သင်္ချာ၏ သမိုင်းကြောင်း

ဝီကီပီးဒီးယား မှ

သင်္ချာ၏သမိုင်းကြောင်း (history of mathematics) ဆိုသည်မှာ သင်္ချာဆိုင်ရာ ရှာဖွေတွေ့ရှိမှုများ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကို လေ့လာသည့် ဘာသာခွဲတစ်ရပ်ဖြစ်သည်။ ရှေးသမိုင်း အဆက်ဆက်က အသုံးပြုခဲ့သည့် သင်္ချာဆိုင်ရာ နည်းနာ (method) များနှင့် အသုံးအနှုန်း သင်္ကေတများကိုလည်း တစ်ခါတစ်ရံ လေ့လာလေ့ရှိသည်။