ မိမိနေရပ်ရှိ စာသင်ကျောင်းတွင်အခြေခံပညာကိုသင်ကြားပြီးနောက် လန်ဒန်မြို့ဘုရင့်ကောလိပ်ကျောင်း၌ ပညာဆက်သင်ခဲ့သည်။ အသက် ၁၆ အရွယ်တွင်ဗိသုကာ အတတ်ကိုသင်ကြားသည်။ ဟာဒီသည် ဗိသုကာအလုပ်ကို လုပ်ကိုင်နေစဉ် မိမိ၏ပင်ကိုယ်ဝါသနာအလျောက် စာပေများကိုလည်းရေးသားခဲ့သည်။ ၁၈ရ၄ခုနှစ်တွင် ဖား·ဖရွန်·သ·နက်ဒင်းကရောက်အမည်ရှိ ဝတ္ထုကို ရေးသားထုတ်ဝေပြီးနောက်ဟာဒီသည်စာပေလောကထဲသို့ ဝင်ရောက်ခဲ့လေသည်။

တောမတ်ဟာဒီသည် မိမိ၏ချက်မြုပ်ရာအရပ်ကို စွဲလန်းခင်မင်သူဖြစ်သည့်အလျောက်သူရေးသောဝတ္ထုအများတွင် ထိုဒေသရှိ သဘာဝရှုခင်းကိုနောက်ခံထား၍ရေးသားလေ့ရှိသည်။ ဒေါချက်စ တားမြို့နယ်ဒေသကိုလည်းဝက်ဆက်ဟူသော ရှေးဟောင်းအမည်ဖြင့်မှည့်ခေါ်လေ့ရှိသည်။ ဟာဒီသည် တောကျေးလက်တွင်နေထိုင်သူတို့၏သဘာဝဓလေ့ကို လည်းကောင်း၊ အရိုးခံစိတ်နေသဘောထားကိုလည်းကောင်း သဘောကျနှစ်သက်သူဖြစ်သည့်အပြင် သဘာဝကလူတို့၏ ကောင်းကျိုး၊ မကောင်းကျိုးကိုပြု ပြင်လျက် ရှိသည်ဟု ယုံကြည်သူလည်းဖြစ်သည်။ တောမတ်ဟာဒီသည် ၁၈ရ၁ ခုနှစ်မှ ၁၈၉၆ ခုနှစ်အထိဝတ္ထုပေါင်း ၁၄ ပုဒ်ကိုရေးပြီးနောက် ၁၈၉၈ ခုနှစ်မှစ၍ ကဗျာများကိုစပ်ဆိိုခဲ့လေသည်။ အထက်တွင်ဖေါ်ပြခဲ့သောဝတ္ထုနှစ်ပုဒ်အပြင် ထင်ရှားသောအခြားဝတ္ထုအချို့မှာ မျက်လုံးပြာတစ်စုံတိုင်းရင်းသားအိမ်ပြန်ခန်းကက်စတာဗရစ် မြို့တော်ဝန်နှင့် စိမ်းရောင်စိုုသစ်ပင်အောက်တို့ဖြစ်သည်။ ဟာဒီ၏ကဗျာများတွင်ဝက်ဆက်ကဗျာများနှင့်သီ·ဒိုင်နပ်စ တို့ပါဝင်သည်။ ၁၉၁ဝ ပြည့်နှစ်တွင်အော်ဒါ·အော့ ·မဲ ရစ် ဘွဲ့ချီးမြှင့်ခြင်းခံရသည်။

တောမတ်ဟာဒီသည် ၁၉၂၈ ခုနှစ်ဇန်နဝါရီလ ၁၁ရက်နေ့တွင်ဒေါချက်စတာမြို့အနီးရှိနေအိမ်၌ ကွယ်လွန်လေသည်။သူ၏အရိုးပြာကို လန်ဒန်မြို့ ဝက်စမင်စတာအက်ဗေးရှိ စာဆိုထောင့်တွင် မြုပ်နှံသင်္ဂြိုဟ် ခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)