သံလိုက်အိမ်မြှောင်

ဝီကီပီးဒီးယား မှ
အိတ်ဆောင် သံလိုက်အိမ်မြှောင်

သံလိုက်အိမ်မြှောင်ဆိုသည်မှာ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းများတွင် ဖြစ်ပေါ်လျက်ရှိသော သံလိုက်စက်ကွင်း များနှင့် သံလိုက်တို့ အပြန်အလှန် အကျိုးသက်ရောက်ရာမှ မြောက်အရပ်ကို ညွှန်ပြနိုင်သော လမ်းညွှန် သံလိုက်ကို ခေါ်သည်။ ၎င်းကိရိယာအား တရုတ်လူမျိုးများ တီထွင်ခဲ့ကြသည်။သံလိုက်အိမ်မြှောင်ထဲရှိလက်တံကိုသံဖြင့်ပြုလုပ်ထားပါသည်။

ဟန်မင်းဆက် (206 BC–220 AD) မှ သံလိုက်အိမ်မြှောင်[၁]
သာမန် အိပ်ဆောင် သံလိုက်အိမ်မြှောင်
လှေပေါ်တွင် အသုံးပြုသည့် သံလိုက်အိမ်မြှောင် တစ်မျိုး

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

သံလိုက်အိမ်မြှောင်သည် ကမ္ဘာမြေကြီး၏ သံလိုက်စက်ကွင်းကို အမှီပြုပြီး အရပ်လေးမျက်နှာကို ရှာဖွေနိုင်သည့် လမ်းညွှန်၊ လမ်းပြ ကိရိယာတစ်မျိုးဖြစ်သည်။ ၎င်းတွင် သံလိုက်ဓာတ်ရှိသည့် မျှားတံတစ်ခုပါဝင်ပြီး များသောအားဖြင့် မြောက်အရပ်ကို ညွှန်ပြလေ့ ရှိသည်။ သံလိုက်အိမ်မြှောင် ပေါ်ပေါက်လာခြင်းသည် ခရီးသွားလာခြင်း အထူးသဖြင့် ပင်လယ်ခရီးနှင်ရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။

သံလိုက်အိမ်မြှောင်ကို တရုတ်တို့သည် ၂ ရာစုမတိုင်မီခေတ်တွင် တီထွင်ခဲ့ပြီး ၁၁ ရာစုမှစ၍ ရေကြောင်းခရီး သွားလာရေးတွင် အသုံးပြုလာကြသည်။ ခေတ်သစ် သံလိုက်အိမ်မြှောင်များ၏ မူလပုံသဏ္ဌာန်ကို ၁၄ ရာစုနှစ်ခန့်တွင် ဥရောပသားများက တီထွင်ခဲ့သည်။ [၂]၂၀ ရာစုခန့်တွင် အတွင်း၌ အရည်ဖြည့်ထားသည့် သံလိုက်အိမ်မြှောင်များ အစားထိုး နေရာယူလာကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Li Shu-hua, p. 180
  2. Lane, p. 615
  3. W. H. Creak 238-239