ချစ်၊ သခင်

ဝီကီပီးဒီးယား မှ
(သခင်ချစ် မှ ပြန်ညွှန်းထားသည်)
သခင်ချစ်
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၁၉၁၀-ခုနှစ်
အမည်ရင်း
မိဘအမည် ဦးနွဲ့+ ဒေါ်အေးချို
မွေးဖွားရာဒေသ ပဲခူးတိုင်း၊ သနပ္ပင်မြို့
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် နိုင်ငံရေးသမား
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


သခင်ချစ်ကို အဖ ဦးနွဲ့၊ အမိ ဒေါ်အေးချိုတို့မှ ၁၉၁၀ ခုနှစ်တွင် ပဲခူးတိုင်းသနပ္ပင်မြို့တွင် မွေးဖွားခဲ့သည်။ (မွေးဖွားသောရက်စွဲ အတိအကျ မသိရပေ။) သနပ္ပင်မြို့နှင့် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၀-ခုနှစ်နောက်ပိုင်းမှ စ၍ ကျောင်းဆရာ ဖြစ်ခဲ့သည်။ ထိုစဉ်မှာပင် နဂါးနီ ဦးထွန်းရွှေနှင့် ဆက်သွယ်၍ နိုင်ငံရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ စတင်ပါဝင်ခဲ့သည်။

၁၃၀၀ ရာပြည့် အရေးတော်ပုံ မတိုင်ခင် ကာလအတွင်း ဆရာချစ်သည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်ချစ်ဟူသော အမည်ကို ခံယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ ဦးဆောင်သော ဗဟိုမြေအောက် တော်လှန်ရေးအဖွဲ့တွင် သခင်ထွန်းရွှေ (နဂါးနီ ဆရာထွန်းရွှေ) နှင့်အတူ စည်းရုံးရေးဌာနတွင် တာဝန်ယူခဲ့သည်။

ဗမာ့လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံသို့ စစ်ပညာသွားရောက် သင်ကြားမည့်သူများနှင့် မြေအောက်တော်လှန်ရေး ရဲဘော်များအတွက် ရန်ကုန်မြို့၊ ပုဇွန်တောင် ရေကျော်တွင် သမဝါယမ ဈေးဆိုင်ဖွင့်၍ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရှာဖွေကျွေးမွေးခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော လက်ဝဲ (ကွန်မြူနစ်စနစ် လိုလားသူ)၊ လက်ယာ (ပါလီမန်ဒီမိုကရေစီစနစ် လိုလားသူ) ဒုတိယအဆင့်ရှိသော ခေါင်းဆောင်အားလုံးကို ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်သည်။ (ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ရန်ကုန်ဘဆွေသခင်တင်မြ၊ ရဲဘော်ဌေး အစရှိသူများ အပါအဝင်)

ပြည်တွင်းသို့ လျှို့ဝှက်စွာ ပြန်ဝင်လာသော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များထံတွင် ပဲခူးမြို့အနီးရှိ စည်တီးရွာ၌ စစ်ပညာကို အစောဆုံး ပြန်လည်သင်ကြားခဲ့သူ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလိပ်အစိုးရ မဆုတ်ခွာခင်အချိန်နှင့် ဂျပန်စစ်တပ်များ လက်နက်မချခင် အချိန်များအထိ လက်နက်ကိုင် မြေအောက် လျှို့ဝှက်တိုက်ခိုက်ရေးတာဝန်များကို ဦးဆောင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်စစ်တပ်များ စတင်ဝင်ရောက်လာချိန်တွင် တို့ဗမာအစည်းအရုံး၏ ဌာနချုပ်ဥက္ကဋ္ဌ သခင်မြ နှင့်အတူ အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ပြည်သူ့အရေးတော်ပုံပါတီ (နောင်ဆိုရှယ်လစ်ပါတီ) တွင် အရေးပါသော ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဂျပန်စစ်တပ်များ အထက်မြန်မာနိုင်ငံသို့ ချီတက်ချိန်တွင် ရန်ကုန်မြို့ ရေကျော်တွင် နေထိုင်သော မခင်သန်းညွန့် (ခ) အမာ (ခ) မခင်သန်း (ခ) မချစ်မေနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရန် အတွက် ဖ.တ.ပ.လ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သော ခေါင်းဆောင် (၉) ဦးအနက် ပြည်သူ့အရေးတော်ပါတီ၏ အရေးပါသော ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တိုင်း(၄)၏ နိုင်ငံရေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးတွင် နံပါတ် (၁၀) မြောက် ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

လွတ်လပ်ရေးမရခင် ၁၉၄၇-ခုနှစ် ပါလီမန် ရွေးကောက်ပွဲတွင် ရန်ကုန်မြို့၊ သိမ်ဖြူ အမတ်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သူဖြစ်သည်။

၁၉၄၈-ခုနှစ်တွင် ဗ.က.ပ (သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ) ၏ လက်နက်ကိုင် တော်လှန်ရေးတွင်ပါဝင်တောခိုခဲ့သည်။

၁၉၆၈-ခုနှစ်မှ စ၍ ဗ.က.ပ၏ အထွေထွေ အတွင်းရေးမှူး တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် မ.ဆ.လ အစိုးရ၏ သစ္စာခံတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပဲခူးရိုးမ တစ်နေရာတွင် ကျဆုံးခဲ့သည်။ သခင်ချစ်နှင့် ဇနီးသည် ဒေါ်ခင်သန်းတို့မှ သမီးကြီး မစောနွဲ့(ခ) မအေးငြိမ်း၊ သမီးလတ် မစန်းရီ(ခ) မခင်ညို၊ သားငယ် မောင်ထွန်းရီ (ခ) ဗထူးတို့ကို မွေးဖွားခဲ့သည်။

သခင်ချစ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ လွတ်လပ်ရေးအတွက် ဒုတိယကမ္ဘာစစ် အကြိုကာလများနှင့် ဂျပန်စစ်တပ်များ လက်နက်မချခင် အချိန်များအထိ လက်နက်ကိုင် မြေအောက် လျှို့ဝှက်တာဝန်များကို ဦးဆောင်ခဲ့သူဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ၏ နိုင်ငံရေး လှုပ်ရှားမှုများတွင် နာမည်ကျော်ခဲ့သူ အများအပြားကို မွေးထုတ်ပေးခဲ့သော ဆရာတစ်ဦးဖြစ်သည်။

မှီငြမ်းကိုးကား[ပြင်ဆင်ရန်]

  • တို့ဗမာ့အစည်းအရုံးသမိုင်း (ပ+ဒု)
  • သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်
  • ဇင်+ချစ် နောက်ဆုံး(၂)
  • သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ(ပ+ဒု)
  • စာရေးဆရာ ရန်ကုန်ဘဆွေ၏ စာအုပ်များ
  • သခင်အောင်ကြီး၏ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင် ဆောင်းပါး
  • အင်တာနက် စာမျက်နှာများ

မူရင်း[ပြင်ဆင်ရန်]