| သိကြားမကိုဋ် |
 |
| သိပ္ပံနည်းကျမျိုးခွဲခြင်း |
|
|
[ပြင်ဆင်ရန်] Orthosiphon stamineus Benth (ဆီးချို (သိကြားမကိုဋ်))
- Botany Term : Orthosiphon stamineus Benth
- Species/Family : Labiatae
ပုံသဏ္ဌာန် : အပင် ပင်ပျော့ပင်ငယ်မျိုးဖြစ်၏။ ၁-၂ ပေထိ မြင့်၏။ ပင်စည် နီညိုစိမ်းရောင် ရှိ၍ သေးသွယ်ပြီး လေးထောင့်ပုံ ရှိသည်။ အမွေးမဲ့ သို့မဟုတ် တစ်ခါတစ်ရံ အမွေးနုကလေးများရှိသည်။ ထောင်မတ်၍ ပေါက်ပြီး ကိုင်းဖြာသည်။ အဆစ်များရှိသည်။ အရွက် သေးငယ်သည်။ အလယ်ပိုင်းကျယ်ပြီး ထိပ် ၂ ဖက် ချွန်သည်။ အဆစ် တစ်ဆစ်စီတွင် အရွက်များ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်၏။ ရွက်နား ခွေးသွားစိပ် ကျဲကျဲရှိ၏။ အရွက်ပါးပြီး ပျော့ပျောင်းသည်။ အပွင့် ဖြူပြာရောင် သေးငယ်သော အပွင့်ကလေးများ အခိုင်လိုက်ပွင့်သည်။ အသီး သေးငယ်ပြီး ရှည်မျောမျောပုံ ဖြစ်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သည်။ ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။ အသုံးဝင်ပုံ : အာနိသင်။ ။ အနောက်တိုင်းဆေးကျမ်းများအလိုအရ အရွက်တွင် Volatile Oil,Glucoside Orthosiphonin နှင့် Essential Oil တို့ ပါရှိသည်။ အသုံးပြုပုံ- အရွက် ၁။အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ၊ဆီးရောဂါ၊အဆစ်အမြစ်ကိုက်ရောဂါ များ ပျောက်၏။ ၂။ဆီးရွှင်ဆေး၊ ဆီးချိုရောဂါပျောက်ဆေး အဖြစ်လည်း အထူး ထင်ရှား၏။ ၃။အချို့သော အရှေ့တောင်အာရှ နိုင်ငံများတွင် အသက်ကြီးသူများ အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခတ်သောက် ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်သည်ဟု ယူဆကြသည်။[၁]
- ↑ http://arogyamonline.com/commodity/materials/?raw=101