ဝိန်းရွန်နီ
| ဝိန်းရွန်နီ | ||
| ကိုယ်ရေးအချက်အလက်များ | ||
|---|---|---|
| အမည်အပြည့်အစုံ | ဝိန်းမာ့က်ခ် ရွန်နီ | |
| မွေးသက္ကရာဇ် | အောက်တိုဘာ ၂၄ရက်၊ ၁၉၈၅ | |
| မွေးရပ်ဇာတိ | ခရော့စ်တက်၊ လီဗာပူး, အင်္ဂလန်နိုင်ငံ | |
| အရပ်အမြင့် | ၁.၇၈ မီတာ (၅ ပေ ၁၀ လက်မ) | |
| ကစားသည့်နေရာ | ရှေ့တန်း ကစားသမား | |
| ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | ||
| လက်ရှိကလပ် | မန်ချက်စတာ ယူနိုက်တက် | |
| အင်္ကျီနံပါတ် | ၁၀ | |
| လူငယ်ဘဝကလပ်များ | ||
| ၁၉၉၆–၂၀၀၂ | အီဗာတန် | |
| ကြေးစားကလပ်များ1 | ||
| ခုနှစ် | ကလပ် | App (Gls)* |
| ၂၀၀၂-၂၀၀၄ ၂၀၀၄ - |
အီဗာတန် မန်ချက်စတာ ယူနိုက်တက် |
|
| နိုင်ငံကိုယ်စားပြုအသင်း | ||
| ၂၀၀၂ ၂၀၀၃ |
အင်္ဂလန် ၁၉ နှစ်အောက် အင်္ဂလန် |
|
|
1 Senior club appearances and goals |
||
ဝိန်းမာ့က်ခ်ရွန်နီ (၁၉၈၅ အောက်တိုဘာ ၂၄ မွေး) သည် အင်္ဂလိပ် ဘောလုံးသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက် နှင့် အင်္ဂလန် ဘောလုံးအသင်းတို့တွင် ရှေ့တန်းတိုက်စစ်မှူး အဖြစ် ကစားသူ ဖြစ်သည်။ သူသည် လူကြီးအသင်းတွင် ၂၀၀၃ ခုနှစ်မှ စ၍ နိုင်ငံတကာအဆင့်၌ စတင် ကစားခဲ့သည်။ သူသည် ယူအီးအက်ဖ်အေ ယူရို ၂၀၀၄ တွင် ကစားခဲ့ပြီး ၄ ဂိုးမျှ သွင်းခဲ့သည်။ ထိုပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးသွင်းသူလည်း ဖြစ်လာခဲ့သည်။ သူသည် အင်္ဂလန်ဘောလုံးအသင်း အတွက် မကြာခဏ ရွေးချယ်ခံရလေ့ ရှိပြီ: ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားတွင် ပါဝင် ကစားခွင့် ရရှိခဲ့သည်။ ရွန်နီသည် အင်္ဂလန်နိုင်ငံ၏ အကောင်းဆုံး ဘောလုံးသမား ဆုကို ၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်တို့တွင် ရရှိခဲ့သည်။ ၂၀၁၁ မတ်လတွင် သူသည် နိုင်ငံတကာဖလား ၇၀ ခု ကို ရရှိခဲ့ဖူးပြီး နိုင်ငံတကာ ပြိုင်ပွဲများတွင် ဂိုးပေါင်း ၂၆ ဂိုးမျှ သွင်းခဲ့ပြီးဖြစ်သည်။