ဟင်းနုနွယ်
Wikipedia မှ
| ဟင်းနုနွယ်ပင် | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
| ဒွိနာမ | ||||||||||
| ''Spinacia oleracea'' | ||||||||||
[ပြင်ဆင်ရန်] စပင်းနစ် (ခေါ်) ဟင်းနုနွယ်
ရုက္ခဗေဒ အလိုအားဖြင့် စပင်းနစ်ပင်သည် စပင်နေးစီးအိုလာ ရေးစီးဖြစ်၍ 'ကီနိုပိုအေးစီး'မျိုးရင်းတွင် ပါဝင်သည်။ ရှေးအခါ ကပင် အာရပ်လူမျိုးများသည် စပင်းနစ်ပင်များကို ဆေးဝါး အဖြစ် အသုံးပြုခဲ့ကြသည်။ ဥရောပတိုက်၌လည်း ရှေးအခါ ကပင် စပင်းနစ်ကို ဟင်းသီးဟင်းရွက် တစ်မျိုးအဖြစ် ပွဲလမ်း သဘင်နေ့များတွင် အမြတ်တနိုးထား၍ စားသုံး ခဲ့ကြသည်။ စပင်းနစ်ပင်သည် လျင်မြန်စွာ ကြီးထွားနိုင်သေ တစ်နှစ်ခံ ပင်မျိုး ဖြစ်သည်။ အစေ့များကို စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၄ဝ မှ ၅ဝ အတွင်း ကောင်းစွာ ကြီးထွားနိုင်သည်။ စပင်းနစ် ပင်၏ အရွက်များမှာ ကြီး၍ထူပြီးလျှင် အရည်ရွှမ်းသည်။ အရွက်များကို အစိမ်းလိုက်သော်၎င်း၊ ချက်ပြုတ်၍သော်၎င်း စားသုံးကြသည်။ စားရာ၌ အနည်းငယ် ဝမ်းသက်တတ်သည်။ စပင်းနစ်ပင် အရွက်ထဲ၌ ဗီတာမင် ဘီ ဓာတ်လည်း အတော် အတန် ပါရှိပေသည်။[၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)