သပိတ်လှူ ရခြင်းအကျိုးတရား

ဝီကီပီးဒီးယား မှ

သပိတ်လှူ ရခြင်းအကျိုးတရား(၁၀) ပါး[ပြင်ဆင်ရန်]

  • ၁။ ရတနာမျိုးတို့ဖြင့်ပြီးသောခွက်တို့ကိုရရှိခြင်း
  • ၂။ ဘေးဥပဒ်မရှိခြင်း
  • ၃။ စိုးရိမ်ကြောင့်ကြမရှိခြင်း
  • ၄။ သူတစ်ပါးကရိုသေခြင်း
  • ၅။ ထမင်းအဖျော်အိပ်ယာနေရာတို့ရရှိခြင်း
  • ၆။ စည်းစိမ်ချမ်းသာမပျောက်မပျက်ခြင်း
  • ၇။ တည်ကြည်သောစိတ်ရှိခြင်း
  • ၈။ တရားကိုအလိုရှိခြင်း
  • ၉။ ကိလေသာအားနည်းခေါင်းပါးခြင်း
  • ၁၀။ အာသဝေါတရားကင်းခြင်း

သိမှတ်ဖွယ်ရာ[ပြင်ဆင်ရန်]

ပရိက္ခရာရှစ်ပါးတို့အနက် အရေးအကြီးဆုံးမရှိမဖြစ်တို့မှာ ရဟန်းသံဃာအတွတ် သင်္ကန်းနှင့်သပိတ်ဖြစ်သည်။ သင်္ကန်းသည်ရဟန်းသံဃာအသွင်ဆောင်ခြင်း၌အဓိကပရိက္ခရာတစ်ပါးဖြစ်သလို အလှူ ခံရန်သပိတ်သည်လည်းရှိကိုရှိရမည့်ပရိက္ခရာဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်ထွန်းခါစကဥက္ကလာပတိုင်းမှလှည်းငါးရာဖြင့်မဇ္ဈိမဒေသသို့ကုန်ကူးသွားစဉ်ဆွေမျိုးဖြစ်ခဲ့ဖူးသောနတ်ကညွန်၍ဗုဒ္ဓကိုဖူးခွင့်ရရှိကြ၏။ ပျားဆုပ်မုန့်၊ ကျစ်မုန့်တို့ကိုဆက်ကပ်လေရာဘုရားရှင်သည်သပိတ်လိုအပ်နေကြောင်းနတ်မင်းကြီးလေးပါးတို့သိ၍လာရောက်လှူ ဒါန်းကြ၏။ ပဲနောက်အဆင်ရှိကျောက်ညိုသပိတ်လေးလုံးကိုအလှူ ခံရရှိပြီးသော်လေးလုံးဆင့်လျက်အဓိဌာန်ဖြင့်လက်တော်နှင့်ဖိလိုက်ရာအနားလေးရစ်ရှိသပိတ်တစ်လုံးတည်းဖြစ်သွား၏။ ထိုအခါကျမှ တဖုဿနှင့်ဘလ္လိကကုန်သည်ညီနောင်တို့၏ မုန့်ဆွမ်းအလှူ ကိုခံယူတော်မူခြင်းဖြစ်သည်။