သက်မွန်မြင့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သက်မွန်မြင့်
ThetMonMyint0019.jpg
အမည်ရင်း သက်မွန်မြင့်
မွေးသက္ကရာဇ် ဇူလိုင်လ ၂၃ရက်


မွေးဖွားရာ ဒေသ ချင်းပြည်နယ်
နိုင်ငံ Flag of Myanmar.svg မြန်မာ
လူမျိုး ချင်း ဗမာ
အလုပ်အကိုင် သရုပ်ဆောင်
ထင်ရှားကျော်ကြားမှု နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်
ရရှိခဲ့သောဆုများ အကယ်ဒမီ.gif အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၁၀)
လက်မှတ်


သက်မွန်မြင့်သည် မြန်မာနိုင်ငံမှ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူမကို ဇူလိုင်လ ၂၃ရက်နေ့တွင် မွေးဖွားခဲ့သည်။

ကာရီယာ[ပြင်​ဆင်​ရန်​]

သက်မွန်မြင့်သည် အခြေခံပညာကျောင်းသူဘဝက ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့တွင်နှစ်စဉ်ကျင်းပပြုလုပ်သည့် အာရှပစိဖိတ်ဒေသ ကလေးသူငယ်များ တွေ့ဆုံပွဲသို့ ချင်းပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့သည်။ အနုပညာလောကအတွင်းသို့ မော်ဒယ်အဖြစ်ဖြင့် ဝင်ရောက်ခဲ့သည်။ ထို့နောက် သူ့ကို ပရိတ်သတ်များက သတိပြုမိလာသည်။ သူသည် ချင်းနှင့် ဗမာစပ်ဖြစ်ပြီး သူမ၏ ချင်းနာမည်မှာ ဇုံကျဲရ်မွေး (Zung Cer Mawi) ဖြစ်သည်။ ထို့ကြောင့်သူမသည် မြန်မာစကားပြောရာတွင် ချင်းသံပါနေသည်။ ထို့ကြောင့် သူမသည် အနုပညာသားအချင်းချင်း ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိခဲ့သည်။ သို့သော်လည်း ယခုအခါ ထိုပြဿနာများ မရှိတော့ပေ။ သူမသည် ဇာတ်ကား ၁၀၀ကျော် ရိုက်ကူးပြီး ဖြစ်သည်။ သူမသည် VCD သီချင်းများစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီမှတ်တမ်း၊ မမေးပါနဲ့ စသည့်သီချင်းများသည် သူမကို ပရိတ်သတ်၏ ချစ်ခင်အားပေးမှုရစေခဲ့သော သီချင်းများဖြစ်ပါသည်။ ၂၀၁၀ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ၌ အကောင်းဆုံး အမျိုးသမီးထူးချွန်ဆုကိုရရှိခဲ့ရာတွင်ပြေတီဦး နှင့် အတူသရုပ်ဆောင်ပါဝင်ခဲ့သော အာဒမ်ရယ် ဧဝရယ် ဒသရယ် ဇာတ်ကားဖြင့်ဖြစ်သည်။ ပြေတီဦး မှာလည်း ထိုကားဖြင့်ပင် အကောင်းဆုံး မင်းသားဆုရရှိခဲ့သည်။

လူမှုဘဝ[ပြင်​ဆင်​ရန်​]

သက်မွန်မြင့်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင် စစ်နိုင်နှင့် လက်ထပ်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားကြီးများ[ပြင်​ဆင်​ရန်​]

ရုပ်ရှင်ဇာတ်ကားစာရင်း
ခုနှစ် ရုပ်ရှင်အမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်များ ပိုစတာ
၂၀၁၀ အမေ့ကျေးဇူးဆပ်ဖူးချင်တယ် ခင်စောမျိုး ပြေတီဦး၊ နေအောင်၊ မေသန်းနု၊ ဝါဝါအောင် Movie13.jpg
၂၀၁၀ ‎နတ်ဖတ်တဲ့ စုံတွဲများ ကိုဇော် (အာရုဏ်ဦး) ပြေတီဦးအိန္ဒြာကျော်ဇင်၊ နန္ဒ Movie3.jpg
၂၀၁၀ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် ကိုဇော် (အာရုဏ်ဦး) ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ Movie1.JPG
၂၀၁၁ အကယ်ဒမီ.gif အာဒမ်ရယ် ဧဝရယ် ဒသရယ် ဝိုင်း (Own Creator) စိုင်းစိုင်းခမ်းလှိုင်ပြေတီဦး Academy11.jpg
  • အကယ်ဒမီ.gif ပြထားသော ဇာတ်ကားများမှာ သက်မွန်မြင့် အကယ်ဒမီရထားသောဇာတ်ကားများဖြစ်သည်။