သစ်ခွ

From Wikipedia

Ernst Haeckel၏ Kunstformen der Natur အရောင်အဆုံချက်

သစ်ခွ (Orchidaceae) သည်ပန်းပွင့်သောအပင် မိသားစုများထဲတွင်အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး မိသားစုဖြစ်ပြီး မျိုးကွဲ (genera) ပေါင်း ၈၀၀ကျော်နှင့် မျိုးစိတ် (species) ပေါင်း ၁၅၀၀၀ကျော်ရှိသည်။ အချို့ကမျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော်ပညာရှင်အသိုင်းအဝိုင်းတွင်မျိုးခွဲစန်းဆစ်ခြင် (classification) အလွန်ပင်ကွဲပြားခြားနားလှသဖြင့် အရေအတွက်အတိအကျကို မသိရှိနိုင်ပါ။ မျိုးကွဲများကို ပြန်လည်သုံးသပ်ခြင်းမှာ လစဉ်လိုလို လုပ်ဆောင်လေ့ရှိပြီး ဂျင်နစ်တစ်သုတေသနနှင့်ဇီဝဓာတုဗေဒတို့ကို ပိုမိုအသုံးပြုလာခြင်းတို့ကြောင့် ၎င်းမှာ ပိုမိုများပြားလာသည်။