သစ်ဆိမ့်ပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သစ်ဆိမ့်ပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးပေါင်း [[Magnoliopsida]]
မျိုးစဉ် [[Myrtales]]
မျိုးရင်း [[Combretaceae]]
မျိုးစု [[Terminalia]]
မျိုးစိတ် '''''T. bellirica'''''
ဒွိနာမ
''Terminalia bellirica''

သစ်ဆိမ့်ပင်[ပြင်​ဆင်​ရန်​]

သစ်ဆိမ့်ပင်သည် အိန္ဒိယနိုင်ငံ၊ သီဟိုကျွန်းနှင့် မလ္လာယုကျွန်းဆွယ်တို၏ စိုစွတ်သော မြေနိမ့်ဒေသများ၌ မူလပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံရှိ မြေညီသစ်တောနှင့် တောင်ကုန်းသစ်တောများ၌ ပေါက်ရောက်၍ အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းတို့တွင် ပေ ၃ဝဝဝ အောက် ဒေသများရှိ သစ်တောများ၌ တွေ့ရလေသည်။ ယင်းသည် ကွန်ဗရီတေစီအီး မျိုးရင်းဝင်ဖြစ်၌ ဗာဒမ်ရိုင်းပင်နှင့် မျိုးတူဖြစ်သည်။ ရုက္ခဗေဒ အမည်အားဖြင့် တာမီလာနီယား ဗယ်လာရီကားဟု ခေါ်လေသည်။

နွေရာသီတွင် အရွက်ကြွေသော အပင်ကြီးမျိုးဖြစ်၍ ပေ ၆ဝ မှ ပေ ရဝ အထိ မြင့်မားနိုင်ပြီးလျှင် လုံးပတ် ခြောက်ပေမှ ခုနစ်ပေအထိ ရှိလေသည်။ ပင်စည်သည် ဖြောင့်မတ်မြင့်မားပြီးလျှင် အကိုင်းအခက်များသည် ဘေးသို့ ပြန့်ကားလျှက် ထွက်ကြရာ အပင်အနေအထား ခန့်ညားလှပေသည်။ ထိုကြောင့် အိန္ဒိယနိုင်ငံအချို့အရပ်ဒေသ များ၌ လမ်းဘေးတွင် သစ်ဆိမ့်ပင်များကို စိုက်ပျိုးထာလေသည်။

သစ်စိမ့်ပင်တို့၌ ကျားကန်မြစ်များရှိသည်ကို တစ်ခါတစ်ရံတွေ့ရသည်။ အခေါက်သည် ထူ၍ ကြွစ်ဆတ်ဆတ် ဖြစ်ပြီးလျှင် မွဲခြောက်ခြောက် အရောင်ရှိသည်။ အရွက်နုများတွင် သံချေးရောင်အမွှေးများ ဖုံးလွှမ်းနေတတ်သည်။ အရွက်ရင့်များသည် ထူပြီးလျှင် အပေါ်ပိုင်းကားသည်။ ရှည်လျားသော ရွက်ည|ာ တံရှိ၍ အရွက်နှင့်အည|ာ ဆက်သောနေရာတွင် မှည့်ကလေးနှစ်ခုကို ရံဖန်ရံခါ တွေ့ရသည်။ အပွင့် များသည် သေးငယ်၍ ဝါမွဲမွဲအရောင်ရှိသည်။ အသီးသည် မွဲခြောက်ခြောက် ကတ္တီပါမွှေးများဖြင့် ဖုံးလွှမ်းနေသော အတွင်းခွံမာသီးမျိုး ဖြစ်၍ တစ်လက်မခန့်ရှည်ပြီးလျှင် ထိပ်လုံး၍ အရင်းသွယ်သော ဥရင်းသွယ် ပုံသဏ္ဌာန် ရှိလေသည်။ သစ်ဆိမ့်သီး၌ အသားများလေသည်။

အိန္ဒိယနိုင်ငံ၌ အသီးစိမ်းများကို သိုး၊ ဆိတ်၊ ကျွဲ၊ နွားနှင့် မျောက်များ စားကြသည်။ အသီး ခြောက်များကို ဆိုးဆေးများ၌ အသုံးပြုရန် အိန္ဒိယနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့ရသည်။ သို့သော် အမျိုး အစား ညံ့ဖျင်းသော ဆိုးဆေးများ၌သာ အသုံးပြုကြရလေသည်။ ထိုအသီးခြောက်များသည် ဆေးဖက်လည်းဝင်သည်။ အသီးတွင်းမှ အစေ့ဆန်စားကြရသော်လည်း များများစားလျှင် မူးဝေတတ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် သစ်ဆိမ့်သီးကို လှော်၍သော်၄င်း၊ ပြုတ်၍သော်၄င်း စားသုံးကြလေသည်။

မြန်မာဆေးကျမ်းများ အလိုမှာ သစ်ဆိမ့်သီးသည် အသံကိုပျက်စေတတ်၏။ ပူသဖြင့် လူကို ခြောက်သွေ့စေတတ် ၏။ ဖန်၏။ သုက်နာ၊ ပိုးနာတို့ကို နိုင်၏။ မျက်စိနှင့်လည်း သင့်၏။ သလိပ်နာ၊ သည်းခြေနာများကိုလည်း ပယ်နိုင်၏ဟု ဆိုလေသည်။ အိန္ဒိယဆေးကျမ်းများ အရ သစ်ဆိမ့်သီးသည် ချောင်းဆိုးရောဂါ၊ အသံဝင်ရောဂါ၊ မျက်စိ ရောဂါများနှင့် ကင်းကိုက်ခြင်းအတွက် ဆေးဖက်ဝင်သည်။ ချောင်းဆိုခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်း နာခြင်း၊ အသက်ရှူကျပ်ခြင်း ဖြစ်ပါက သစ်ဆိမ့်သီးအတွင်းသားကို ဆား၊ ငရုတ်ကောင်းတို့နှင့် ရော၍ တေပြီး စားသုံးရသည်။သို့မဟုတ် နို့ရက်တက်ရည်နှင့် ရော၍ လျက်ပေးရသည်ဟု ဆိုလေသည်။ အသီးမှည့်ခြောက်ကို ချုပ်ဆေး၊ အားတိုးဆေးနှင့် ဝမ်းနှုတ်ဆေးတို့၌ အသုံးပြုနိုင်လေသည်။

သစ်ဆိမ့်သားသည် ဝါမွဲမွဲအရောင်ရှိ၍ အနှစ်မပါသော အသားမျိုးဖြစ်သဖြင့် တန်ဖိုးမရှိလှချေ။ လေသလပ်ထား၍ အသားသေပြီးသော သစ်ဆိမ့်သား ကုဗတစ်ပေသည် ပေါင် ၄ဝ အချိန်စီးလေသည်။ ခွဲဖြတ်စိတ်ဖြာရန် လွယ်ကူသော်လည်း အသားသည် ပျဉ်းမာသဖြင့် ရွေပေါ်ထိုး၍ မညီညာနိုင်ပေ။ ရေအောက်တွင်ထား၍ အသုံးပြုမှသာလျှင် တာရှည်ခံသဖြင့် ရေတွင်းများ၌ အတွင်းပေါင်ခတ်ရန်၊ ရေ လွှဲတံခါးပေါက်များ ပြုလုပ်ရန် အသုံးပြုကြသည်။ စူး၊ ဆောက်၊ ပုဆိန် အစရှိသော လက်သမား ကရိယာတို့၏ လက်ကိုင်ရိုးများကို သစ်ဆိမ့်သားဖြင့် ပြုလုပ်ကြသည်။ ခင်းပျဉ်အကြမ်းစား၊ ကုန်သေတ္တာ၊ ဘောက်တူ၊ လှည်းနှင့် ရေစည်များကိုလည်း သစ်ဆိမ့်သားဖြင့် ပြုလပ်ကြလေသည်၊ သစ်ဆိမ့်သား မီးသွေးသည် ပန်းပဲဖို၊ ပန်းတိမ်ဖိုများတွင် အသုံးပြုသင့်သော မီးသွေးမျိုး ဖြစ်သည်။[၁]

Bastard myrobalan (သစ်ဆိမ့်ပင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Terminalia belerica Roxb
  • Species/Family : Combretaceae


ပုံသဏ္ဌာန် : အပင် -ပင်စောက် ပင်ကြီး မျိုး ဖြစ်သည်။ ပင်စည် အလွန်ဖြောင့် မတ်ပြီး ၆၀-၇၀ ပေထိမြင့် သည်။ အပွေး အညိုနုရောင် ရှိ၍ ချောသည်။ ဗာဒံပင် ကဲ့သို့ ကိုင်းဖြာထွက် ပြီး အပင်မှ ထနောင်း ကဲ့သို့ အစေးများ ထွက်သည်။ အညွန့်များ သည် သံချေး ရောင် အမွေးများ ဖြင့် ဖုံးအုပ် လျက်ရှိ၏ ။ အရွက် - ကိုင်းထိပ်ဘက်၌ စုပြုံ၍ ရွက်လွှဲ ထွက်၏ ။အလျား ၃-၈ လက်မ ထိရှည်သည်။ ရွက်ထိပ် အနည်းငယ် ချွန်ပြီး ရွက်ရင်းသွယ် သည်။ များသော အားဖြင့် အရွက်အပေါ် ပိုင်း တစ်ဝက် ကျယ် ၏ ။ ရွက်ညှာ ၂ လက်မ ထိ ရှည်သည်။ အပွင့် - မန်ကျည်း ပွင့်နှင့် တူသည်။ သေးငယ်ပြီး အဖြူရောင် ရှိသည်။တပို့တွဲ ၊ တပေါင်းလတွင် ပွင့်၏ ။အနံ့ဆိုး ဝါးသည်။ အသီး - လုံးဝိုင်းသည်။ အချင်း ၁ လက်မမျှ ရှိ၏။ အသား ထူသည်။ မွဲပြာရောင် ကတ္တီပါ မွေးများ ဖြင့် ဖုံးလွှမ်း နေသည်။ အသီး တွင်း၌ ဗာဒံ ကဲ့သို့ အဆံ ရှိ၏ ။ တန်ဆောင်မုန်း၊ နတ်တော် လတွင် အသီး ရင့်မှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အခေါက် ၊ အသီး ၊ အဆံ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : နေရာဒေသ အနှံ့အပြား ၌ တွေ့ရသည်။သဘာ၀ ပေါက်ပင် ဖြစ်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလိုအရ သစ်ဆိမ့်သည် ခါး ၏ ၊ စပ်၏ ၊ ဖန်၏ ၊ ဝမ်းသက်၏ ၊မျက်စိကို အကျိုးပြု၏ ၊ ဆံပင် ကို တိုးပွား သန်မာစေ၏ ၊ အသံပျက်ခြင်း ၊ သွေးဖောက်ပြန် ခြင်း၊ လည်ချောင်းနာ ၊ မျက်စိရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ နှလုံးရောဂါ တို့ကို ကင်းေ၀းစေ ၏ ၊ လွန်စွာ စားလျှင် မူးယစ်အော့အန် တတ်၏။

အသုံးပြုပုံ- အပွင့် ၁။ သစ်ဆိမ့်ပွင့်ကို ပြုတ်သောက်ပါက သရက်ရွက် ကြီးသော ရောဂါ ၊ ၀မး်သွားလွန်ခြင်း ၊ ရင်ဘတ်နာ ခြင်း ၊ သလိပ်ပူထခြင်းများ ပျောက်၏ ။ အခေါက် ၁။ သစ်ဆိမ့်ခေါက် ကို သွေးလိမ်းသော် ခရုသင်း ပျောက်၏ ။ သွေးသောက် သော် သွေး အားနည်း ရောဂါ ပျောက်၏ ။ ၂။ အမြစ်ခေါက် ကို ပြုတ်၍ ငုံပေးသော် သွားနာ၊ သွားကိုက် ၊ သွားဖုံးရောင် ခြင်း ပျောက်၏။ အသီး ၁။ သစ်ဆိမ့်သီး ကို သွေး၍ မျက်စိကို ကွင်းပေးသော် မျက်စိနာ ပျောက်၏ ။ ၂။ သစ်ဆိမ့်သီးးခွံ ကိုသွေး၍ ပျားရည် နှင့် လျက်သော် ပန်းနာ ၊ ရင်ကျပ် ၊ ချောင်းဆိုး ပျောက်၏။ ၃။သစ်ဆိမ့်သီးမှုန့် နှင့် ကြံသကာ ဆတူရော၍ နေ့စဉ် သုံးဆောင် သော် ပန်းသေရောဂါ ပျောက်၏ ။ ၄။ သစ်ဆိမ်သီး ကို အားတိုးဆေး အဖြစ်လည်းကောင်း ၊ လိပ်ခေါင်း ၊ ဖျဉ်းစွဲ နာ ၊ နူနာ ၊ ဝမ်းသွားခြင်း၊ လေထိုး လေအောင့် ခြင်းနှင့် ခေါင်းကိုက် ခြင်း ရောဂါများ ကုသရာ၌ လည်းကောင်း အသုံးပြု နိုင်၏။ အဆံ ၁။ သစ်ဆိမ့်ဆံ နှင့် အရက် သွေးသောက်သော် ဆီးအောင့် ခြင်းနှင့် ကျောက်တည်ခြင်း ပျောက်၏ ။ ၂။ သစ်ဆိမ့်ဆံ ကို သွေး၍ နွေးအောင် ပြုပြီး ရောင်ရမ်း သောနေရာ ထိခိုက်မိ၍ ဒဏ်ရာ ရပြီး နာကျင် ကိုက်ခဲ နေသော နေရာများတွင် လိမ်းပေးသော် ပျောက်၏။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://arogyamonline.com/commodity/materials/?raw=10