သန့်မြင့်ဦး၊ ဒေါက်တာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒေါက်တာသန့်မြင့်ဦး
Thant Myint-U
၃၁ ဇန်နဝါရီ ၁၉၆၆ -
သန့်မြင့်ဦး
ကိုယ်ရေး အချက်အလက်
မွေး​ရက် ၃၁ ဇန်နဝါရီ ၁၉၆၆
မွေးရပ်ဇာတိ နယူးယောက်၊ အမေရိကန်ပြည်ထောင်စု
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
ဘာသာ ဗုဒ္ဓဘာသာ
ပညာရေး အပြည်ပြည်ဆိုင်ရာ အထူးလေ့လာရေး(ဟာဗဒ်တက္ကသိုလ်)
သမိုင်းပညာရပ်(ကမ်းဘရေ့ဂျ်တက္ကသိုလ်)

ငယ်စဉ်က အမေရိကန် နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး၊ အင်္ဂလန်မှာ အောက်စဖို့တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပါသည်။ ကင်းဘရိတ်တက္ကသိုလ်က ပါရဂူဘွဲ့ Ph.D ရရှိခဲ့ပေမဲ့၊ မြန်မာပြည်ကိုပြန်လာပြီး မြန်မာ့ယဉ်ကျေးမှုနဲ့သမိုင်းကို ကမ္ဘာသိအောင် မြှင့်တင်ပေးနေသူဖြစ်ပါသည်။ ကင်းဘရိတ်တက္ကသိုလ်မှာ ပညာရှင် ဖဲလိုးအဖြစ် အမှုထမ်းရင်း၊ "The River of Lost Footsteps" မြန်မာပြည်ခရီးစဉ်စာအုပ်နှင့် လူသိများခဲ့သည်။

ဒေါက်တာသန့်မြင့်ဦး သည် သမိုင်းပညာရှင် စာရေးဆရာ တစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ဂျ်တက္ကသိုလ်၊ ထရီနီတီ ကောလိပ်တွင် သမိုင်းဘာသာရပ်ကို နှစ်ပေါင်းများစွာကြာ သင်ပြပေးခဲ့သော ထရီနီတီ ကောလိပ် ကထိကဟောင်း ဖြစ်ခဲ့ကာ ဟားဗတ်၊ ကိန်းဘရစ်ဂျ် စသည့် ကမ္ဘာကျော် တက္ကသိုလ်များစွာတွင် သင်တန်းများ ပို့ချခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်ကာ ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ် သုံးခုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံရေးဌာန၊ မူဝါဒစီစဉ်ရေးဌာန အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့သည်။ အမေရိကန်နိုင်ငံတွင် မြန်မာမိဘများက မွေးဖွားခဲ့သည့် ဒေါက်တာသန့်မြင့်ဦးသည် နယူရော့ခ်တိုင်း(မ်)နှင့် တိုင်း(မ်)ကဲ့သို့ ကမ္ဘာကျော် စာစောင်များတွင် Thant Myint-U အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပြီး သူ၏လက်ရာစာအုပ်များတွင်The Making of Modern Burma ၊ The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စာအုပ်များ ပါဝင်သည်။)


ကုလသမဂ္ဂတွင် အမှုထမ်းပြီး နောက် မြန်မာ ပြည်အရေးတွင် သူတဖန် ပါဝင်လာခဲ့ပြန်သည်။ သူ၏ထင်ရှားသော စာအုပ်နှစ်အုပ်ဖြစ်သည့် "ခြေရာဖျောက်မြစ်များ (The River of Lost Footsteps)" နှင့် "တရုတ်နှင့် အိန္ဒိယဆုံသောနေရာ (Where China Meet India)" စာအုပ်များသည် မဖြစ်မနေ ဖတ်သင့်သော မြန်မာပြည်အကြောင်းရေးသားထားသည့် စာအုပ်များဖြစ်သည်။ ထို့အပြင် သူ၏သုံးသပ်ချက်များ၊ တွေ့ဆုံမေးမြန်းခန်းများနှင့် အတွေးအမြင်ဆောင်းပါးများကို နိုင်ငံတကာစာစောင်များတွင် တွေ့ရှိနေရသည်။ သူကျွမ်းကျင်သော ပညာရပ်နှင့်သာ အလုပ်အကျွေးပြုလိုပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်မည်မဟုတ်ဟု ပြောဆိုနေသော်လည်း ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ကြောင်းနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးမှ ရမည်ဟူသော သူ၏ယုံကြည်ချက်ကိုတော့ မကွယ်မဝှက် ထုတ်ဖော်ပြောဆိုသည်။