ဝိဘဇ္ဇဝါဒ

ဝီကီပီးဒီးယား မှ
(ဝိဘဇ္စဝါဒ မှ ပြန်ညွှန်းထားသည်)

[၁] ခွဲခြမ်း-ဝေဖန်-၍-ပြော-ဟော-ပြောဆို-လေ့ရှိ-တတ်-သော

  • (က) မြတ်စွာဘုရား။ [၂]
  • (ခ) ဘုရားသာဝက။ [၃] [၄]

ဝိဘဇ္ဇဝါဒီ-ဟူသောစကားသည် ဗုဒ္ဓသာသနာသမိုင်းတွင် အလွန်အရေးပါအရာ ရောက်သော စကားဖြစ်ခဲ့ပေသည်။ ချဲ့ဦးအံ့-ပါဋလိပုတ်ပြည် အသောကမင်းကြီး၏လက်ထက် (ဘီ၊ စီ ၃၂၆-ခန့်)၌ တိတ္ထိတို့၏ ဘောင်၌ စားဝတ်နေရေးခက်ခဲသဖြင့် ဗုဒ္ဓဘာသာ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး တိတ္ထိတို့၏ မိစ္ဆာအယူဝါဒကိုပင် မြတ်စွာဘုရား၏ “ဓမ္မ, ဝိနယ” ဖြစ်လေဟန် ပြောဟောကြသဖြင့် သာသနာတော်၌ အုတ်အရောရော ကျောက်အရောရော ဖြစ်၍ မသန့် မရှင်းဖြစ်နေရာ အသောကမင်းကြီးသည် သာသနာတော် သန့်ရှင်း စင်ကြယ်စေရန် တိုင်းပြည်အတွင်းရှိ အယူဝါဒအမျိုးမျိုးရှိသော ရဟန်းအားလုံးကို ပင့်ဖိတ်၍ ရဟန်းကောင်း ရဟန်းစစ် ရွေးချယ်ပွဲကြီး ပြုလုပ်ခဲ့သည်။

ပြုလုပ်ပုံမှာ— အသောကမင်းကြီးက တင်းတိမ်ကန့်လန့်ကာ၏ အတွင်း၌နေလျက် အသီးအသီးသော ဂိုဏ်းသံဃာကို အုပ်စုလိုက် အုပ်စုလိုက် ပင့်ဖိတ်၍ “ကိံဝါဒီ သမ္မာသမ္ဗုဒ္ဓေါ-မြတ်စွာဘုရားသည် အဘယ် အယူရှိပါသနည်း” ဟု မေး၏။ ထိုအခါ သဿတဝါဒီ ပုဂ္ဂိုလ်တို့က “သဿတဝါဒီ သမ္မာသမ္ဗုဒ္ဓေါ-မြတ်စွာဘုရားသည် သဿတ အယူရှိ၏” ဟု ဖြေကြား၍။ ဧကစ္စသဿတဝါဒီပုဂ္ဂိုလ်တို့က “ဧကစ္စ သဿတဝါဒီ သမ္မာသမ္ဗုဒ္ဓေါ-မြတ်စွာဘုရားသည် ဧကစ္စသဿတ အယူရှိ၏” ဟု ဖြေ ကြားကုန်၏။ အန္တာနန္တဝါဒီ ပုဂ္ဂိုလ်တို့က “အန္တာနန္တဝါဒီ သမ္မာသမ္ဗုဒ္ဓေါ-မြတ်စွာဘုရားသည် အန္တာနန္တ အယူရှိ၏” ဟု ဖြေကြား၍၊ အမရာဝိက္ခေပဝါဒီ ပုဂ္ဂိုလ်တို့က အမရာဝိက္ခေပဝါဒီ သမ္မာသမ္ဗုဒ္ဓေါ-မြတ်စွာဘုရားသည် အမရာဝိက္ခေပ အယူရှိ၏ ဟုဖြေကြားကုန်၏။ ထို့အတူ အဓိစ္စသမုပ္ပန္နဝါဒီ, သညီဝါဒီ အစရှိသော ပုဂ္ဂိုလ်တို့ကလည်း မိမိတို့အယူ ဝါဒအားလျော်စွာ ဖြေကြားကြကုန်၏။

ဤ ဖြေကြားသမျှသော ပုဂ္ဂိုလ်အားလုံး ရဟန်းမဟုတ် တိတ္ထိတို့သာတည်း” ဟု သိသဖြင့် ထိုပုဂ္ဂိုလ်တို့အား အဝတ်ဖြူ ပေး၍ လူထွက် (လူဝတ်လဲ) စေကုန်၏။ လူထွက် (လူဝတ်လဲ) ရသော ရဟန်းအရေအတွက်ကား ၆-သောင်းရှိ၏။ ထို့နောက် ကျန်ရှိသော ရဟန်းတို့ကို မေးမြန်းသောအခါ၌ “ဝိဘဇ္ဇဝါဒီ သမ္မာသမ္ဗုဒ္ဓေါ-မြတ်စွာဘုရားသည် ဝိဘဇ္ဇ အယူရှိ၏ " ဟု ဖြေကြား ကုန်၏။ ထိုအခါ အသောကမင်းကြီးက မောဂ္ဂလိပုတ္တတိဿထေရ်ကို မြတ်စွာဘုရားသည် ဝိဘဇ္ဇဝါဒီ ဟုတ်, မဟုတ် မေးမြန်း လျှောက်ထားရာ ဟုတ်မှန်ကြောင်း သိရသဖြင့် ယခင်က သာသနာမသန့်ရှင်း မစင်ကြယ်၍ ၇-နှစ်ကြာမျှ မပြုဘဲရပ်ဆိုင်းထား ခဲ့ရသော သံဃဥပုသ်ကံကို ယခုအခါ သာသနာသန့်ရှင်း စင်ကြယ်ပြီဖြစ်၍ ဆက်လက် ပြုတော်မူကြရန် လျှောက်ထားလေ၏။ ဝိ၊ဋ္ဌ၊၁၊၄၅။)[၄]

ကာလမသုတ်[ပြင်ဆင်ရန်]

အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ (ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ) ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များ နှင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသဘောတရားများ မှာသဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်းအကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောလက်တွေ့သဘာဝကျ သည့်အမှန်တရားပညာအဖြစ်ယနေ့ထက်တိုင် ဝိဇ္ဇာနှင့်သိပ္ပံပညာ (ARTS & SCIENCE) တို့၏ ရှေ့ဆောင် ဦးဆောင်အနေအထားတွင်ရှိသည်။ ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်ဆန်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဝိဘဇ္စဝါဒ လည်း ဖြစ်သည်။

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝိဘဇ္ဇဝါဒီ (တိ) [ဝိဘဇ္ဇ+ဝဒ+ဏီ။ ထီ-၌ ဝိဘဇ္ဇဝါဒိနီ။ (ပု) ဝိဘဇံဝါဒိန်-သံ။]
  2. (က) အထညေ ဘိက္ခူ ပက္ကောသာပေတွာ ပုစ္ဆိ “ကိံဝါဒီ ဘန္တေ သမ္မာသမ္ဗုဒ္ဓေါ” တိ။ ဝိဘဇ္ဇဝါဒီ မဟာရာဇာတိ။ ဝိ၊ဋ္ဌ၊၁၊၄၅။ အဘိ၊ဋ္ဌ၊၃၊၁၁၀။ ဝိဘဇိတွာ ဝဒတီတိ ဝိဘဇ္ဇဝါဒီ။ ဝဇိရ၊၂၇-၈။ ဝိဘဇ္ဇ ဝဒတီတိ ဝိဘဇ္ဇဝါဒီ။ သာရတ္ထ၊၁၊၁၄၈။ ဝိဘဇ္ဇိတွာ ဝါဒေါ ဧတဿာတိ ဝိဘဇ္ဇဝါဒီ ဘဂဝါ။ ဝိမတိ၊၁၊၃၂။
  3. (ခ) ဝိဘဇ္ဇဝါဒိမဏ္ဍလ-ကြည့်။
  4. ၄.၀ ၄.၁ တိပိဋကအဘိဓာန် အတွဲ-၁၉