သဘင်ပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိုက်ကီဒို(合気道 aikidō) ဆိုသည်မှာ မော်ရီဟေး အူရ်ရှီးဘ (Morihei Ueshiba) မှ သူ၏ ကိုယ်ခံပညာလေ့လာမှု ၊ ဖီလော်ဆော်ဖီ ဆိုင်ရာ တွေးခေါ်မှု နှင့် ဘာသာရေးယုံကြည်မှု များကို ပေါင်းစပ်စုစည်း၍ တီထွင်ဖန်တီးခဲ့သော ဂျပန် ကိုယ်ခံပညာ တစ်ခုဖြစ်သည်။ အိုက်ကီဒို ကို အများအားဖြင့် စွမ်းအင်များဖြင့် စုစည်းထားသောနည်းလမ်း သို့မဟုတ် စိတ်အာရုံ ခံစားမှုများကို စည်းဝါးကိုက်ညီစွာ ပေါင်းစပ်ထားသော နည်းလမ်း[၁] ဟု ခေါ်ဆိုနိုင်သည်။ (ကြေး)။ (ကြိုး)။ (သရေ)။ (လေ)။ (လက်ခုပ်)။ စသော တူရိယာ ပစ္စည်းတို့ကို သာယာနာပျော်ဖွယ် တီးခတ်(တီးမှုတ်)ကြပြီး (ခေါင်း)။ (ခါး)။ (ခြေ)။ (လက်)။ စသည်တို့ကို ရှုခြင်စဖွယ် လှုပ်ရမ်းပြောင်းရွှေ့ပြသ(ကခုန်)ပြီး ဖျော်ဖြေသော ပညာရပ်ဖြစ်သည်။

(တူရိယာပစ္စည်းအချို့တို့သည် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာတွင် ဇဗ္ဗူ့သပြေပင်၏ အရွက်များလှုပ်ရှားသဖြင့်ပေါ်ပေါက်သောအသံနှင့် အသီးရေထဲကြွေကြသောအသံတို့အား တုပဖန်တီးကြရာမှ ပေါ်ပေါက်လာသည်ဟု ပါးစပ်ရာဇဝင်ရှိသလို စောင်းတူရိယာ ဆိုလျှင် ဘုရားမပွင့်မီကပင် ပေါ်ထွန်းပြီးနေဟန် ဇာတ်တော်တို့လည်းရှိသည်။)

(တီးမှုတ်) ခြင်းနှင့် (ကခုန်) ခြင်း အပြင် အရှိုက် အငင် အဆို အပြော စသည့် (နှုတ်မြွက်အသံ) များ(သီကျူး)ခြင်းလည်းလိုအပ်သလို ပြုပေးရပြီး ယင်းတို့အားလုံးကို (ချစ်) (ရွှင်) (သနား) (တည်ကြား) (ကြမ်းကြုတ်) (စက်ဆုပ်) (ကြောက်ရွံ့) (ရဲဝံ့) (အံ့ဩ) ဟူသော ရသတို့ပေါ်လွင်အောင် အားထုတ်ကြလေ့ရှိသည်။

မြန်မာ့ သဘင်ခေတ်ဦးက မြေဝိုင်းဇာတ်ပွဲများအဖြစ် ကညင်ဆီမီးတိုင်များစိုက်ကာ တီးမှုတ်ကခုန်သီဆိုကြလေ့ရှိပြီး သူဌေးသူကြွယ် မင်းစိုးရာဇာတို့အား ဖျော်ဖြေတင်ဆက်ရသောအလုပ်ဖြစ်သည်၊ ယင်းကို အနိမ့်သဘင်ဟုခေါ်ကြသည်။

(ရှင်ဘုရင်က သဘောကျ၍ချီးမြှောက်ပါက ဘုရင်သုံးဆောင်ရန်ဖြစ်သောပွဲတော်အုပ် ကိုပင်လက္ခံရရှိတတ်သဖြင့် သဘင်သည်များကို မြစိမ်းဖက်ဖြင့်ပွဲတော်တည် သူများဟု ခြီးမွမ်းခေါ်ဆိုတတ်သလို သဘင်သည်တို့အား မနှစ်သက်သူတို့က ဖက်ခွက်စား ဟုနှိမ့်ချသုံးနှုန်းကြသည်လည်းရှိသည်။)

ရှေးခေတ်အခါက လူအများစုတို့သည် (သီဆိုခြင်း) (ကခုန်ခြင်း) တို့အား ကိုယ်တိုင်ပြုရန်လည်း ရှက်ရွံ့ဝန်လေးယုံသာမက ကြည့်ရှုရန်ကိုပင် ရှက်ကြောက်တတ်သည်ဖြစ်ရာ မြဝတီမင်းကြီးဦးစက သဘင်သည်တို့အစား အရုပ်ကလေးများဖြင့် အစားထိုးကာ ဖျော်ဖြေတင်ဆက်ရန်ကြိုးပမ်းရာမှ မြန်မာ့ရုပ်သေး ပေါ်ထွန်းလာသည်ဟုလည်းကောင်း၊ ရုပ်သေးသဘင်ကို စင်ဖြင့်ပြသရသဖြင့် အမြင့်သဘင် ခေါ်သည်ဟုလည်းကောင်း အဆိုရှိသည်။

ထိုခေတ်အခါက အရုပ်များဖြင့် သရုပ်ဆောင် ကပြစေသည့်တိုင် ဖက်ရမ်းနမ်းရှုံ့ အပြုအမူများမပါဝင်စေကြပဲ မင်းသမီးရုပ် နှင့် မင်းသားရုပ်တို့အကြား ပဝါ တစ်ကမ်းခြားကာ ကပြခဲ့သည်ဟု သိမှတ်ရသည်။
Cite error: <ref> tags exist, but no <references/> tag was found