သဲမုန်တိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ
 
ဥတုလေးပါး ပြက္ခဒိန်
နွေဦး · နွေဥတု

ဆောင်းဦး · ဆောင်းဥတု

ခြောက်သွေ့ ရာသီ · စိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်း · Supercell
စိုက်ဆင်းလေပြင်း · မိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်း · ရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်း · နှင်းမုန်တိုင်း ·ရေခဲမုန်တိုင်း
သဲမုန်တိုင်း ·မီးမုန်တိုင်း  ·မိုးတိမ်တိုက်

မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်း · မိုးရွာခြင်း  · နှင်းကျခြင်း · နှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်း · ရေခဲစေ့ ရွာခြင်း · မိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝ၊ ရာသီဥတုလေ့လာခြင်းအတတ် · ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်း · လေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်
 v  d  e 
သဲများမှုတ်ထုတ်လာသည့် သဲမုန်းတိုင်းနှင့်နီးကပ်လာသော စတတ်ဖို့မြို့ ပုံ

သဲမုန်တိုင်း သို့မဟုတ် ဖုန်မုန်တိုင်း (အင်္ဂလိပ်ဘာသာဖြင့်-Sand Storm or en:Dust Storm) သည် အမှိုက်သရိုက်များနှင့် သဲမှုန်များအား သယ်ဆောင်လာသည့် လေပြင်းများတိုက်ခတ်ခြင်းကို ခေါ်ဆိုသည်။ ခြောက်သွေ့သော မျက်နှာပြင်မှ အမှိုက်သရိုက်၊ ဖုန်နှင့် သဲများကို မျက်နှာပြု မှုတ်ထုတ်လာသည့် လေပြင်းတိုက်ခတ်ချိန်တွင် ဖြစ်ပွားတတ်သည်။ သဲမှုန်များသည် လေကြောင့် အခြားနေရာသို့ ပျံ့လွင့်ခြင်း၊ ခုံပျံခြင်းစသည့်နည်းများဖြင့် သယ်ဆောင် ပို့ချခြင်းခံရပြီး ၎င်းဖြစ်စဉ့် ၌ တစ်ဘက်တွင် မြေဆီလွှာတိုက်စားခံရပြီး အခြားတစ်ဖက်တွင် ပိုချခြင်းခံရသည်။ အာရေဗျကျွန်းဆွယ် ပတ်ဝန်းကျင်ရှိ ဆာဟာရဒေသနှင့် ခြောက်သွေ့ကုန်းမြေများ၊ အီရန်ပါကစ္စတန် နှင့် အိန္ဒိယ စသည်တို့သည် သဲမုန်တိုင်း အဓိကဖြစ်ပွားသည့် ပင်ရင်းနေရာဖြစ်ပြီး အာရေဗျပင်လယ်တွင်းသို့ ပို့ချသည်။ ထို့ပြင် တရုတ်နိုင်ငံရှိ ထင်ရှားသော မုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာသို့ ဖုန်မှုန်များပို့ချသည်။ ဒေသစီးပွားရေးအား အကျိုးသက်ရောက်နေသည့်အပြင် ကမ္ဘာ့ရာသီဥတု၊ ဒေသတွင်း ရာသီဥတုနှစ်ခုစလုံးအား ပြောင်းလဲခြင်းများ ပြုလုပ်နေသော ကန္တာရာဒေသမှလာသည့် မုန်တိုင်းများ တိုးပွားဖြစ်ပေါ်လာခြင်းသည် မြေယာအရိုင်းများအား ထိန်းသိမ်းမှုကို လျစ်လျူရှူထားခြင်း၊ ကမ္ဘာ့ခြောက်သွေ့နယ်မြေများအား ထိန်းသိမ်းမှု နည်းပါးခြင်း စသည့်အချက်တို့ကြောင့် ဖြစ်သည်ကို မကြာသေးမီကာလများကပင် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

လွင့်မျောခြင်းယန္တရား

[ပြင်​ဆင်​ရန်​] ဖြစ်စဉ်

ပွယောင်းသော သဲမြေမျက်နှာပြင်များပေါ်တွင် အားပြင်းသောလေ တိုက်ခတ်ဖြတ်သန်းချိန်တွင် သဲမုန်များသည် အစပိုင်းတွင် တုန်ခါလာပြီး နောက် ခုန်ပျံလာကြခြင်းများတိုးပွားလာသည်။ ထိုသို့ ထိန်းချုက်မှု လျော့လျဲလာပြီး ပျက်စီးလာသည့် မြေပြင်အား ထပ်ကာတလဲလဲ တိုက်ခတ်လာခြင်းသည် အမှုန်ငယ်များအား ခုန်ပျံခြင်းဖြင့် အဝေးသို့ရောက်ရှိသွားစေရန် အစတင်လုပ်ဆောင်သည်။ လေ၏အပေါ်ပိုင်းတွင် အလွန်သေးငယ်သောအမှုန်များသည် ဆိုင်းငံ့နေရန်ဖြစ်လာပြီး ထိုနေရာမှ သဲမှုန်များအား တွားသွားခြင်း၊ ခုန်ပျံခြင်းနှင့် လွင့်မျောခြင်းဟူသည့်အဆင့်များဖြင့် ရွေ့လျားရန် တန်းစီ​နေသည့် ယန္တရားတစ်ခုဖြစ်စေသည်။ [၁]

[ပြင်​ဆင်​ရန်​] Ref

  1. http://en.wikipedia.org/wiki/Dust_storm
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်