ဟင်းနုနယ်ဆူးပေါက်

ဝီကီပီးဒီးယား မှ
Amaranthus spinosus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Caryophyllales
မျိုးရင်း: Amaranthaceae
မျိုးရင်းသေး: Amaranthoideae
မျိုးစု: Amaranthus
မျိုးစိတ်:
A. spinosus
ဒွိနာမ
Amaranthus spinosus

ဟင်းနုနွယ်ဆူးပေါက်ပင် (Amaranthus spinosus) သည် အာရန်သကီအီး မျိုးရင်းတွင်ပါဝင်ပြီး အင်္ဂလိပ်ဘာသာဖြင့်spiny amaranth, prickly amaranth သို့မဟုတ် thorny amaranth ဟုခေါ်ကြသည်။ ယင်းအပင်သည် မူလက အမေရိကဒေသတွင် အရင်းခံသော်လည်း ယနေ့ခေတ်တွင်မူ ကမ္ဘာ့တိုက်ကြီးများ၌ မဖိတ်ခေါ်ပဲရောက်ရှိလာသော ပေါင်းမြက်များအဖြစ်လည်းကောင်း တစ်ခါတစ်ရံတွင် အဆိပ်ရှိသော ပေါင်းမြက်အဖြစ်လည်းကောင်း တွေ့ရတတ်သည်။ အာရှတိုက်တွင်ကား ဆန်၊စပါးစိုက်ပျိုးရေးအတွက် အဓိကပေါင်းမြက်အဖြစ်တွေ့ရှိနေရသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်[ပြင်ဆင်ရန်]

ဆူးရှိသော အပင်ငယ်မျိုး ဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည် နှင့် အကိုင်း များတွင် မြောင်းပါ ရှိ၏။ ၁ ပေ မှ ၅ ပေ ထိ မြင့်သည်။ ပင်စည်နှင့် အကိုင်း ကြားများမှ ဖြောင့်၍ မာသော ဆူးများထွက်သည်။

အရွက်[ပြင်ဆင်ရန်]

ရွက်လွှဲ ထွက်သည်။ အလျား ၁၁/၂ လက်မ မှ ၄ လက်မ ထိရှည်၏။ အရွက်ပျော့ပျောင်း နူးညံ့ပြီး ရွက်ညှာ ရှည်သည်။

ဟင်းနုနယ်ဆူးပေါက်

အပွင့်[ပြင်ဆင်ရန်]

ပွင့်ညှာ မဲ့ပန်းခိုင် ဖြစ်သည်။ ပန်းခိုင်ပေါ် တွင် အစိမ်းရောင် သမ်းသော အဖြူပွင့်များ များပြားစွာပွင့်သည်။ မိုးဦးကျ ကဆုန် ၊ နယုန်လတွင် ပွင့်သည်။

တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

မြန်မာ နိုင်ငံ ဒေသ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

အာနိသင်[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများ အလိုအရ ဟင်းနုနယ် ဆူးပေါက်သည် အေး၏ ၊ ဆီးဝမ်းကို ရွှင်စေ၏။ သားအိမ် ကိုက်ခဲခြင်းကို ပျောက်စေ၏။ နို့ရည်ကို ပွားများ စေ၍ သားအိမ်ကို အထူးအားပေး ၏ ၊ အဆိပ်ကိုပယ်တတ်၏။ သွေးယိုစီး ခြင်းကို တားမြစ် တတ်၏။ ရင်၌ ထိုးကျင်ခြင်း နှင့် မီးယပ်လွန်ခြင်း ကို လည်း ပျောက်ကင်းစေ နိုင်သော ဂုဏ်ရှိ၏။

အသုံးပြုပုံ[ပြင်ဆင်ရန်]

ပဉ္စငါးပါး[ပြင်ဆင်ရန်]

  • ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
  • ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။

အရွက်[ပြင်ဆင်ရန်]

  • အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏။
  • အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။
  • အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။

အမြစ်[ပြင်ဆင်ရန်]

  • အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏။
  • အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏။
  • အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]