ကျောက်ကျော
ပုံပန်းသွင်ပြင်
(သီးစုံကျောက်ကျော မှ ပြန်ညွှန်းထားသည်)
ကျောက်ကျော သည် ဂျယ်လီနှင့် ဆင်တူသော စားဖွယ်ရာတစ်မျိုးဖြစ်ပြီး အယ်လ်ဂျေးဟုခေါ်သော ပင်လယ်ရေညှိမှ ရရှိသည်။
စားသောက်ဖွယ်ရာများ
[ပြင်ဆင်ရန်]ကျောက်ကျောဖြင့် သီးစုံကျောက်ကျော၊ အုန်းနို့ကျောက်ကျော၊ ကြက်ဥကျောက်ကျော စသဖြင့် စားသောက်ဖွယ်ရာအမျိုးမျိုး ဖန်တီးနိုင်သည်။
သီးစုံကျောက်ကျော
[ပြင်ဆင်ရန်]သီးစုံကျောက်ကျောသည် ကျိုထားသော ကျောက်ကျောတွင် လှီးဖြတ်ထားသော စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ရှောက်ချိုသီး၊ သီးမွှေးငှက်ပျောသီး၊ သင်္ဘောသီး စသော အသီးများထည့်ကာ ပြုလုပ်သော အစားအသောက်တစ်မျိုး ဖြစ်သည်။
ပါဝင်သောပစ္စည်းများ
[ပြင်ဆင်ရန်]- ကျောက်ကျောမှုန့်
- အုန်းသီး
- သကြား
- ဆား
- စတော်ဘယ်ရီသီး
- နာနတ်သီး၊ ရှောက်ချိုသီး၊
- သီးမွှေးငှက်ပျောသီး၊ သင်္ဘောသီး
ကြက်ဥကျောက်ကျော
[ပြင်ဆင်ရန်]ကြက်ဥကျောက်ကျောသည် ကျောက်ကျောနှင့် ကြက်ဥ၊ အုန်းနို့ တို့ဖြင့် အလွှာလိုက် ပြုလုပ်ထားသော စားသောက်ဖွယ်ရာ ဖြစ်သည်။
ပါဝင်သောပစ္စည်းများ
[ပြင်ဆင်ရန်]- ကျောက်ကျော
- ဘဲဥ ( သို့ ) ကြက်ဥ
- စပျစ်သီးခြောက်
- နို့မှုန့်
- အုန်းသီး
- သကြား
- ဆား၊ အနံ့