ဣန္ဒဂုတ္တ၊ သျှင်

ဝီကီပီးဒီးယား မှ
(သျှင်ဣန္ဒဂုတ္တ မှ ပြန်ညွှန်းထားသည်)

သျှင်ဣန္ဒဂုတ္တ (၈၆ဝ ခန့်-၉၂၅ ခန့်)[ပြင်ဆင်ရန်]

သျှင်ဣန္ဒဂုတ္တသည် စာဆိုတော် သျှင်မဟာသီလဝံသ၏ တပည့်တစ်ပါး ဖြစ်သည်။ ဆရာတော်သည် စစ်ကိုင်းမြို့၊ ရတနာဗိမာန်ကျောင်းတော်၌ သီတင်းသုံးနေခိုက် သက္ကတဘာသာ ဖြင့် ရှိသော နီတိကျမ်းတစ်စောင်ကို အမှီပြု၍ ' နဝရတ်ပျို့ ' ကို ရေးသားလေသည်။ ကျမ်းပြီးနှစ် မှာ ၉၁၇-ခုနှစ်တည်း။

နဝရတ်ပျို့ဟု ခေါ်တွင်ခြင်းမှာ သမ္မတမင်း အနွယ်တော် ဖြစ်သော သိရိကြမ္မာတိတျာ မင်းလက်ထက် ရသေ့ပညာရှင်များဖြစ်သော ၁- ဓနွန္ဒြီ၊ ၂- ချပန၊ ၃- အမရသိင်္ခ၊ ၄- သိင်္ခ၊ ၅- ပေတာလ၊ ၆- ဆာရိကပ္ပ၊ ၇- ကာလီဒါသ၊ ၈- ဝရာဟ၊ ၉- မဟီရ တို့က ပေါင်းသင်း ဆက်ဆံရေး၊ တိုင်းရေးပြည်ရေးနှင့် ကြီးပွား ချမ်းသာရေးတို့ကို တစ်ဦးလျှင် တစ်ဂါထာစီဖြင့် ကိုးဂါထာ ညွှန်ကြားပြသသည်။ ထိုကိုးဂါထာတို့သည် အဖိုးထိုက်တန်လှသည့်အတွက် ရတနာကိ်ုးပါးနှင့် တူလှ၏။ ထိုရတနာတို့ကို ဖွဲ့ဆိုသီကုံးထားသောကြောင့် ' နဝရတ်ပျို့ ' ဟု ခေါ်တွင်ခြင်း ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) မြန်မာစာပေသမိုင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ ၊