မာဂရက် သက်ချာ

ဝီကီပီးဒီးယား မှ
(သက်ချာ မာဂရက် မှ ပြန်ညွှန်းထားသည်)

မာဂရက်သက်ချာသည် ​အောက်တာတိုဘာ၁၃ရက်၊၁၉၂၅ ဂရမ်သမ်၊ ယူ​ကေတွင်​မွေးဖွားခဲ့သည်။ အမည်ရင်းမှာမာဂရက်​ဟေဒါသက်ချာဖြစ်သည်။​ ဒေသတွင်း ကုန်သည်နိုင်ငံရေးသမားတစ်ဦး၏ သမီးဖြစ်သည်။ မိသားစုပိုင် ကုန်စုံဆိုင်တွင် ကူညီရင်း ​ကျောင်းတက်ခဲ့သည်။ ပညာထူးချွန်သည့်အတွက် ​အောက်စဖို့တက္ကသိုလ် တက်​ရောက်ခွင့်ရပြီး ဓာတု​ဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၅၉တွင် ဖန်​ချေလီမြို့ အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။ ဆက်တိုက်ဆိုသလို နိုင်ငံ​ရေးအား တစိုက်မက်မက် လုပ်​ဆောင်ခဲ့သည်။ ၁၉၇၀တွင်ပညာ​ရေးအတွင်းဝန်အဖြစ် တာဝန်ထမ်း​ဆောင်ရသည်။ ၁၉၇၉တွင်ယူကေသမိုင်းတွင် ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ရာထူးကို ​ရွေး​ကောက်ပွဲနှင့်တကွ ​အောက်လွှတ်​တော်နှင့် အထက်လွှတ်​တော်ပါ သူမဦး​ဆောင်​သော​ ရှေးရိုးဆွဲပါတီ (ကွန်ဆာ​​ဗေးတစ်ပါတီ) ကအနိုင်ရခဲ့သည်။[၁] ယူ​ကေတွင် သူမ၏ အစိုးရလမ်းစဉ်ကို သူမနာမည်အစွဲပြု၍ သက်ချာဝါဒဟု​ခေါ်ဆိုကြသည်။

သံမဏိအမျိုးသမီးဟု နာမည်ကျော်သူ မာဂရက်သက်ချာ

အိမ်​ထောင်သည်ဘ၀[ပြင်ဆင်ရန်]

မာဂရက်သက်ချာသည် ၁၉၅၁တွင် ဒန်းနစ်သက်ချာဖြင့် လက်ထပ်ခဲ့သည်။ သားတစ်ဦး၊ သမီးတစ်ဦးထွန်းကားခဲ့သည်။ ဝန်ကြီးချုပ်တာဝန် ထမ်း​ဆောင်ဆဲကာလတွင် အိမ်ရှင်မပီပီ အိမ်​ထောင်​ရေးတာဝန်များကို မပျက်မကွက်​ ဆောင်ရွက်ခဲ့သည်။

၂၀ရာစု၏ သံမဏိ အမျိုးသမီး[ပြင်ဆင်ရန်]

၁၉၈၃ခုနှစ်၊ ၁၉၈၇ ခုနစ်များတွင် ကွန်ဆာဗေးတစ်ပါတီ ဆက်လက်အောင်ပွဲခံပြီး သက်ချာလည်း သုံးကြိမ်ဆက်တိုင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးကောက်ခံရသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ စီးပွားရေးပိုင်းတွင် အစိုးရ၏အခန်းကဏ္ဍလျော့မှုများကြောင့် ကျော်ကြားကာ၊ တစ်ဖက်တွင်လည်း အာဂျင်တီးနားနှင့် ဖြစ်ပွားခဲ့သည့် ဖောက်ကလန်စစ်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ ဦးဆောင်မှုပေးနိုင်ခဲ့သည့် သူမ၏ပုံရိပ်ကို လူထုက အားပေးခဲ့သည်။ ထို့အပြင် ၁၉၈၄-၈၅ ခုနှစ်များတွင် သတ္တုတွင်းလုပ်သားများ သပိတ်မှောက်နေစဉ်ကာလများအတွင်း အလုပ်သမားသမဂ္ဂများနှင့် အကြိတ်အနယ် ဆန့်ကျင်ဖြေရှင်းခဲ့ရခြင်းများကြောင့်လည်း ထင်ရှားခဲ့သည်။ သို့သော် ၁၉၉၀ခုနှစ်တွင် အခွန်စည်းကြပ်ရေးမူဝါဒနှင့် ဥရောပပေါင်းစည်းရေးဆိုင်ရာပြဿနာများအား အငြင်းပွားရာမှ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ၁၉၉၂တွင် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်သည်။ အင်္ဂလန်နန်းတွင်းမှ ချီးမြှင့်သည့် ဘယ်ရွန်ဘွဲ့ခံယူရရှိပြီး ဘယ်ရွန်ဘွဲ့ခံ ကက်စတီဗင် သက်ချာ အဖြစ်ခံယူသည်။

သက်ချာ၏ စာပေလက်ရာ[ပြင်ဆင်ရန်]

၁၉၉၃ခုနှစ်တွင် ဟာပါကောလင်းစာအုပ်တိုက်မှ မာဂရက်သက်ချာ၏လက်ရာဖြစ်သည့် ဒေါင်းနင်းလမ်းနှစ်ကာလများ (The Downing Streets) ပထမတွဲကို ထုတ်ဝေခဲ့သည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

ယူ​​ကေ၏ဝန်ကြီးချုပ်အဖြစ် ၁၁နှစ်ကြာတာဝန်ထမ်း​ဆောင်ခဲ့​သော မာဂရက်သက်ချာသည် ဧပြီလ ၈ရက်၂၀၁၃ခုနှစ်တွင် လန်ဒန်မြို့၌ ​သွေးခဲ​ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်၈၇နှစ် ရှိပြီဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "The British General Election of 1979" David Butler (မေ ၁၇၊ ၂၀၂၃ တွင် ထည့်သွင်းပြီး)