ဝှစ်တနီ ဟယူစတန်
| ဝှစ်တနီ ဟယူစတန် | |
Whitney Houston performing at Good Morning America in Central Park on September 1, 2009. |
|
| အချက်အလက်များ | |
|---|---|
| အမည်ရင်း | Whitney Elizabeth Houston |
| မွေးဖွား | August 9, 1963 Newark, New Jersey, U.S. |
| ကွယ်လွန် | February 11, 2012 (aged 48) Beverly Hills, California, U.S. |
| အလုပ်အကိုင် | Singer, actress, model, film producer,[၁] record producer,[၂] songwriter |
| Years active | 1977–2012 |
ဝှစ်တနီ ဟယူစတန် (Whitney Elizabeth Houston) သည် ဂရမ်မီဆုရခဲ့ဖူးသူ အမေရိကန် တေးသံရှင်တစ်ဦးဖြစ်သည့်အပြင် ရုပ်ရှင်သရုပ်ဆောင်နှင့် ထုတ်လုပ်သူလည်း ဖြစ်သည်။ ယခင်က မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူမ ၁၉၈၀ ပြည့်နှစ်များအတွင်း ဖြန့်ချိသည့် Saving All My Love for You၊ How will I Know၊ The Greatest Love of All၊ Where Do Broken Hearts Go၊I Wanna Dance With Somebody (Who Love Me) တို့မှာ အရောင်းရဆုံး တေးအယ်လ်ဘမ်များ ဖြစ်သည်။[၃] "I will always love you" မှာ ကမ္ဘာတလွှား လူ့သိအများဆုံးသော သူမ၏ သီချင်းတစ်ပုဒ် ဖြစ်သည်။[၄]
၁၉၉၀ ပြည့်နှစ်များအတွင်း The Bodyguard ဇာတ်ကားအပါအဝင် ရုပ်ရှင်ဇာတ်ကား အမြောက်အများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ အနုပညာနယ်ပယ်တွင် အောင်မြင်ခဲ့သော်လည်း မူးယစ်ဆေးနှင့် အရက်ကြောင့် ဒုက္ခရောက်ခဲ့ရကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်ရှိ ဘီဗာလီ ဟီလ်တန်ဟိုတယ် (Beverly Hilton Hotel) ၌ ကွယ်လွန်ခဲ့သည်။[၃]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Whitney Houston. Filmbug (January 1, 2000). Retrieved on January 2, 2012။
- ↑ WHITNEY – The Producer. Whitney-Info.Com. Retrieved on January 2, 2012။
- ↑ ၃.၀ ၃.၁ ကမ္ဘာကျော် အမျိုးသမီးအဆိုတော် ဝှစ်တနီဟူစတန် အသက် ၄၈ နှစ်အရွယ်တွင် ကွယ်လွန်. Eleven Media Group. Retrieved on Feb 11, 2012။
- ↑ ကမ္ဘာကျော် အဆိုတော် Whitney Houston ကွယ်လွန်. ဘီဘီစီ. Retrieved on Feb 11, 2012။